>>>တောင်ယဉ်စွန်းချိန် (သို့) ဆောင်းယဉ်စွန်းချိန်<<<
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ မှာတော့ December solstice လို့ခေါ်တဲ့ တောင်ဝင်ရိုးစွန်းတန်းပေါ်သို့ နေရောင်ခြည် တိုက်ရိုက် ကျရောက်မှာ ဖြစ်ပါတယ်။ ဒါကို ယဉ်စွန်းချိန် လို့ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။
ကမ္ဘာ့ရဲ့ တောင်ဝင်ရိုးစွန်းအပိုင်းဟာ နေဘက်ကို တိမ်းစောင်းနေပြီး အန္တာတိတ် စက်ဝန်းကို နေရောင်ခြည်က ထွန်းညှိပေးထားမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အီကွေတာရဲ့ တောင်ဘက်ကို သွားလေလေ.. နေ့တာရှည်လေလေဖြစ်ပြီး အန္တာတိကတိုက်ကို ရောက်လျှင်တော့ ၂၄ နာရီလုံး နေ့ချည်းသက်သက် ဖြစ်နေမှာ ဖြစ်ပါတယ်။
ထို့အတူဘဲ.. အီကွေတာရဲ့ မြောက်ဘက်ခြမ်းကို ရောက်သွားလေလေ.. နေ့တာ တိုပြီး ညတာ ရှည်လာလေလေပါဘဲ..။ အာတိတ်စက်ဝိုင်းဒေသများမှာတော့ ၂၄ နာရီလုံး ည မှောင်နေမှာဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံဟာလည်း အီကွေတာရဲ့ မြောက်ဘက်ပိုင်းမှာ တည်ရှိတဲ့အတွက် နေ့တာတိုပြီး ညတာ ရှည်တာကို ကြုံတွေ့ရမှာပါ။
ဒါဟာ ကမ္ဘာ့မြောက်ခြမ်းရဲ့ ဆောင်ဥတု အစ ဖြစ်ပြီး ကမ္ဘာ့တောင်ခြမ်းရဲ့ နွေဦးရာသီ အစဘဲ ဖြစ်ပါတော့တယ်..။
အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြ၀ဠာ)
No comments:
Post a Comment