စမတ်ဖုန်းဈေးကွက်က တဖြည်းဖြည်း ကျယ်ပြန့်သထက် ကျယ်ပြန့်လာလျက်ရှိသလို စမတ်ဖုန်းကုမ္ပဏီတွေအကြား ပြိုင်ဆိုင်မှုကလည်း အလွန်ပြင်းထန်လျက်ရှိပါတယ်။ စမတ်ဖုန်းကုမ္ပဏီတွေအကြား ပြိုင်ဆိုင်မှု ပြင်းထန်လာတာနဲ့အမျှ ကုမ္ပဏီတွေဟာ သူတို့ရဲ့စမတ်ဖုန်းတွေမှာ အကောင်းဆုံး၊ အမွန်ဆုံးအရာတွေကို ထည့်သွင်းပြီး သုံးစွဲသူတွေကို ဆွဲဆောင်လျက်ရှိပါတယ်။
မိုဘိုင်းဖုန်းအသုံးတွင်ကျယ်လာတဲ့ နှစ် ၂၀ တာကာလအတွင်းမှာ အကြီးအကျယ် အောင်မြင်မှု ရရှိနေတဲ့ စမတ်ဖုန်းတွေ ရှိနေပါတယ်။ အခု inmya.com က ပြီးခဲ့တဲ့ နှစ်၂၀ အတွင်း နှစ်အလိုက် အရောင်းရဆုံး ဖုန်းတွေအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူခဲ့တဲ့ ဖုန်းတွေကို တင်ပြသွားပါမယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ တာကာလကို ကြည့်လိုက်ရင် အခုအချိန်မှာ စမတ်ဖုန်း ဈေးကွက်သို့ Android ဗားရှင်းနဲ့ ၀င်ရောက်ဖို့ စီစဉ်နေတဲ့ Nokia က ကြီးစိုးခဲ့တာကို တွေ့ရပါတယ်။
၁၉၉၆ - Motorola StarTAC ဖြစ်ပါတယ်။ ခေါက်ဖုန်းသမိုင်းမှာ ပထမဆုံးခေါက်ဖုန်းစာရင်းဝင် Motorola StarTAC ဟာ အလုံးရေ သန်း ၆၀ အထိ ရောင်းချခဲ့ရပါတယ်။
၁၉၉၈ - Nokia 5110 က ခေါက်ဖုန်းမဟုတ်ပေမယ့်လည်း ဖုန်းသမိုင်းမှာ အရောင်းရဆုံး ဖုန်းစာရင်းဝင် ဖြစ်ခဲ့ပါတယ်။ Nokia 5110 ဟာ အလုံးရေ သန်း ၁၆၀ အထိ ရောင်းချခဲ့ရပါတယ်။
၁၉၉၉ - Nokia 3210 ဖြစ်ပါတယ်။ Nokia 3210 ဟာ အင်တင်နာမပါတဲ့ ပထမဆုံးဖုန်းတွေထဲက တစ်လုံးဖြစ်ပါတယ်။ Nokia 3210 ဟာလည်း သန်း ၁၆၀ အထိ ရောင်းချခဲ့ရကြောင်း သိရပါတယ်။
၂၀၀၀ - Sleeker Nokia 3310 ဟာ အလုံးရေ ၁၂၆ သန်းအထိ ရောင်းချခဲ့ရပါတယ်။
၂၀၀၃ - ဈေးနှုန်းနည်းပါးတဲ့ ခေါက်ဖုန်း Nokia 1100 ဟာ အလုံးရေ သန်း ၂၅၀ အထိ ရောင်းချခဲ့ရပါတယ်။ ဒီဖုန်းက မိုဘိုင်းဖုန်းသမိုင်းမှာ ရောင်းအားအကောင်းဆုံးဖုန်းအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။
၂၀၀၄ - Nokia ရဲ့ 2600 ဟာ အသုံးပြုနိုင်တဲ့ စနစ်တွေထည့်သွင်းထားတဲ့ ပထမဆုံးဖုန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီဖုန်းဟာ အလုံးရေ ၁၃၅ သန်းကျော် ရောင်းချခဲ့ရပါတယ်။
၂၀၀၅ - Nokia 1100ဟာ နိုင်ငံတော်တော်များများမှာ အလွန်ရေပန်းစား လူကြိုက်များခဲ့တဲ့ ဖုန်းဖြစ်ပါတယ်။ အလုံးရေ သန်း ၂၅၀ အထိ ရောင်းချခဲ့ရပါတယ်။
၂၀၀၆ - Ultrabasic စီးရီးဝင် Nokia 1600 ဟာ အလုံးရေ သန်း ၁၃၀ ကျော်အထိ ရောင်းခဲ့ရပါတယ်။
၂၀၀၇ - ၃၆၀ နာရီအထိ စတင်းဘိုင်ထားနိုင်တဲ့ ဘက်ထရီပါဝင်တဲ့ Nokia 1200 ဟာ အလုံးရေ သန်း ၁၅၀ ကျော် ရောင်းချခဲ့ရပါတယ်။
၂၀၀၈ - Nokia တစ်ခေတ်ကုန်ပြီး Apple တစ်ခေတ်ရေးထိုးတဲ့ ကာလဖြစ်ပါတယ်။ Apple ရဲ့ ဒုတိယမျိုးဆက် iPhone 3G ဟာ အလုံးရေ ၁၂ သန်းကျော် ရောင်းချခဲ့ရပါတယ်။
၂၀၀၉ - iPhone 3GS ဟာ အလုံးရေ ၃၅ သန်းအထိ ရောင်းချခဲ့ရပါတယ်။
၂၀၁၀ - Nokia ပြန်လည်ခေါင်းထောင်ခဲ့ပါသေးတယ်။ Nokia 5230 ဟာ အလုံးရေ သန်း ၁၅၀ ရောင်းချခဲ့ရပါတယ်။
၂၀၁၁ - Apple ရဲ့ iPhone 4s ဟာ ဘက်ထရီ ပြဿနာကြောင့် အပြင်းအထန်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အလုံးရေ ၈၃ သန်းအထိ ရောင်းချခဲ့ရပါတယ်။
၂၀၁၂ - မျက်နှာပြင် ၄.၈ လက်မသုံးထားတဲ့အပြင် Quad-croe အထိ လျှင်မြန်မှုရှိတဲ့ Samsung ရဲ့ Galaxy Sll နှင့် Slll တို့ဟာ အလုံးရေ သန်း ၄၀ ရောင်းချခဲ့ရပါတယ်။
၂၀၁၃ - Samsung ဟာ ဆက်လက် အောင်မြင်မှု သရဖူ ဆက်ဆောင်းခဲ့ပါတယ်။ Samsung S4 ဟာ အလုံးရေ သန်း ၄၀ ရောင်းချခဲ့ရပါတယ်။
၂၀၁၄ - Apple ရဲ့ iPhone 6 နှင့် 6 Plus တို့ဟာ နာရီ ၃၄၀၀၀ အတွင်းမှာပဲ အလုံးရေ ၇၄.၅ အထိ ရောင်းချခဲ့ရပါတယ်။
၂၀၁၅ - Apple ရဲ့ iPhone 6s က ရောင်းအား အကောင်းဆုံးဖုန်းအဖြစ် ရပ်တည်ခဲ့ပြီး အလုံးရေ သန်း ၁၅၀ ကျော်အထိ ရောင်းချခဲ့ရပါတယ်။ သူ့ရဲ့နောက်မှာ Samsung Galaxy S6 က ကပ်လိုက်နေပါတယ်။