Myanmar

Wednesday, June 10, 2015

ဘယ်တိုင်းဘယ်ဌာနေရောက်ရောက် မြန်မာဟာမြန်မာပါဘဲ ဒါဟာ..ရိုးရာမပျက်တဲ့ဒို့ယဉ်ကျေးမှု ရှက်စရာမဟုတ်ဘူး ဂုဏ်ယူရမှာ ဒို့တွေပုဆိုးနဲ့တိုက်ပုံဝတ်လို့ ကတီပါဖိနပ်စီးနေသ၍ ကမ္ဘာ့အလည်မှာ ဇာတိသွေး ဇာတိမာန် မျိုးချစ်စိတ်ဓာတ်ရှင်သန်နေအုန်းမှာဘဲ ဒို့လူမျိုးကိုအထင်အမြင်သေးပြီး အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးခံရမှန်းမသိ ကိုယ်ပိုင်ယဉ်ကျေးမှုရယ်လို့ ပြစရာမရှိတဲ့ တိုင်း သူပြည်သားတွေကသာရှက်စရာပါ ဒို့တွေမှာလမ်းဘေး ရေအိုးစဉ်အချိန်မရွေး ခက်သောက်နေနိုင်သ၍ ဘယ်ဘုန်းကြီး ကျောင်းမဆိုတက်စားပြီး တည်းခိုလို့ရနေသ၍ ဒို့လူမျိုးတွေ ငပိစားနေသ၍ ဒို့မိဘဘိုးဘွားတွေကို ကျေးဇူးပြန်ဆပ်ပြီး ပြန်လည်အလုပ်အကျွေးပြုကြတဲ့ ချစ်စရာ့မြန်မာ့ ဓလေ့စရိုက်လေးတွေရှင်သန်နေသ၍ ထေရဝါဒ ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားနေသ၍ အိုးစည်ဒိုးပက်သံတွေ မရပ်သွားသ၍ ဆရာကိုဆရာမှန်း သိနေသ၍ ဒို့တွေရဲ့ရှေးဟောင်းအမွေ အနှစ်တွေ မပျက်စီးမယို ယွင်းသ၍ ပရိယတ္တိ ပတိပတ္တိသာသနာ ထွန်းကားနေသ၍ ကောက်ညှင်းပေါင်းနဲ့ မုန့်ဟင်းခါးအစရှိသော မြန်မာ့ရိုးရာ အစားအစာတွေ မကွယ်ပျောက်သွားသ၍ (၁၂)လရာသီ ရိုးရာပွဲတော်ကြီးတွေ ရှိနေသ၍ မုန့်လုံးရေပေါ် သင်္ကြန်ထမင်း သာကူအုန်းနို့ အစရှိတဲ့ စတုဒီသာ နိဗ္ဗန်ဈေးတွေ ရှိနေသ၍ ဂျိုးသိန်း သုခိတာ မြင်းပျံဆေးပေါလိပ်ခဲပြီး ရေနွေးကြမ်းကိုလက်ဖက်နဲ့ မြည်းကာ အချို ထန်းလျှက် ကာရံထားနိုင်သ၍တော့စင်ပေါ်ကပါဘဲ ဒီလိုမြောက်များစွာသော ယဉ်ကျေးမှု အမွေအနှစ်တွေကို နှစ်ပေါင်းထောင်ချီ ထိမ်းသိမ်းနိုင်ခဲ့တဲ့ သာဂီမျိုးတွေမို့ ကမ္ဘာ့အလည်မှာ မြန်မာ ဟေ့.....လို့ ခေါင်းမော့ရင်ကော့ပြီး ဂုယ်ယူပြလိုက်စမ်းပါ ရွှေမြန်မာရယ်...

No comments:

Post a Comment