Myanmar

Thursday, June 8, 2017

MI(Xiaomi)ဖုန်းတစ်လုံး စ,ကိုင်တာနဲ့ ကြုံတွေ့ရတတ်တဲ့ ခေါင်းခဲစရာလေးများ

#MI(Xiaomi)ဖုန်းတစ်လုံး စ,ကိုင်တာနဲ့ ကြုံတွေ့ရတတ်တဲ့ ခေါင်းခဲစရာလေးများ
========================================

(1) #Software တစ်ခုခုသွင်းတော့မယ်ဆိုရင် Allow လုပ်ခိုင်းဖို့ စက္ကန့်တွေ စောင့်ဆိုင်းနေရတာ
ဖြေရှင်းရန် - Setting >> Additional Setting >> Privacy >> Unknown Sources ကိုအမှန်ခြစ်ပေးလိုက်ပါ။

(2) #Developer Option မတွေ့တာ
ဖြေရှင်းရန် - Setting >> About Phone >> MIUI Version ကို ခုနှစ်ချက်ဆက်တိုက်နှိပ်ပေးပါ။

(3)#Download Size ပြသနာတက်ပြီး မဒေါင်းပဲရပ်နေတာ
ဖြေရှင်းရန် - Download Application ကိုရှာပါ အပေါ်ဘက်ထောင့်ရှိ အစက်လေးသုံးစက်မှ တစ်ဆင့် Setting ကိုဝင်၍ Download Size Limit ကို Unlimited ထားပေးပါ။

(4)#Facebook ကနေ Message ကိုနှိပ်လိုက်ရင် Messenger တက်မလာတာ သို့မဟုတ် Messenger popup တက်မလာတာ
ဖြေရှင်းရန် - Setting >> Installed App >> Messenger >> Permission Manager >> အောက်ဆုံးက Display Popup Window ကိုအမှားလေးဖြုတ်လိုက်ပါ။

(5)#Zapya ကချိတ်လို့ရပြီး ဘယ်ကိုမှပို့လို့မရတာ
ဖြေရှင်းရန် - Security Application ကိုရှာပါ Data Usage >> Restrict Data Usage >> Zapya ကို Data ရော WLAN မှာပါ အမှန်ခြစ်ပေးလိုက်ပါ။

(6)#Ringtone ပြောင်းရန်မတွေ့တာ
ဖြေရှင်းရန် - (၁) Setting >> Sound >> Phone Ringtone>> အပြာဝိုင်းလေးနှင့် မြားလေးအောက်ဆိုက်နေသော Offline icon >> အောက်နားတွင် Browse >> ထိုမှတစ်ဆင့် ဖိုင်ထဲတွင် လိုသော Ringtone ပြောင်းပါ။
Famous and Useful MIUI Tricks for you

- Call Log ကိုဖွင့်၍ ထို Call Log တစ်ခုကို ဖိထားလျင် လုပ်ဆောင်နိုင်သော ဆောင်ရွက်ချက်များ ပါသည့် Pop up ပေါ်လာမည်။

- Message ဝင်လာပြီး မဖတ်ရသေးသည့် Message ကို ဖတ်ပြီးသားအဖြစ် သတ်မှတ်လိုပါက ထို Message ကို ဘယ်မှ ညာသို့ ဆွဲကြည့်ပါက Read ဖြစ်သွားပါလိမ့်မည်။

- Menu ခလုတ်ကိုဖိထားပါက လက်ရှိဖွင့်ထားသော App ၏ Setting တက်လာမည် ဖြစ်သည်။ ဥပမာ Call Log ကိုဖွင့်ပြီး Menu ကိုဖိထားပါက call setting တက်လာမည်။ Message ကိုဖွင့်ပြီး နှိပ်ပါက Message Setting

- ဘာ App မှဖွင့်မထားပဲ Menu ကိုနှိပ်ထားပါက Home Screen Edit mode အသင့်ဖြစ်နေသည်ကိုတွေ့ရမည်။ လက်နှစ်ချောင်းဖြင့် home screen ကို စုဆွဲလိုက်လျင်(pinch gesture) လည်း ထို mode ထဲရောက်သည်။

- လက်သုံးချောင်းဖြင့် မျက်နှာပြင်ကိုစုဆွဲလိုက်လျင် home page viewer ကိုရောက်သွားမည်ဖြစ်သည်။

- Home Screen ပေါ်ရှိ icon များတွင် Notification ဝင်ပါက 1,2,3 အစရှိသဖြင့် ပြလေ့ရှိသည် (ဥပမာ Facebook, Messenger) ထို icon ကိုနှစ်ချက်ဆက်တိုက် နှိပ်ပါက notification ကိုတိုက်ရိုက်ပြပေးသည်။

- Screen ပေါ်တွင် icon များပြန့်ကျဲနေပါက Menu ကိုနှိပ်ထားလိုက်ပါ။ ထို့နောက် ဖုန်းကို လှုပ်ခါ၍ icon များကို အလိုအလျောက် စီထားနိုင်ပါသည်။

- Lock Screen တွင် Home Button ကိုဖိထားပါက ဓာတ်မီးအဖြစ် အသုံးပြုနိုင်ပါသည်။

- Home ခလုတ်မှစ၍ ဘယ်ဘက်ကို ပွတ်ဆွဲလိုက်ပါက One Handed mode သို့ ဝင်ရောက်သွားမည်ဖြစ်သည်။

- ကင်မရာကိုဖွင့်၍ လက်ဖြင့် မျက်နှာပြင်ကို တစ်ချက်ထောက်ပါ။ ထိုအခါ ကင်မရာသင်္ကေတလေးနှင့် အဝိုင်းလေး ပေါ်လာမည်။ ထိုအဝိုင်းလေးကို လှည့်ခြင်းဖြင့် အလင်းချိန်နိုင်သလို ကင်မရာပုံလေးကိုနှိပ်၍ ဓာတ်ပုံ ရိုက်ကူးနိုင်သည်။

- Setting ထဲမှ Notification သို့ဝင်၍ Edit Carrier Name တွင် မိမိရေးလိုသော နာမည်ရေးပါ Status ဘားပေါ်ရှိ ဖုန်းလိုင်းတိုင် လေးများဘေးတွေ ထိုစာသား ပေါ်နေမည်။

- Setting ထဲမှ SIM Cards and Mobile Networks ထဲတွင် မိမိတို့ ကတ်နာမည်များ ပေးထားခြင်းဖြင့် Dial Pad တွင် ထိုနာမည်ပေါ်နေမည်။

- Setting >> Additional Settings >> Buttons ထဲသို့ဝင်၍ မိမိ နှစ်သက်ရာ ခလုတ်အလိုက် Function များရွေးချယ်နိုင်သည်။

- Home Screen Edit Mode ထဲဝင်ပါ။ ထို့နောက် မိမိ ထုတ်လိုသော app များကို လိုက်နှိပ်ပါ။ ၎င်းတို့သည် Dock ပေါ်တန်းစီ ရောက်သွားမည်ဖြစ်သည်။ ထို့နောက် pinch gesture ဖြင့် app လေးများကို Group ဖွဲ့လိုက်ပါ။ ထို Group ကို ဖိဆွဲပြီး အပေါ်ဘက်ရှိ Uninstall မှတစ်ဆင့် တစ်ပြိုင်တည်း ဖျက်ပစ်နိုင်သည်။

- Menu ခလုတ်ကိုတစ်ချက်နှိပ်လိုက်ရင် လက်ရှိ RUN နေသော app list ကိုတွေ့ရမည် ဖြစ်သည်။ ကြက်ခြေခတ်ကို နှိပ်လိုက်ရင် အားလုံး ပိတ်ပြီး ဖြစ်သွားမည်။ အကယ်၍ မပိတ်ချင်ပဲ အမြဲထားလိုသော app ရှိပါက ထို app ကိုအောက်သို့ အနည်းငယ်ဆွဲချကြည့်ပါ Lock ဖြစ်သွားမည်။ ပြန်ဖြုတ်လိုက နောက်တစ်ခေါက်ဆွဲချပါ။

- Lock Screen ကိုသင်လိုသလို ပြောင်းလဲနေအောင် Settings > Wallpaper > Choose Wallpaper > Daily Lock Screen မှတစ်ဆင့် ချိန်ယူနိုင်ပြီး လိုသလိုပြောင်းလဲနေမည်။

- Messaging ကိုဖွင့်ကာ Menu Key ကိုနှိပ်၍ Setting ထဲဝင်ပါ ။ထို့နောက် Check SMS for verification code ကို On ထားလိုက်ပါ .. OTP ကုတ်များဝင်လာလျင် copy ကူးရလွယ်အောင် စီစဉ်ပေးမည်ဖြစ်သည်။

- Notification ကိုဆွဲချ၍ Toggle များဘက်သို့ဝင်ကာ Guest mode ကိုဖွင့်ထားလိုက်ခြင်းအားဖြင့် သင့်ဖုန်းထဲက ဓာတ်ပုံတွေ မက်ဆေ့တွေ call log တွေကိုတစ်ခဏချင်း ဖျောက်နိုင်မည်ဖြစ်သည်။ Setting >> Additional Setting>> Privacy >> Privacy Protection ထဲမှာလည်း Guest mode ဖျောက်တာကို password ပေးပြီး ကာကွယ်ထားနိုင်ပါသည်။

- Camera ကိုဖွင့်ကာ Menu ကိုဖိထားပြီး Setting ထဲဝင်ပါ ထို့နောက် Scan QR code ကိုဖွင့်ထားလိုက်ပါ။ QR ကုတ်တွေကို သာမာန် ကင်မရာကနေ ဖတ်လို့ရပြီဖြစ်သည်။

- Call Log များ Message များကိုဖိထား၍ Block List ထဲတန်းထည့်နိုင်ပါသည်။

- သင့်ဖုန်းထဲက app များကို မိုဘိုင်းအင်တာနက် လုံးဝ အသုံးမပြုစေလိုပါက Security App မှတစ်ဆင့် Data >> Restrict Data Usage များကို စိတ်တိုင်းကျ ပြုလုပ်နိုင်ပါသည်။

- Volume Down or Up တစ်ခုခုကို နှိပ်လိုက်ပါက ခေါင်းလောင်း သင်္ကေတလေး ဖြင့်အသံအတိုးအကျယ် သင်္ကေတလေးပါလာမည်။ ထိုသင်္ကေတလေးကို ဖိထားလိုက်ပါက အသံများကို ချိန်ညှိသည့်နေရာတစ်ခု ပေါ်လာမည် ဖြစ်သည်။

Thursday, May 11, 2017

>>>ကဆုန်လပြည့် (သို့) Full Flower Moon<<<

>>>ကဆုန်လပြည့် (သို့) Full Flower Moon<<<

၂၀၁၇ ခုနှစ် မေလ ၁၀ ရက်နေ့ဟာ ကဆုန်လပြည့်ဖြစ်မယ့် အချိန်အခါသမယပဲ ဖြစ်ပါတယ်။ မြန်မာအခေါ်ကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ပေါ့..

ကဆုန်လဟာ ၁၂ လ ရာသီမှာ ဒုတိယမြောက်လဖြစ်ပြီး ဗြိဿရာသီနှင့်တူတယ်လို့ ဆိုပါတယ်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့ရေးကြပါတယ်။ နောက်ပိုင်းမှာ “ကု” မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင်တို့အတွက် တန်ဖိုးမဖြတ်နိုင်သော လပြည့်နေ့တစ်ရက်ဖြစ်ရခြင်းအကြောင်းကတော့.. ကဆုန်လပြည့်နေ့ဟာ..

(၁) ဂေါတမ ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့

(၂) မဟာသက္ကရာဇ် ၆၈ ခုမှာ  ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့

(၃) မဟာသက္ကရာဇ် (၁၀၃) ခု  ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့

(၄) မဟာသက္ကရာဇ် ၁၄၈ ခု  ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့

များနဲ့ တိုက်ဆိုင်နေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အတိုကောက်အားဖြင့်.."ဆု၊ ဖွား၊ ပွင့်၊ စံ" လို့ မှတ်သားကြပါတယ်။

ဒီလို လပြည့်မျိုးကို အမေရိကန် ရိုးရာအဆိုအရကတော့ Full Flower Moon လို့ခေါ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မျိုးမှာ ရာသီပန်းတွေ လှပ ဝေဆာစွာ ပွင့်လန်းကြလို့ပါဘဲ..။ ပန်းမြိုင်လယ်က လမင်းကြီးပေါ့.. တချို့ကတော့ ဒီလမင်းကြီးကို Full Corn Planting Moon ဒါမှမဟုတ Milk Moon လို့ ခေါ်ကြပြန်ပါတယ်။

အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)

>>>စေတန်ရဲ့ မျက်လုံး<<<

>>>စေတန်ရဲ့ မျက်လုံး<<<

လှပတဲ့ စနေဂြိုဟ် (ခ) စေတန်ဂြိုဟ်ကြီးမှာ တောက်ပတဲ့ ခြောက်ထောင့်ပုံ မျက်လုံးတစ်လုံး ရှိနေပါတယ်။ အဲ့ဒါကတော့.. စေတန်ဂြိုဟ်ရဲ့ မြောက်ဝင်ရိုးစွန်း တည့်တည့်မှာ ရှိနေတဲ့ ခြောက်ထောင့်ပုံ မုန်တိုင်းကြီးတစ်ခုပါပဲ..။ ဘယ်တော့မှ မျက်တောင်မခတ်တဲ့ မျက်လုံးတစ်ခုပဲပေါ့..။

စနေဂြိုဟ်ကို လှည့်ပါတ်သွားလာနေတဲ့ ကာဆီနီ အာကာသယာဉ်ဟာ သက်တမ်းကုန်ဆုံးခါနီးပြီဖြစ်လို့ စနေဂြိုဟ်ကြီးကို ဘက်ပေါင်းစုံ၊ နေရာပေါင်းစုံက အနီးကပ် ပျံသန်းပြီး ဓါတ်ပုံများကို အားရပါးရ ရိုက်ကူးလျှက်ရှိနေပါတယ်။ ပထမပုံကတော့ ဇန်နဝါရီလ ၂၂ ရက်နေ့က စနေဂြိုဟ်မှ မိုင်ပေါင်း ၅ သိန်း ၆ သောင်းအကွာကနေ ရိုက်ကူးထားတာဖြစ်ပါတယ်။ (နာဆာကတော့ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကမှ ထုတ်ပြ ခဲ့တာပါ။)

ဒီ ခြောက်ထောင့်ပုံ မုန်တိုင်းကြီးဟာ မိုင်ပေါင်း ၂ သောင်းခန့် ရှည်လျှားပြီး လေတိုက်နှုန်းဟာလည်း တစ်နာရီကို မိုင် ၂၀၀ နီးပါးရှိပါတယ်။ ထူးခြားတာကတော့ မုန်တိုင်းရဲ့ မျက်စိဟာ စနေဂြိုဟ်ရဲ့ မြောက်ဝင်ရိုးစွန်းတည့်တည့်မှာရှိနေတာဖြစ်ပြိး မုန်တိုင်းရဲ့ လည်ပတ်မှုဟာ စနေဂြိုဟ်ရဲ့ လည်ပတ်မှုနဲ့ သွားပြီး တူညီနေတာကို တွေ့ရပါတယ်။

ဒီမုန်တိုင်းကြီးကို ၁၉၈၀ ခုနှစ်က ဗိုယေဂျာ အာကာသယာဉ် ဖြတ်သန်းသွားကတည်းက သတိပြုမိခဲ့တာဖြစ်ပြီး.. ၂၀၀၄ ခုနှစ် မှာ ကာဆီနီ အာကာသယာဉ်မှ အသေးစိပ် ထပ်မံ လေ့လာပြီး ဓါတ်ပုံများ ရိုက်ကူးပေးပို့ခဲ့တာဖြစ်ပါတယ်။

နာဆာရဲ့ အမေရိကန် ဒေါ်လာ ၃.၂ ဘီလီယံ တန်ဖို့ရှိတဲ့ ကာဆီနီအာကာသယာဉ်ကတော့ ယခုအခါမှာ စေတန်ဂြိုဟ်ရဲ့ ဂြိုဟ်ပါတ်ကွင်းနဲ့ တိမ်တိုက်တွေကြားကို ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ ၂၂ ကြိမ်တိုင်တိုင် အနီးကပ်ပျံသန်းမှာဖြစ်ပြီး.. နောက်ဆုံးမှာတော့ စနေဂြိုဟ်ရဲ့ တိမ်တိုက်ထဲကို ထိုးနစ် ဝင်ရောက်သွားမှာပဲ ဖြစ်ပါတော့တယ်..။

အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)

Sunday, May 7, 2017

အမေနဲ့ကျွန်တော်

ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို

ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don’t know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။

ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’

အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို

မသိရတာလဲ။

ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။

အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$

^#&..

(တချီဆော်လိုက်တယ်…)

အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်သိတယ်မဟုတ်လား။ ပြောပြစမ်း။

ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’

အမေ။ ။ သိရင်မြန်မြန်ပြောလေ။

ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။

အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။

ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။

အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။

&*$%^@$#!%$@^%#*$^^^##$%

(တချီထပ်ဆော်ပလော်တီးလိုက်တယ်..)

အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊ကြည့်ပါဦး။အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်

လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်းရှင်းပြ။မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။

ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know,but i don’t want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။
ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ။်

နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက်၅၀ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။

သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော

သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i’m very annoy, don’t trouble me ဆိုတာဘာအဓိပ္ပါယ်လဲကွယ်။’’

ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’

အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့

ထပ်အဆော်ခံလိုက်ရတယ်။)

အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။

ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’

အမေ။ ။ ‘‘i hear nothing, repeat.’’

ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’

(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’

ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)

အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’

ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’

အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’

(ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’

ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’

အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။

အရိုက်ခံချင်နေပြန်ပြီ။’’

ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’

အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’

(ထပ်ဆော်ခံရ…)

အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော

ဘာအဓိပ္ပါယ်လဲ။’’

ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’

အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ

လက်ပါတော့မယ့်ဟန်ပြင်…)

ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’

(အမြန်ဖြေလိုက်ရတယ်။)

အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာကောင်းကောင်းလေးလုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’’

Crd

Sunday, February 12, 2017

ဗိုလ်ချုပ်အောင်ဆန်း ၁၀၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်

2017 ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့
နံနက် 7 နာရီအချိန်တွင်
နမ့်မဖြစ်ကျေးရွာ ဈေးတန်းရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
စည်းရုံးရေးတာဝန်ခံ ဒေါ်လှလှဝင်း၏
smile အပ်ချုပ်ဆိုင်၌
ဗိုလ်ချုပ်အောင်ဆန်း ၁၀၂ နှစ်ပြည့်
မွေးနေ့အထိမ်းအမှတ် ပဲပြုတ်နံပြား များကို
ဒါနပြုကျွေးမွေးခဲ့ပြီး
ဒါနပြုကျွေးမွေးခြင်းသို့
ကျေးရွာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီအလုပ်အမှုဆောင်အဖွဲ့နှင့် ပါတီဝင်များ
စုစုပေါင်း ၂၀ ဦးပါဝင်ခဲ့ပြီး
နံနက် ၈ နာရီတွင်ပြီးဆုံးခဲ့ပါသည်

#ဦးသန်းလှ
   နမ့်မဖြစ်

Tuesday, January 31, 2017

>>>ကမ္ဘာ အနီးမှ ဂြိုဟ်ပဲ့တစ်လုံး ဖြတ်သန်းသွားခဲ့..<<<

>>>ကမ္ဘာ အနီးမှ ဂြိုဟ်ပဲ့တစ်လုံး ဖြတ်သန်းသွားခဲ့..<<<

၂၀၁၇ ခုနှစ်မှ လောလောလတ်လတ် ရှာဖွေတွေ့ရှိခဲ့တဲ့ 2017 BH30 အမည်ရှိ ဂြိုဟ်ပဲ့တစ်လုံးဟာ ဇန်နဝါရီလ ၃၀ ရက်နေ့က ကမ္ဘာ အနီးမှ ကပ်ပြီး ဖြတ်သန်းသွားပါတယ်..။ သူ့ရဲ့ အရွယ်အစားဟာ ၄.၆ မီတာ နှင့် ၁၀ မီတာ အတွင်းဖြစ်တဲ့အတွက် မော်တော်ကား တစ်စီးစာလောက် ကြီးမားပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခွဲ (မြန်မာစံတော်ချိန်) လောက်မှာ ဖြတ်သန်းသွားတာဖြစ်ပါတယ်။ အကွာအဝေးအားဖြင့် ကမ္ဘာ မှ မိုင် ၄သောင်းကျော်သာ ကွာဝေးပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၆ ရက်နောက်ပိုင်းမှာ အနီးဆုံးဖြတ်သန်းသွားခဲ့တဲ့ ဂြိုဟ်ပဲ့တစ်လုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

နေအဖွဲ့အစည်းအတွင်းက အင်္ဂါဂြိုဟ် (မားစ်) နဲ့ ကြာသပတေးဂြိုဟ် (ဂျူပီတာ) တို့ အကြားမှာ ဂြိုဟ်သိမ် ဂြိုဟ်ပဲ့များဟာ ခါးပါတ်ကွင်းတစ်ခုလို နေ ကို လှည့်ပတ်လျက်ရှိကြပြီး.. တခါတရံမှ နေရှိရာဘက်သို့ လွင့်ထွက်လာတတ်ကြပါတယ်..။ အဲ့ဒီ့လမ်းကြောင်းမှာ ကမ္ဘာ ရှိနေတဲ့အတွက် မကြာခဏဆိုသလို ကမ္ဘာ အပါအဝင် အတွင်းဂြိုဟ်များနဲ့ တိုက်မိခြင်း (သို့) နီးကပ်စွာဖြတ်သန်းသွားခြင်းတို့ ကြုံတွေ့ရပါတယ်။ ကမ္ဘာ ပေါ်ကိုလည်း မကြာခဏ ကျရောက်တတ်ပါတယ်။

အခုတွေ့ရှိခဲ့တဲ့ 2017 BH30 ဂြိုဟ်ပဲ့ကတော့ ၄င်းခါးပတ်ကွင်းထဲမှ အပိုလို အုပ်စု (Apollo group) အတွင်းက လာတဲ့ ဂြိုဟ်ပဲ့ဖြစ်ပါတယ်။ သူ့ရဲ့ အရှိန်ကတော့ တစ်စကန့်ကို ၁၅.၄၆ ကီလိုမီတာ နှုန်းနဲ့ ရွေ့လျားသွားခဲ့တာပဲ ဖြစ်ပါတော့တယ်..။

အနာဂတ် လူငယ်များအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)

Friday, January 27, 2017

MPT SIM card မှတ်ပုံတင်ထားခြင်း ရှိ၊မရှိ မိုဘိုင်းဖုန်းများပေါ်မှ စစ်ဆင်းနိုင်ပြီ

MPT SIM card သုံးစွဲတဲ့သူတွေအနေနဲ့ အသစ်မိတ်ဆက်လိုက်တဲ့ ကုတ်နံပါတ်အသစ် *601# ကို ဖုန်းခေါ်ဆိုပြီး မိမိတို့ရဲ့ MPT SIM card များ မှတ်ပုံတင်ထားခြင်းရှိ၊မရှိ ကို အလွယ်တကူ စစ်ဆေးကြည့်ရှု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကုတ်နံပါတ်ကို ခေါ်ဆိုလိုက်တာနဲ့ ဖုန်းမျက်နှာပြင်ပေါ်မှာ မှတ်ပုံတင်ထားခြင်းရှိ၊မရှိ ကိုအကြောင်းပြန်တဲ့ စာတန်းပေါ်လာမှာဖြစ်ပြီး မှတ်ပုံတင်ထားခြင်းမရှိပါက MPT website ရဲ့ Self-Care စာမျက်နှာကို တိုက်ရိုက်ဝင် ရောက်ကာ မှတ်ပုံတင်နိုင်မယ့် link တစ်ခုကို MPT မှ စာတိုပေးပို့သွားမှာ ဖြစ်ပါတယ်။

အခုအစီအစဉ်ဟာ မတ်လ (၃၁) ရက်နေ့မတိုင်မီ MPT သုံးစွဲသူအားလုံး SIM card မှတ်ပုံတင် ပြီးစီးရေးအတွက် MPT-KSGM Joint Operations မှ ဆောင်ရွက်ပေးနေသော နည်းလမ်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

*601# သို့ ဖုန်းခေါ်ဆိုမှုကို MPT သုံးစွဲသူအားလုံးအသုံးပြုနိုင်မှာဖြစ်ပြီး CDMA သုံးစွဲသူတွေကတော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ MPT ရုံးတွေနဲ့ အရောင်းဆိုင်တွေမှာ မှတ်ပုံတင်ထားတဲ့ User တွေအနေနဲ့ (၁၀) ရက်ခန့်စောင့်ဆိုင်းပြီးမှ စစ်ဆေးနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။