Myanmar

Tuesday, January 31, 2017

>>>ကမ္ဘာ အနီးမှ ဂြိုဟ်ပဲ့တစ်လုံး ဖြတ်သန်းသွားခဲ့..<<<

>>>ကမ္ဘာ အနီးမှ ဂြိုဟ်ပဲ့တစ်လုံး ဖြတ်သန်းသွားခဲ့..<<<

၂၀၁၇ ခုနှစ်မှ လောလောလတ်လတ် ရှာဖွေတွေ့ရှိခဲ့တဲ့ 2017 BH30 အမည်ရှိ ဂြိုဟ်ပဲ့တစ်လုံးဟာ ဇန်နဝါရီလ ၃၀ ရက်နေ့က ကမ္ဘာ အနီးမှ ကပ်ပြီး ဖြတ်သန်းသွားပါတယ်..။ သူ့ရဲ့ အရွယ်အစားဟာ ၄.၆ မီတာ နှင့် ၁၀ မီတာ အတွင်းဖြစ်တဲ့အတွက် မော်တော်ကား တစ်စီးစာလောက် ကြီးမားပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခွဲ (မြန်မာစံတော်ချိန်) လောက်မှာ ဖြတ်သန်းသွားတာဖြစ်ပါတယ်။ အကွာအဝေးအားဖြင့် ကမ္ဘာ မှ မိုင် ၄သောင်းကျော်သာ ကွာဝေးပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၆ ရက်နောက်ပိုင်းမှာ အနီးဆုံးဖြတ်သန်းသွားခဲ့တဲ့ ဂြိုဟ်ပဲ့တစ်လုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

နေအဖွဲ့အစည်းအတွင်းက အင်္ဂါဂြိုဟ် (မားစ်) နဲ့ ကြာသပတေးဂြိုဟ် (ဂျူပီတာ) တို့ အကြားမှာ ဂြိုဟ်သိမ် ဂြိုဟ်ပဲ့များဟာ ခါးပါတ်ကွင်းတစ်ခုလို နေ ကို လှည့်ပတ်လျက်ရှိကြပြီး.. တခါတရံမှ နေရှိရာဘက်သို့ လွင့်ထွက်လာတတ်ကြပါတယ်..။ အဲ့ဒီ့လမ်းကြောင်းမှာ ကမ္ဘာ ရှိနေတဲ့အတွက် မကြာခဏဆိုသလို ကမ္ဘာ အပါအဝင် အတွင်းဂြိုဟ်များနဲ့ တိုက်မိခြင်း (သို့) နီးကပ်စွာဖြတ်သန်းသွားခြင်းတို့ ကြုံတွေ့ရပါတယ်။ ကမ္ဘာ ပေါ်ကိုလည်း မကြာခဏ ကျရောက်တတ်ပါတယ်။

အခုတွေ့ရှိခဲ့တဲ့ 2017 BH30 ဂြိုဟ်ပဲ့ကတော့ ၄င်းခါးပတ်ကွင်းထဲမှ အပိုလို အုပ်စု (Apollo group) အတွင်းက လာတဲ့ ဂြိုဟ်ပဲ့ဖြစ်ပါတယ်။ သူ့ရဲ့ အရှိန်ကတော့ တစ်စကန့်ကို ၁၅.၄၆ ကီလိုမီတာ နှုန်းနဲ့ ရွေ့လျားသွားခဲ့တာပဲ ဖြစ်ပါတော့တယ်..။

အနာဂတ် လူငယ်များအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:

Post a Comment