Myanmar

Sunday, December 25, 2016

ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အရောင်းရဆုံးဖုန်းများ


စမတ်ဖုန်းဈေးကွက်က တဖြည်းဖြည်း ကျယ်ပြန့်သထက် ကျယ်ပြန့်လာလျက်ရှိသလို စမတ်ဖုန်းကုမ္ပဏီတွေအကြား ပြိုင်ဆိုင်မှုကလည်း အလွန်ပြင်းထန်လျက်ရှိပါတယ်။ စမတ်ဖုန်းကုမ္ပဏီတွေအကြား ပြိုင်ဆိုင်မှု ပြင်းထန်လာတာနဲ့အမျှ ကုမ္ပဏီတွေဟာ သူတို့ရဲ့စမတ်ဖုန်းတွေမှာ အကောင်းဆုံး၊ အမွန်ဆုံးအရာတွေကို ထည့်သွင်းပြီး သုံးစွဲသူတွေကို ဆွဲဆောင်လျက်ရှိပါတယ်။
မိုဘိုင်းဖုန်းအသုံးတွင်ကျယ်လာတဲ့ နှစ် ၂၀ တာကာလအတွင်းမှာ အကြီးအကျယ် အောင်မြင်မှု ရရှိနေတဲ့ စမတ်ဖုန်းတွေ ရှိနေပါတယ်။ အခု inmya.com က  ပြီးခဲ့တဲ့  နှစ်၂၀ အတွင်း နှစ်အလိုက် အရောင်းရဆုံး ဖုန်းတွေအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူခဲ့တဲ့ ဖုန်းတွေကို တင်ပြသွားပါမယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ တာကာလကို ကြည့်လိုက်ရင် အခုအချိန်မှာ စမတ်ဖုန်း ဈေးကွက်သို့ Android ဗားရှင်းနဲ့ ၀င်ရောက်ဖို့ စီစဉ်နေတဲ့ Nokia က ကြီးစိုးခဲ့တာကို တွေ့ရပါတယ်။
၁၉၉၆ - Motorola StarTAC ဖြစ်ပါတယ်။ ခေါက်ဖုန်းသမိုင်းမှာ ပထမဆုံးခေါက်ဖုန်းစာရင်းဝင် Motorola StarTAC ဟာ အလုံးရေ သန်း ၆၀ အထိ ရောင်းချခဲ့ရပါတယ်။
၁၉၉၈ - Nokia 5110 က ခေါက်ဖုန်းမဟုတ်ပေမယ့်လည်း ဖုန်းသမိုင်းမှာ အရောင်းရဆုံး ဖုန်းစာရင်းဝင် ဖြစ်ခဲ့ပါတယ်။ Nokia 5110 ဟာ အလုံးရေ သန်း ၁၆၀ အထိ ရောင်းချခဲ့ရပါတယ်။
၁၉၉၉ - Nokia 3210 ဖြစ်ပါတယ်။ Nokia 3210 ဟာ အင်တင်နာမပါတဲ့ ပထမဆုံးဖုန်းတွေထဲက တစ်လုံးဖြစ်ပါတယ်။ Nokia 3210 ဟာလည်း သန်း ၁၆၀ အထိ ရောင်းချခဲ့ရကြောင်း သိရပါတယ်။
၂၀၀၀ - Sleeker Nokia 3310 ဟာ အလုံးရေ ၁၂၆ သန်းအထိ ရောင်းချခဲ့ရပါတယ်။
၂၀၀၃ - ဈေးနှုန်းနည်းပါးတဲ့ ခေါက်ဖုန်း Nokia 1100 ဟာ အလုံးရေ သန်း ၂၅၀ အထိ ရောင်းချခဲ့ရပါတယ်။ ဒီဖုန်းက မိုဘိုင်းဖုန်းသမိုင်းမှာ ရောင်းအားအကောင်းဆုံးဖုန်းအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။
၂၀၀၄ - Nokia ရဲ့ 2600 ဟာ အသုံးပြုနိုင်တဲ့ စနစ်တွေထည့်သွင်းထားတဲ့ ပထမဆုံးဖုန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီဖုန်းဟာ အလုံးရေ ၁၃၅ သန်းကျော် ရောင်းချခဲ့ရပါတယ်။
၂၀၀၅ - Nokia 1100ဟာ နိုင်ငံတော်တော်များများမှာ အလွန်ရေပန်းစား လူကြိုက်များခဲ့တဲ့ ဖုန်းဖြစ်ပါတယ်။ အလုံးရေ သန်း ၂၅၀ အထိ ရောင်းချခဲ့ရပါတယ်။
၂၀၀၆ - Ultrabasic စီးရီးဝင် Nokia 1600 ဟာ အလုံးရေ သန်း ၁၃၀ ကျော်အထိ ရောင်းခဲ့ရပါတယ်။
၂၀၀၇ - ၃၆၀ နာရီအထိ စတင်းဘိုင်ထားနိုင်တဲ့ ဘက်ထရီပါဝင်တဲ့ Nokia 1200 ဟာ အလုံးရေ သန်း ၁၅၀ ကျော် ရောင်းချခဲ့ရပါတယ်။
၂၀၀၈ - Nokia တစ်ခေတ်ကုန်ပြီး Apple တစ်ခေတ်ရေးထိုးတဲ့ ကာလဖြစ်ပါတယ်။ Apple ရဲ့ ဒုတိယမျိုးဆက်  iPhone 3G ဟာ အလုံးရေ ၁၂ သန်းကျော် ရောင်းချခဲ့ရပါတယ်။
၂၀၀၉ - iPhone 3GS ဟာ အလုံးရေ ၃၅ သန်းအထိ ရောင်းချခဲ့ရပါတယ်။
၂၀၁၀ - Nokia ပြန်လည်ခေါင်းထောင်ခဲ့ပါသေးတယ်။ Nokia 5230 ဟာ အလုံးရေ သန်း ၁၅၀ ရောင်းချခဲ့ရပါတယ်။
၂၀၁၁ - Apple ရဲ့ iPhone 4s ဟာ ဘက်ထရီ ပြဿနာကြောင့် အပြင်းအထန်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အလုံးရေ ၈၃ သန်းအထိ ရောင်းချခဲ့ရပါတယ်။
၂၀၁၂ - မျက်နှာပြင် ၄.၈ လက်မသုံးထားတဲ့အပြင် Quad-croe အထိ လျှင်မြန်မှုရှိတဲ့ Samsung ရဲ့ Galaxy Sll နှင့် Slll တို့ဟာ အလုံးရေ သန်း ၄၀ ရောင်းချခဲ့ရပါတယ်။
၂၀၁၃ - Samsung ဟာ ဆက်လက် အောင်မြင်မှု သရဖူ ဆက်ဆောင်းခဲ့ပါတယ်။ Samsung S4 ဟာ အလုံးရေ သန်း ၄၀ ရောင်းချခဲ့ရပါတယ်။
၂၀၁၄ - Apple ရဲ့ iPhone 6 နှင့် 6 Plus တို့ဟာ နာရီ ၃၄၀၀၀ အတွင်းမှာပဲ အလုံးရေ ၇၄.၅ အထိ ရောင်းချခဲ့ရပါတယ်။
၂၀၁၅ - Apple ရဲ့ iPhone 6s က ရောင်းအား အကောင်းဆုံးဖုန်းအဖြစ် ရပ်တည်ခဲ့ပြီး အလုံးရေ သန်း ၁၅၀ ကျော်အထိ ရောင်းချခဲ့ရပါတယ်။ သူ့ရဲ့နောက်မှာ Samsung Galaxy S6 က ကပ်လိုက်နေပါတယ်။

No comments:

Post a Comment