Myanmar

Thursday, May 21, 2015

ရိုးသားမှု ? ? ?

တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင်ရှိသည်။ ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာခရီးတွင်နိုင်သောကြောင့် ကုန်သည်မှာ သူ့မြင်းကိုအလွန်မြတ်နိုးသည်။ ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားသော ဒုတိယကုန်သည်တစ်ဦးက အပြေးသန်သောထိုမြင်းကို မျက်စိကျခဲ့သည်။ တစ်နေ့တွင် ဒုတိယကုန်သည်မှာ မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လဲလှယ်ရန် စကား ကမ်းလှမ်း ခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန်ခဲ့သည်။ ကုန်သည်က ဤမြင်းအား ရှိသမျှစည်းစိမ်နှင့် လဲမည် ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘ၀အတွက် အကောင်းဆုံး အဖော်မွန်၊ မိမိ အသက်ရှင်နေသရွေ့ မြင်းအား ဘယ်အရာနှင့်မျှမလဲနိုင်ဟု ငြင်းဆိုပြန်သည်။ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန်နှစ်သက်မိသဖြင့် ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုးအကြံထုတ်လေတော့သည်။ တစ်နေ့တွင် သူသည် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်လျှက် မြင်းပိုင်ရှင်လာရာ လမ်းတစ်နေရာတွင် ဖျားနာချင်ဟန်ဆောင်ပြီး လဲနေခဲ့သည်။ မြင်းပိုင်ရှင်ကတွေ့သောအခါ မြင်းပေါ်မှ အလျင်အမြန်ဆင်းပြီး ဖျားနေသောသူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်းပကတိဖြစ်သွားပြီး မြင်းပိုင်ရှင်အား “ ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့လဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခုကျွန်တော် မြင်းပေါ်ရောက်နေပြီ... ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ” ဟု ပြောလေသည်။ မြင်းပိုင်ရှင်က “ ကောင်းပြီလေ... မြင်းကို ခင်ဗျားပိုင်သွားပါပြီ... ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော်စကားတစ်ခွန်း ပြောချင်သေးတယ်။ ဒီစကားကို ခင်ဗျား သေချာမှတ်ထားပေးပါ” “ မြင်းကို ကျွန်တော်ပိုင်ပြီပဲ... တစ်ခွန်းမကဘူး..ခင်ဗျားကြိုက်သလောက် ပြောလို့ရတယ်” “ တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျားဘယ်လိုရခဲ့သလဲလို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့..ဒီစကားကို မှတ်ထားပေးပါ” “ဘာလို့လဲ...” “ဒီမြင်းကို ဘယ်လိုရခဲ့တယ်ဆိုတဲ့အကြောင်း အမှန်ကို ခင်ဗျားပြောခဲ့ရင် နောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့လဲနေတဲ့ လူတွေကိုတွေ့ရင် ဘယ်သူကကယ်ရဲတော့မလဲဗျာ” မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသောအခါ ဒုတိယကုန်သည်မှာ တခဏမျှ ဆွံအသွားခဲ့သည်။ ထို့နောက် ရှက်ရွံ့အားနာစွာနှင့် မြင်းပေါ်မှ ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေသည်။ “ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင်လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင်တတွေ ရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ... ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ” Credit to Original Writer

ဖေ့စ်ဘွတ်ခ်ပေါ်မှာ သင်မနာလို အဖြစ်ဆုံးသူဟာ ဘယ်သူများလဲ

သင်နေ့စဉ်နေ့တိုင်း မသုံးရ မနေနိုင်ဖြစ်နေတဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာ သင်မနာလိုအဖြစ်ဆုံးသူဟာ ဘယ်သူများလဲလို့ မေးလိုက်တဲ့အခါ သင့်စိတ်ထဲ သင့်နောက်ကျောကို ဓားနဲ့ထိုးသွားတဲ့ သူငယ်ချင်းဟောင်း၊ ဒါမှမဟုတ် အားတိုင်း ရှော့ပင်းစင်တာတွေမှာ ဈေးဝယ်ထွက်နေတဲ့ မိန်းမကြီးတစ်ယောက်၊ ဒါမှမဟုတ် သင့်ကိုထားသွားတဲ့ သင့်ရည်းစားဟောင်း၊ ဒါမှမဟုတ် သူ့ရဲ့နောက်ရည်းစားအသစ် စတာတွေ သင်တွေးမိသွားနိုင်ပါတယ်။ ဒီလူတွေက သင်မနာလိုအဖြစ်ဆုံး ဖေ့စ်ဘွတ်ခ်ပေါ်က လူတွေလား။ တကယ်တော့ သင့်ရဲ့အဆိုးဆုံးရန်သူက သင်ကိုယ်တိုင်လို့ ဆိုရလောက်အောင်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုယ့်ဒုက္ခကိုယ်ရှာနေသူဟာလည်း သင်ကိုယ်တိုင်ပါပဲတဲ့။ News Feed မှာတက်လာသမျှ အားလုံးနဲ့ သင့်ကိုယ်သင် နှိုင်းယှဉ်နေမိတယ် မဟုတ်လား။ တစ်ခါတစ်လေ မင်းသမီး မင်းသားတွေနဲ့တောင် မချန်ဘူးလေ။ လေ့လာတွေ့ရှိချက်တွေအရတော့ အမျိုးသမီးတွေဟာ တစ်နေ့ကိုအနည်းဆုံး ၂နာရီနီးပါး ဖေ့စ်ဘွတ်ခ်ပေါ်မှာ အချိန်ကုန်ဆုံးကြပြီး အဲ့ဒီအထဲက ၄၀ရာခိုင်နှုန်းဟာ ဖေ့စ်ဘွတ်ခ်အပြင် အခြား instagram တို့ what'sup တို့ စတဲ့အရာတွေနဲ့ အချိန်ထပ်ကုန်ကြပြန်ရော။ အဲ့ဒီ ဖေ့စ်ဘွတ်ခ်သုံးတဲ့ အမျိုးသမီး အများစုဟာ သူတို့ကိုယ်သူတို့ ဖေ့စ်ဘွတ်ခ်မှာ မြင်ရတဲ့ အခြားသူတွေနဲ့ နှိုင်းယှဉ်လေ့ရှိတယ်လို့ သိရပါတယ်။ တစ်ခါတစ်လေ တကယ်ဖြစ်မလာသေးတာ၊ နောက်ဆယ်နှစ်လောက်မှ ဖြစ်လာမယ့်အရာတွေအတွက်လည်း ကြိုပြီစိတ်ပင်ပန်းနေကြပြန်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဖေ့စ်ဘွတ်ခ်သုံးခြင်းအားဖြင့် ကိုယ့်ကိုယ်ကို မကျေနပ်တာတွေ၊ မရောင့်ရဲနိုင်တာတွေ၊ စိတ်တိုတာ၊ စိတ်အလိုမကျတာ၊ မနာလိုဖြစ်တာတွေ များလာပြီး ဒါဟာ ဘ၀မဟုတ်ဘူးဆိုတာတောင် မေ့လာကြပါတယ်။ အရင်တုန်းက တင်ထားဖူးတဲ့ ဓာတ်ပုံတွေနဲ့ ခုကိုယ့်ပုံတွေကို ယှဉ်ပြီး ငယ်သွားတဲ့သူက ဂုဏ်ယူလာကြတယ်။ ပိုအသက်ကြီးတဲ့ပုံ ပေါက်သွားတဲ့သူတွေက စိတ်အလိုမကျဖြစ်လာတယ်။ ရင့်လာတာကို တစ်ခြားလူတွေနဲ့ယှဉ်ပြီး မကျေမနပ်ဖြစ်လာကြတယ်။ တစ်ခါတစ်လေ ကိုယ့်ထက် အသက် ၁၀နှစ်လောက် ငယ်တဲ့လူတွေနဲ့တောင် ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်လာကြတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။ တခြားသူတွေနဲ့ နှိုင်းယှဉ်တဲ့ကိစ္စပြီးရင် လွန်ခဲ့တဲ့ ဘယ်နှစ်နှစ်တုန်းက ပုံထဲမှာ ငါဘယ်လို၊ ဖက်ရှင်မကျဘူး၊ မလှသေးဘူး စသဖြင့် ကိုယ့်ဘာသာကိုယ် ပြန်နှိုင်းယှဉ်ကာ စိတ်တိုကြပြန်ရော။ အဲ့ဒီလို မဟုတ်လည်း အရင်တုန်းက ဘယ်လိုနုတာ၊ ခုဘယ်လိုဆိုတဲ့ နှိုင်းယှဉ်ချက်တွေဟာ သင့်စိတ်အခြေအနေကို ဆိုးရွားစေပါလိမ့်မယ်။ ဒါ့ကြောင့် ဖေ့စ်ဘွတ်ခ်သုံးတဲ့အခါ သင့်အတွက် အန္တရာယ်အရှိဆုံးလူဟာ သင်ကိုယ်တိုင်ဖြစ်သလို သင်မနာလို ဖြစ်တတ်ဆုံး လူဟာလည်း သင်ကိုယ်တိုင်ပါပဲတဲ့။ Credit to Trend Myanmar K.K(ကနောင်)
ဖုန်းသုံးစွဲသူများထံမှ ကုန်သွယ်ခွန် ၅% ကောက်ခံခြင်းကြောင့် ပြည်သူများ နစ်နာမှုရှိပါက ပယ်ဖျက်နိုင်ရေး လွှတ်တော်သို့ ပြန်လည်တင်ပြ သွားမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ပြောကြား ==================================== ရန်ကုန်၊ မေ ၂၀ -ဖုန်းသုံးစွဲသူများ ထံမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင် နှုန်းကောက်ခံခြင်းသည် ပြည်သူများ အတွက် အမှန်တကယ် နစ်နာမှုများ ရှိပါက ပယ်ဖျက်နိုင်ရေး လွှတ်တော် သို့ ပြန်လည် တင်ပြသွားမည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ဒီမိုကရေစီတူ ဒေး သတင်းစာ ကို ပြောကြားသည်။ လာမည့်ဇွန် ၁ ရက်မှစတင် ကာ ဖုန်းသုံးစွဲသူများအနေဖြင့် မိမိ တို့ငွေဖြည့်ကတ်မှတစ်ဆင့် ကုန်သွယ် လုပ်ငန်းခွန်များ ကို ပေးဆောင် ရတော့ မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက် အလက်နည်းပညာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးသိန်းညွန့်က ''နံပါတ်တစ် အနေနဲ့ကတော့ လူထုဆီက ငါးရာ ခိုင်နှုန်းအခွန်ကောက်ဖို့ လွှတ်တော် ကနေ ဥပဒေပြုလိုက်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့် အနေနဲ့ လေ့လာသမျှထဲမှာ အဲဒီအချက်မပါ ဘူး။ နောက်တစ်ချက် လွှတ်တော် က အခုဖုန်းဆိုတာက လူတန်းစား ရဝရာခိုင်နှုန်းကျော်က ကိုင်နေတာ လေ။ အဲဒီ ရဝရာခိုင်နှုန်းကို ထိခိုက် မယ့်၊ ဝန်ထုပ် ဝန်ပိုးဖြစ်မယ့် ကိစ္စမျိုး ကို လွှတ်တော်ကမလုပ်ဘူး။ လွှတ် တော်က ကာကွယ်ပေးရမှာပဲ။ သူတို့ အဲဒီလိုပြောလာလို့ မီဒီယာတွေ က ရေးသားချက်တွေကို သိရင်တော့ သူတို့ရဲ့ ပြောကြားချက်နဲ့ ဥပဒေက တကယ်ရှိ၊ မရှိလွှတ်တော်က ပြန်သုံး သပ်သင့်တယ်။ လွှတ်တော်ကပြန် သုံးသပ်ပြီးတော့ ကုန်သွယ်လုပ်ငန်း ခွန် ငါးရာခိုင်နှုန်းကိစ္စက ဆင်းရဲသား ပြည်သူ တွေကို ထိခိုက်နေတယ်ဆို ရင် ကျွန်တော်တို့ရဲ့ အသွင်ကူး ပြောင်းရေးက ဘယ်အဓိပ္ပာယ်ရှိမ လဲ။ အမှန်က လူထုအကျိုးရှိအောင် ကျွန်တော်တို့က လုပ်နေတာ။ အချက် အလက် အပြည့်အစုံရ လာရင် လွှတ် တော်က ဒီငါးရာခိုင်နှုန်းကိစ္စကို ပယ် ဖျက်နိုင်အောင် ကြိုးစားမယ်''ဟု ပြောသည်။ ယင်းကဲ့သို့ ကုန်သွယ်လုပ်ငန်း ခွန်ကောက်ခံခြင်းသည် ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၅ / ၂၀၁၆ ပြည်ထောင်စုအခွန်အ ကောက်ဥပဒေအရ ကုန်သွယ် ခွန်ကို ပြဋ္ဌာန်းလိုက်ကြောင်း၊ ယင်း ဥပဒေ သစ်သည် ၂၀၁၅ ခုနှစ် ဇွန် ၁ ရက် တွင် စတင်အကျုံးဝင်ပါကြောင်း၊ ယင်းတည်ဆဲဥပဒေသစ်အရ မြန်မာနိုင် ငံရှိ မိုဘိုင်းလ် ဖုန်းသုံးစွဲ သူများ အားလုံး သည် အော် ပရေတာ သုံးဦးထံမှ ဆင်းမ်ကတ်ဝယ်ယူခြင်း၊ ဖုန်းငွေဖြည့် ကတ်များအတွက် ကုန်သွယ်လုပ်ငန်း ခွန် ငါးရာ ခိုင်နှုန်းပေးဆောင် ရန် အော် ပရေတာကုမ္ပဏီများကို အကြောင်း ကြား ထားပါကြောင်း၊ ယင်း ငါးရာ ခိုင်နှုန်းသည် ပြည်ထောင်စုအစိုးရ ကိုယ်စား အော်ပရေတာ များကသုံးစွဲ သူမိဘများထံမှ ကောက်ယူခြင်းဖြစ် သည်ဟု ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာဝန်ကြီး ဌာနကဆိုသည်။ ဦးသိန်းညွန့်က ''ကျွန်တော် အ ပါအဝင် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘဏ္ဍာရေးဥပဒေတွေ၊ အခွန်ဥပဒေ တွေကို ပြန်လေ့လာပြီးတော့ အချက် အလက်နဲ့ပြန်ထောက်ရမှာပေါ့။ ဒီလို ကိစ္စမျိုးဖြစ် လာရင် နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားအတွက် လွှတ်တော်က ရပ်တည်ပေး တာဆို တော့ လွှတ်တော်ဥက္ကဋ္ဌကြီး ပြည် ထောင်စုလွှတ်တော် နာယက ကြီး သူရဦးရွှေမန်းကလဲ ပြန်လည် သုံးသပ်လိမ့်မယ်လို့ ထင်ပါတယ်'' ဟု ထပ်မံပြောသည်။ ဖုန်းသုံးစွဲသူများ အနေဖြင့် ကျပ် ၁၀၀၀ တန်ငွေဖြည့်ကတ် သုံးစွဲပါက ၄၈ ကျပ်ကို ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည်ဖြစ်ပြီး ကျန် ၉၅၂ ကျပ်ကိုသာ သုံးစွဲနိုင်မည်ဖြစ်သည်။အလားတူ ကျပ် ၅၀၀၀ တန် ငွေဖြည့် ကတ်ဝယ်ယူသုံးစွဲပါက နိုင်ငံတော်အ တွက် အခွန်ငွေ ၂၃၈ ကျပ်ပေးဆောင် ရမည်ဖြစ်ပြီး ကျန် ၄၇၆၂ ကိုသာ သုံးစွဲနိုင်မည်ဖြစ်သလို ကျပ် ၁၀၀၀၀ တန်ငွေဖြည့်ကတ် ဝယ်ယူ သုံးစွဲသူ များ အနေဖြင့် မိမိဖြည့်သွင်းလိုက် သည့်ဖုန်းဘေလ်ထဲမှ ကျပ် ၉၅၂၄ ကျပ်ကိုသာသုံးစွဲနိုင်မည်ဖြစ်ကာ ကျန် ၄၇၆ ကျပ်ကို နိုင်ငံတော် အ တွက် အခွန်ပေးဆောင်ရမည်ဖြစ် သည်။ TNO Democracytoday

Tuesday, May 19, 2015

သင်ဒါတွေသိလား 1.ပျမ်းမျှအားဖြင့် အမေရိကန်နိုင်ငံက လူတစ်ဦးတိုင်းဟာ ဘ၀သက်တမ်းတစ်ခုမှာ အစားအစာ တန်ပေါင်း ၃၅တန် စားသုံးကြပါတယ်။ 2.လူတစ်ယောက်ရဲ့ဘ၀မှာ အရေပြားဟာ အကြိမ်ပေါင်း ၉၀၀ အစားထိုး လဲလှယ်ပါတယ်။ 3.သင့်ဘ၀ သက်တမ်းတစ်လျှောက် ပျမ်းမျှအားဖြင့် တံတွေးတွေ သင့်ပါးစပ်ကနေထွက်တာဟာ ရေကူးကန်နှစ်ခုကို ဖြည့်နိုင်လောက်အောင်ကိုများပါတယ်။ 4.ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ သူ့ဘ၀တစ်လျှောက်မှာ ၃ လလောက်က အိမ်သာမှာ ထိုင်ရင်း အချိန်ကုန်ပါတယ်။ 5.ဘ၀ တစ်လျှောက်မှာ သာမန်လူတစ်ယောက်ဟာ ခြေလှမ်းပေါင်း ၁၈၃ ၇၅၅ ၆၀၀ လှမ်းပါတယ်။ 6.စစ်တမ်းကောက်ချက်အရ တွေ့ရှိရတာကတော့ အမျိုးသားများဟာ သူတို့အသက်ရှင်တဲ့ ကာလတစ်လျှောက်မှာ တစ်နှစ်နီးပါးက အမျိုးသမီးတွေကို ငမ်းကြည့်ရင်း အချိန်ကုန်ဆုံးကြပါတယ်။ 7. ပျမ်းမျှ အမေရိကန်လူမျိုးတွေဟာ သူတို့ဘ၀သက်တမ်းရဲ့ ၅ နှစ်လောက်ကို ဖုန်းပြော၊ ဖုန်းသုံးရင်း အချိန်ကုန်ကြပါတယ်။ 8.တစ်နေ့ကို သုံးနာရီနှင့်အထက်ကြာကြာထိုင်ခြင်းဟာ လူ့သက်တမ်းကို တိုစေပါတယ်။ Credit to Original Writer K.K(ကနောင်)

Tuesday, May 12, 2015

အင်အားပြင်းတိုင်ဖုန်းမုန်တိုင်းကြီးဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ဖြတ်ကျော်လူထောင်နှင့်ချီပြီးပြေးရ။

ဆူပါမုန်တိုင်းကြီးနူးဟာတနင်္ဂနွေနေ့တွင်ဖိလစ်ပိုင်နိုင်ငံကျွန်း မြောက်ပိုင်းကိုဖြတ်ကျောဝင်ရောက်မည်ဖြစ်ပြီး၊မုန်တိုင်းနှင့်အ တူမိုးသီးထန်ခြင်း၊ရေကြီးခြင်း၊တောင်ပြိုခြင်းများဖြစ်နိုင်သည် စုကြေညာထားရာထိုဒေသတ၀ိုက်ရှိလူ(၃၀၀၀)လောက်ဟာနေ အိမ်များကိုစွန့်ခွါပြီးထွက်ပြေးကြရသည်။ - မုန်တိုင်းကြီးဟာတနင်္ဂနွေနေ့ညနေပိုင်းလောက်မှာကာဂါယန်ပြည် နယ်ကိုဖြတ်ကျော်ဝင်ရောက်ပြီးဂျပန်နိုင်ငံရှိရာမြောက်ဘက်ပိုင်းသို့ ရွှေးလျားနိုင်သည်ဟုအစိုးရမိုးလေ၀ါသဌာနမှပြောကြားပါတယ်။ - အဆိုပါမုန်တိုင်းကြီးကြောင့်ပျက်စီးဆုံးရှုံးမှုလူသေဆုံးများကိုမသိရ သေးပေမဲ့လို့ထိုမုန်တိုင်းကြီးကြောင့်လူသေဆုံးမှုများရှိနိုင်မယ်လို့ ပြည်နယ်အစိုးရကတွက်ဆထားပါတယ်။ - ထိုမုန်တိုင်းရဲ့အမည်ကိုကိုးရီးဘာသာဖြင့်ဆိုလျှင် " ရဲရဲတောက် " သို့မဟုတ် " အနီရောင်မိုးကော်းကင် " လို့အဓိပါယ်ရပါတယ်။အာ ရှဒေသနှင်ပစိဖတ်ဒေသတွေမှာဖြစ်ပေါ်တတ်တဲ့မုန်တိုင်းတွေရဲ့ နာမည်ကိုသက်ဆိုင်ရာအလှည့်ကျနိုင်ငံများကပေးရပေမဲ့အခုနာ မည်ကိုတော့ကုလသမဂ္ဂရဲ့ရာသီဥတုအချက်အလက်ထိန်းသိမ်း သိမ်းရေးအဖွဲ့မှပြန်လည်ရွေးချယ်ပေးထားတဲ့နာမည်ပဲ့ဖြစ်ပါတယ်။ ကိုယ်ပိုင်အမည်စနစ်အတွက်မူထိုမုန်တိုင်းကိုဖိလစ်ပိုင်နိုင်ငံအတွက် Dodong အဖြစ်သာလူသိများပါတယ်။ - မုန်တိုင်းရွှေ့လျှားနုံးဟာဖိလစ်ပိုင်နိုင်ငံသို့မရောက်မှီအချိန်မှာ အနည်းငယ်နှေးကွေးခဲ့ပေမဲ့လို့တနာရီကို (220)ကီလိုမီတာ နုံးနှင့်တိုက်ခတ်သွားခဲ့တယ်လို့မိုးလေ၀ါသပညာရှင်ကတွေက ဆိုပါတယ်။ - တိုင်ဝမ်အာဏာပိုင်များကတော့သင်္ဘောများနှင့်လှေများကိုပြင်း ထန်တဲ့လေတိုက်နုံးနဲ့လှိုင်းကြီးနိုင်တယ်လို့သတိပေးခဲ့ပြီးတောင် ပိုင်းကျွန်းများမှနိုင်ငံခြားခရီးသွားဧည့်သည်(1000)တို့ကိုလည်းဘေး လွတ်ရာသို့ပြောင်းရွှေ့ပေးထားပြီးဖြစ်လည်းဖြစ်တယ်။ - ယခုနှစ်အတွက်ဒီမုန်တိုင်းကြီးဟာယခုနှစ်အတွက်အပြင်းထန်ဆုံး မုန်တိုင်းကြီးဖြစ်သလိုအလွန်အန္တရာယ်များတဲ့မုန်တိုင်းဖြစ်ပါတယ် ဟုဖိလစ်ပိုင်အဏ္ဏဝါရာသီဥတုဌာနခွဲအကြီးအကဲ Rene Paciente ကပြောပါတယ်။ - ကာဂါယန်ဒေသကျေးရွာများမှလူပေါင်း(1960)ဦးကိုဘေးလွတ် ရာသို့ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ဒေသဆိုင်ရာကာကွယ်ရေးဦး စီးချုပ်ကပြောပါတယ်။ထိုမုန်တိုင်းတိုက်ခတ်နေချိန်မှာကမ်းခြေ တွင်မုန်တိုင်းဒီရေ(6.5)ပေလောက်မြင့်တက်လာနိုင်တယ်လို့လည်း ဆိုထားပါတယ်။ - သတင်း၊နိုင်နိုင်

Saturday, May 9, 2015

ကမ္ဘာကျော်ပျောက်ဆုံးမှုများနှင့် ဘုရားရှင်လက်ထပ်က ပျောက်ဆုံးမှုများ

အမေရိကန်နိုင်ငံမှာ ၁၉၄၅ ခုနှစ်က ဖလော်ရီဒါ လေတပ်စခန်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ဗုံးကြဲလေယာဉ် စုစုပေါင်း အစင်း - ၂၀ ခန့် ပျောပ်ဆုံးသွားတယ်။ စုံစမ်းဖို့ လေယာဉ် - ၅ စင်း ထပ်လွတ်လိုက်တယ်။ ၅ - မိနစ်အတွင်း ထပ်ပျောက်သွားကြတယ်။ ယနေအချိန်ထိ ပေါ်မလာခဲ့ကြပေ။ ၁၉၇၀ ခုနှစ်က သံမဏိတန်ချိန် - ၂ သောင်းကျော်တင်လာတဲ့ သင်္ဘောတစ်စင်း သမုဒ္ဒရာထဲမှာ ပျောက်ဆုံးခဲ့တယ်။ အီတလီနိုင်ငံ ဘိုလော့နာမြို့မှာ ရထားတစင်းဟာ လူ - ၁၃၇ ယောက်တင်ပြီး ၁၅ - မိနစ်သာ ဖြတ်သန်းသွားရတဲ့ လှိုဏ်ခေါင်းထဲဝင်သွားတာ ပျောက်ဆုံးသွားပြီး ၄၂ - နှစ်ကြာမှ ပြန်ပေါ်လာခဲ့တယ်။ ရထားပေါ်က ပါသွားသူတွေဟာ အသက်ကြီးမသွားပဲ ရထားပေါ် လိုက်ပါသွားတဲ့အချိန်ကအရွယ်ပဲ၊ သူတို့ကိုမေးတော့လည်း ဘာမှ မေးလို့မရဘူး။ သိပ္ပံပညာရှင်တွေက time wamp တဲ့ မအို၊ မနာ၊ မသေ၊ အချိန်မဲ့သော နေရာတဲ့။ ၁၉၅၅ ခုနှစ်က အမေရိကန် ဖလော်ရီဒါက ခရီးသည်လေယာဉ်တစ်စင်းဟာ ပျံတက်ပြီး ပျောက်ဆုံးသွားခဲ့ကာ၊ ၁၉၉၀ခုနှစ်မှာ ဗင်နီဇွဲလား နိုင်ငံမှာ ပြန်ပေါ်လာခဲ့တယ်။ သူလည်း ၃၅ - နှစ်ကြာ ပျောက်ဆုံးသွားခဲ့တယ်။ သိပ္ပံပညာရှင်တွေက ခရီးသည်တွေရဲ့ ဒီအန်အေကို စစ်ကြည့်တော့ မအိုကြောင်း အတည်ပြု ထောက်ခံပေးခဲ့တယ်။ သူတို့ကိုမေးတော့ သူတို့ ဘာမှ မသိပါဘူးတဲ့။ ဒုတိယကမ္ဘာစစ်တုန်းက မြန်မာနိုင်ငံ ရခိုင် ရိုးမတောကြီးထဲမှာ မဟာမိတ်တပ်ကြီး တစ်တပ်လုံး ပျောက်သွားခဲ့တယ်။ အင်္ဂလိပ်ဝန်ကြီးချုပ် ချာချီကိုယ်တိုင် ကမ္ဘာ့စစ်ရေးမှာ မကြုံဘူးသော ထူးဆန်းသည့် အကြောင်းအရာတခုဟု မှတ်ချက်ပြုပေးခဲ့တယ်။ သူတို့လည်း ခုချိန်ထိ ပေါ်မလာကြသေးဘူး။ ဘုရားရှင်လက်ထပ်က ပျောက်ဆုံးမှုများ ဘုရားရှင်မပွင့်မီ နှစ်ပေါင်း - ၇၀၀ အလိုက ပြိတ္တာတစ်ဦးဟာ လူယောင်ဖန်ဆင်းပြီး၊ သူ့ ရဲ့မယားဟောင်းကို ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေပေးကာ မိဘတွေဆီက တောင်ယူပြီး ခေါ်သွားခဲ့တယ်။ ၇ - နှစ်လောက်ကြာတော့ မယားက ပြန်ချင်တယ်ပြောတော့ ပြိတ္တာက ပြန်ဖို့ မဖြစ်နိုင်ကြောင်း၊ လူ့အသက်နဲ့ဆို နှစ်ပေါင်း - ၇၀၀ ကြာမြင့်သွားပြီဖြစ်ကြောင်း ပြောပြတော့၊ မယုံကြည်တဲ့အတွက် အတင်းပြန်ပို့ခိုင်တယ်။ ပြိတ္တာလည်း ပြန်ပို့ တဲ့အခါမှာ သူနေခဲ့တဲ့နေရာတွေဟာ မမှတ်မိတော့ပဲ ဘုရားရှင်ပွင့်ထွန်းတဲ့ အချိန်ဖြစ်နေတော့ အမျိုးသမီးလည်း ဘုရားရှင်ကို လျှောက်ထားတော့ ထွက်သွားချိန်ဟာ နှစ်ပေါင်း - ၇၀၀ ကြာသွားတာ ဟုတ်မှန်ကြောင်းဖြေကြားပြီး၊ ပြိတ္တာဘုံနဲ့ လူဘုံရဲ့ အချိန်ကွာခြားမှုကြောင့်ဆိုတာကို ဟောကြားတော်မှုခဲ့တယ်။ အမျိုးသမီးလည်း ကြောက်လန့် တုန်လှုပ်ပြီ မိမိဝတ်ဆင်ထားသော လက်ဝတ်ရတနားများကို ရောင်းချကာ ဘုရားရှင်အား ကျောင်းဆောက်လှူတန်းလိုက်တယ်။ သေလွန်တော့ အထက်နတ်ပြည်ကို ရောက်သွားခဲ့တယ်။ နောက်တစ်ခုကတော့ ဗာရာဏသီမင်းကြီးသည် ပြိတ္တာမတွေ ဖျားယောင်းပြီး ရေထဲမျောလိုက်တဲ့ သရက်သီးကိုလိုချင်လို့ လိုက်သွားခဲ့ရာမှ ပြိတ္တာမတွေနဲ့ ပေါင်းသင်းနေထိုင်လိုက်တာ နှစ်ပေါင်း - ၁၅၀ ကြာသွားခဲ့တယ်။ နောက်တခါ ကုန်သည်တစ်ရောက်ဟာ အခြားကုန်သည်တွေနဲ့ ကုန်ကူးသွားတုန်း မယားက ပြိတ္တာအာနုဘော်နဲ့ လှေကိုတားထားပြီး မဲနှိုက်တဲ့အခါမှာ သုံးခါစလုံး သူချည်းကျတဲ့အတွက် ရေထဲကိုပစ်ချခံခဲ့ရတယ်။ ရေထဲသို့မကျမီမှာ ပြိတ္တာက ခေါ်ယူသွားပြီး ပေါင်းသင်းနေထိုင်လိုက်တာ နှစ်ပေါင်း - ၅၀ ကျော် ကြာသွားခဲ့တယ်။ မြန်မာပြည်က ဦးရှင်ကြီးဝတ္တူကလည်း အဲဒီသဘောမျိုးပါပဲ။ တကယ်တော့ ကမ္ဘာက အဖြေမထုပ်နိုင်ဘူးဆိုတာဟာ ဗုဒ္ဓဘာသာဝင် မဟုတ်တာလည်း တစ်ကြောင်း၊ နောက်တခါ ဖြစ်တဲ့အကြောင်းအရာဟာ ဘုရားရှင်တို့မှသာလျှင် ဖြေရှင်းနိုင်တဲ့ အရာဖြစ်လို့ အဖြေမထုတ်နိုင်ကြတာပါ။ ဘုရားရှင်က ကိစ္စတစ်ခုကို ယုံကြည်ဖို့ရန် အကြောင်း သုံးချက်နဲ့ ညှိရမယ်တဲ့။ ထိုအချက် သုံးချက်ကတော့ - ၁။ မျက်မြင်ကိုယ်တွေ့အားဖြင့်၎င်း၊ ၂။ ဝေဖန်ဆင်ခြင်ဉာဏ်အားဖြင့်၎င်း၊ ၃။ဘုရားရှင်တို့၏ ဟောပြောမှုကြောင့်၎င်း၊ ယုံကြည်ရမယ်တဲ့။ ဒီဖြစ်စဉ်တွေက သက်သေပြချက်မရှိဘူး။ စဉ်းစားဝေဖန်လို့လဲ မရဘူး။ ဘုရားရှင်တို့၏ ဉာဏ်တော်အရာသာ ဖြစ်တဲ့အတွက်ကြောင့်မို့ အဖြေမရှိကြတာပါ။ ဒါ့ကြောင့်လည်း အိုင်းစတိုင်းက ပြောခဲ့တာပေါ့။ သိပ္ပံပညာရှင်တွေ မဖြေရှင်းနိုင်တဲ့အရာကို ဗုဒ္ဓဘာသာက ဖြေရှင်းပေးလိမ့်မယ် တဲ့။ တကယ်တော့ ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုးပါးထဲက ‘လောကဝိဒူ’ဆိုတဲ့ ဂုဏ်တော်ဟာ လောကအကြောင်း အကုန်သိတယ်လို့ ပြောတာပါပဲဗုဒ္ဓဘာသာဝင်များလည်း မိမိတို့ဘာသာ၏ တန်ဘိုးကို နားလည်နိုင်ကြပါစေ။ ကောင်းသန့် စာပေ's fb wall
သင်မသိသေးတဲ့ Titanic သင်္ဘောအကြောင်း ၁။ Titanic ပေါ်ကဈေးအကြီးဆုံးအခန်း ဟာ ဒီခေတ်ဈေုးနဲ့ဆို တစ်ညအတွက်ဒေါ်လာတစ်သိန်းလောက်ပေးရပါတယ် ဒါဟာ ကမ္ဘာတစ်ခုတည်းသောကြယ်ခုနှစ်ပွင့် burj al arab ဟိုတယ်ကဈေးအကြီးဆုံးအခန်းခထက် သုံးဆကျော်ပိုများပါတယ် ၂။ Titanic ပေါ်ကဂီတပညာရှင်တွေဟာ အဲခေတ်ရဲ့အကျော်ကြားဆုံးနဲ့လူကြိုက်အများဆုံးသီချင်းပေါင်း ၃၇၀ ကျော်ရဲ့တီးလုံးအားလုံးကို အလွတ်ကျက်မှတ်ထားရပါတယ် ဘယ်ခရီးသည်ကမဆိုသူတို့နားထောင်ချင်တဲ့ သီးချင်းကိုတောင်းဆိုရင်ချက်ချင်းအထစ်အငေါ့မရှိတီးခတ်နိုင်ဖို့ပါ ၃။ Titanicမှာ ကိုယ်ပိုင်သတင်းစာရှိပါတယ် သင်္ဘောပေါ်ကခရီးသည်တွေအတွက်သာသီးသန့်ထုတ်ဝေတဲ့ The Atlantic Newsဆိုတဲ့သတင်းစာကို သင်္ဘောပေါ်က သတင်းစာတိုက်ကနေ သင်္ဘောပေါ်ကသတင်းများအားလုံးကိုသိရှိဖို့ နေ့စဉ်ထုတ်ဝေပေးပါတယ် ၄။ Titanic ရဲ့စတုတ္ထမြောက်ခေါင်းတိုင်ဟာ အလှသက်သက်ပဲထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ် ၅။ Titanic သင်္ဘောဟာသိပ်ကြီးတဲ့အတွက် သူ့ကိုမောင်းနှင်ဖို့လိုအပ်တဲ့ကျောက်မီးသွေးအင်ဂျင်ကိုလည်ပတ်ဖို့ အလုပ်သမား၁၇၈ယောက်အသုံးပြုခဲ့ရပါတယ် ၆။ Titanic ဟာ သမိုင်းတစ်လျောက် ယခုအချိန်ထိ ရေခဲတောင်ကြောင့်နစ်မြုပ်ခဲ့ရတဲ့ တစ်စင်းတည်းသောသင်္ဘောဖြစ်ပါတယ် ၇။ ရေခဲတောင်ကိုတွေ့တဲ့အချိန်ကနေ လမ်းကြောင်းပြောင်းဖို့အချက်ပေးတဲ့အချိန်ဟာနာရီဝက်လောက် နှောင့်နှေးခဲ့ရပါတယ် ၈။ Titanicသင်္ဘောတစ်စင်းလုံးနစ်မြုပ်သွားဖို့ ၂နာရီနဲ့မိနစ်လေးဆယ်ကြာခဲ့ပါတယ် ၉။ သင်္ဘောနောက်ဆုံးနစ်သွားချိန်အထိ လျှပ်စစ်မီးမပြတ်တောက်အောင် ထိန်းချုပ်ပေးခဲ့တဲ့အတွက် သင်္ဘောပေါ်ကအင်ဂျင်နီယာ အယောက်နှစ်ဆယ်လုံး အသက်မရှင်နိုင်ခဲ့ပါဘူး ၁၀။ သင်္ဘောနောက်ဆုံးနစ်သွားချိန်အထိ ဂီတပညာရှင်များကလဲ အဆက်မပြတ်တီးခတ်နေပေးခဲ့ပါတယ် ၁၁။ Titanicပေါ်ကfirst class ခရီးသည်တွေသက်တောင့်သက်သာထိုင်နိုင်ဖို့ အသက်ကယ်လှေတစ်စင်းပေါ်ကို ၈ယောက်သာတက်ခွင့်ပြုခဲ့ပေမဲ့ အသက်ကယ်လှေတိုင်းဟာ ပျမ်မျှပေါင်၁၅၀ရှိတဲ့လူနှစ်ဆယ်ကို ကောင်းကောင်းတင်ဆောင်နိုင်ပါတယ် ၁၂။ Titanic ကိုစီးနင်းခွင့်ရတဲ့ခွေး ၁၃ကောင်အနက် သုံးကောင်သာအသက်ရှင်ခဲ့ပါတယ် ၁၃။ Titanic ပေါ်ကစာဖိုမှူးတစ်ယောက်ဟာ အရက်ကိုအလွန်အကျွံသောက်ခဲ့ပါတယ် အဲ alcohol အပူရှိန်ကြောင့်ပဲ ရေခဲမှတ်နီးနီးအေးတဲ့ရေထဲမှာ နှစ်နာရီလောက်နေနိုင်ခဲ့ပြီး ကယ်ဆယ်ရေးသင်္ဘောလာကယ်တာကိုစောင့်နိုင်ခဲ့ပါတယ် ၁၄။ သင်္ဘောနစ်တဲ့နေရာကို သိတာတောင်မှ သင်္ဘောပျက်ကိုပြန်ရှာတွေ့ဖို့ နှစ် ၇၀ကျော်ကြာခဲ့ပါတယ် ၁၅။ ပြန်လည်ရိုက်ကူးခဲ့တဲ့ Titanic ရုပ်ရှင်ကားရဲ့ စုစုပေါင်းအသုံးစားရိတ်ဟာ တကယ့်သင်္ဘောတည်ဆောက်တဲ့အသုံးစားရိတ်ထက်တောင်များပြားခဲ့ပါတယ် Credit - သုတစားဖွယ်စုံ

Thursday, May 7, 2015

မြန်မာပြည်မှ ထူးခြားသော မြစ် (၇)စင်း (၁) ဧရာဝတီ မြစ် ဧရာဝတီ မြစ်ဝှမ်းသည် (၄၁၃, ၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး မြန်မာနိုင်ငံ စုစုပေါင်း အကျယ်အဝန်း၏ (၆၁) ရာခိုင်နှုန်းကို လွှမ်းခြုံထားပါသည်။ တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းဖြစ်သည့်ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျား(၂, ၁၇ဝ) ကီလိုမီတာနီးပါး ရှည်လျှားပါသည်။ ထူးခြားထင်ရှားသည့် အချက်မှာ ဧရာဝတီမြစ်ကြီး တစ်လျှောက်တွင် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ အင်းဝ စသည့်မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုတို့ ပေါ်ထွန်းခဲ့ပြီး မြန်မာ့ ယဉ်ကျေးမှုများ ထွန်းကားလာခဲ့သည်ကို တွေ့ရသည့်အတွက် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု ဆိုသည်မှာ ဧရာဝတီသမိုင်း၊ ဧရာဝတီယဉ်ကျေးမှုဟုပြောလို့ရပါသည်။ (၂) ချင်းတွင်း မြစ် ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်အတွင်း စီးဝင်သည့် အကြီးဆုံးရေဝေမြစ် ဖြစ်ပြီး၊ ၁,၂၀၇ ကီလိုမီတာ ရှည်လျားပါသည်။ ချင်းတွင်းမြစ်သည် ကချင်ပြည်နယ်ရှိ ကျယ်ဝန်းသည့် ဟူးကောင်းချိုင့်ဝှမ်း လွင်ပြင်တွင် မြစ်ဖျားခံပြီး တနိုင်း၊ တဗြဲ၊ တ၀မ်၊ တရွန်မြစ်များ စုဆုံ၍ ချင်းတွင်းမြစ် ဖြစ်ပေါ် လာပါသည်။ မြန်မာနိုင်ငံ၏ နာမည်ကျော် ကျောက်စိမ်းတွင်းများသည်လည်း ဥရုချောင်းဖျားတွင် တည်ရှိနေကြပါသည်။ ထူးခြားထင်ရှားသည့် အချက်မှာချင်းတွင်းမြစ် သည်လူအထိအတွေ့နည်းသေးသော ထမံသီ ဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောများကို ဖြတ်သန်းစီး ဆင်းနေပြီး ဤကျားဘေးမဲ့ တောသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျားဘေးမဲ့တောလည်း ဖြစ်ပါသည်။ ထို့အပြင် အခြား သားရိုင်းတိရိစ္ဆာန်များ ဖြစ်ကြသည့် ရှားပါးပျောက်ကွယ်တော့မည်ဖြစ်သော မျိုးစိတ်များ၊ ကျားများ၊ ဆင်များ၊ မြန်မာ နိုင်ငံတွင်သာ ရှိသည့် အခွံမာလိပ်မျိုးများ အတွက် ခိုလှုံနေထိုင်ရာ ဒေသတခုလည်း ဖြစ်ပါသည်။ (၃) သံလွင်မြစ် သံလွင်မြစ်သည် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်များကို နိုင်ငံ၏ အရှေ့ဖက်မှ ဖြတ်သန်းစီးဆင်းပါသည်။သံလွင်မြစ်၏ စုစုပေါင်းအရှည်သည် ၁၇၄၉မိုင် (၂၈၁၅ကီလိုမီတာ) ရှိပြီး အရှေ့တောင်အာရှဒေသတွင် ဒုတိယအရှည်လျားဆုံး စီးဆင်းနေသည့် မြစ်တစ်စင်းလည်း ဖြစ်ပါသည်။ သံလွင်မြစ်သည် ကမ္ဘာပေါ်တွင် လူမျိုးကွဲများ အများ ဆုံး စုစည်းမှီတင်းနေထိုင်နေသည့် မြစ်တစင်းလည်း ဖြစ်ပါသည်။ ထူးခြားထင်ရှားသည့် အချက်မှာသမိုင်းအရ အရေးပါသည့် ဒေသဖြစ်ပြီးသမိုင်းမတင်မီ ရုပ်ကြွင်းများ တွေ့ရှိရသည့်အပြင် အရှေ့တောင်အာရှဒေသတွင် လူစတင်ဖွံ့ဖြိုးသည့် မူလအထောက်အထားလည်း ဖြစ်သည်ဟု ဆိုကြပါသည်။ (၄) စစ်တောင်းမြစ် စစ်တောင်းမြစ်သည် ရှမ်းကုန်းမြေမြင့်အစွန်းမှ မြစ်ဖျားခံစီးဆင်းလာပြီး တောင်ဖက်သို့ ၂၆၁ မိုင် (၄၂၀ ကီလိုမီတာ) အရှည် စီးဆင်းလာပြီး ဘင်္ဂလားပင်လယ်အတွင်းသို့ မုတ္တမပင်လယ်ကွေ့၌ စီးဆင်း ပေါင်းစပ်သွားပါသည်။ ထူးခြားထင်ရှားသည့် အချက်မှာ စစ်တောင်းမြစ်တွင် ၂၅ မိုင် (၄၀ ကီလိုမီတာ) ခရီးကို တနှစ်ပတ်လုံး ရေလမ်းခရီးသွားလာနိုင်ပြီး မိုင်ပေါင်း ၅၅ (၉၀ ကီလိုမီတာ) ခရီးကို တနှစ်တွင် ၃-လကြာမျှ ရေလမ်းခရီး သွားလာနိုင်ပါသည်။ (၅) မဲခေါင် မြစ် မဲခေါင်မြစ်သည် အရှည် ၄,၈၀၀ ကီလိုမီတာ ရှိပြီး မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံ အကြားတွင် မဲခေါင်မြစ်သည် နယ်နိမိတ်အဖြစ် ကီလိုမီတာ ၂၃၄ အရှည် ဖြတ်သန်း စီးဆင်းပါသည်။ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာနိုင်ငံ၏ တောင်တန်းများပေါ်၌ ဌာနေတိုင်းရင်းသား ၂၂,၀၀၀ ခန့် မှီတင်းနေထိုင် လျှက် ရှိ ပြီး အခါ၊ ရှမ်း၊ လားဟူ၊ လွယ်လ (ဆမ်တောင်)၊ တရုတ်နှင့် အင်း တိုင်းရင်းသားများ နေထိုင်လျှက် ရှိသည်။ မြန်မာ-ထိုင်း- လာအို ၃-နိုင်ငံ ပေါင်းဆုံရာ "ရွှေတြိဂံ ဒေသ"ကို ဖြတ်သန်းပါသည်။ ထူးခြားထင်ရှားသည့် အချက်မှာ ရှေးရိုးရာပုံပြင်များအရ ရှေးဦးလားဟူလူမျိုးများသည် ဤမြစ်ဖျားခံရာ ဒေသမှ ဆင်းသက်လာကြသည်ဟု ဆိုကြပြီး၊ ရိုးရာ သီချင်းများ၊ ပုံပြင်များက ဤမြစ်ကို ကိုးကား၍ ဖော်ပြပြောဆိုလေ့ ရှိ ကြပါသည်။ (၆) ကုလားတန်မြစ် ကုလားတန်မြစ်သည် ရခိုင်ပြည်နယ်၏ အရှည်ဆုံးနှင့် အသုံးအဝင်ဆုံးမြစ်ကြောင်း တစ်သွယ် ဖြစ်ပါသည်။ ဤမြစ်သည် ပေ(၈၀၀၀)ခန့်မြင့်သော ချင်းပြည်နယ် လူရှည်တောင်တန်းနှင့် အိန္ဒိယနိုင်ငံ ချင်လတိတလန် တောင်ကုန်းများမှ မြစ်ဖျားခံ စီးဆင်းလာပါသည်။ ထူးခြားထင်ရှားသည့် အချက်မှာ ချင်းပြည်နယ် မြောက်ပိုင်းမှ ထရောဘာ (တီအိုရီဘာ)အမည်ဖြင့် စီးဆင်းလာသည့် မြစ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံတို့၏ နယ်ခြားမြစ်လည်းဖြစ်ပါသည်။ (၇)ရွှေလီ မြစ် ရွှေလီမြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှပင် စတင်မြစ်ဖျားခံ စီးဆင်းလာပြီး ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်သန်းလာကာ တကောင်းမြို့မြောက်ဖက် ကီလိုမီတာ၆၀ခန့် အကွာ ကသာမြို့ တောင်ဖက်ရှိ အင်းရွာအနီးတွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံသည်။ ထူးခြားထင်ရှားသည့်အချက်မှာ ရွှေလီမြစ်သည် တိုင်အနွယ်များဟုလည်းခေါ်သည့် မြန်မာနိုင်ငံတွင်းရှိ ရှမ်းလူမျိုးများနှင့် ကြီးမားသော ဆက်နွယ်မှုရှိပါသည်။ ရှားပါးစာရင်းဝင် ရေနေငှက်မျိုးစိတ်များကို ရွှေလီမြစ်အတွင်း တွေ့ရှိရသည့်အပြင် ဧရာဝတီ လင်းပိုင်များကိုလည်း ရံဖန်ရံခါတွေ့ရလေ့ရှိပါသည်။ မှတ်ချက်။။ မှတ်စုစာအုပ်မှ ထင်ရှားသည့် အချက်အလက်များကို ကောက်နုတ်ထားပါသည်။ Credit to ဥမ္မာဦး

Wednesday, May 6, 2015

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ် ပထမအကြော့မှာ ဘာစီလိုးနားက ဘိုင်ယန်မြူးနစ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေ ဖြစ်နေခဲ့ပါတယ်။ ဘာစီလိုးနား သွင်းသမျှကို ဘိုင်ယန် ဂိုးသမား နွိုင်ယာ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘာစီလိုးနား ပိုဖိ ကစားခဲ့ပြီး ၇၇ မိနစ်နဲ့ မိနစ် ၈၀ မှာ မက်ဆီက ၂ ဂိုး၊ မိနစ် ၉၀ မှာ မက်ဆီပို့ပေးတဲ့ ဘောလုံးကို နေမာက ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီး ကန်သွင်းလို့ ဘာစီလိုးနား ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီကနေ့မှာပဲ ဘိုင်ယန်နည်းပြ ပက်ဂွာဒီယိုလာက မက်ဆီလို ဘောလုံးသမားကို ဘယ်လိုနည်းစနစ်မျိုး၊ ဘယ်လို နည်းပြရဲ့ အကွက်မျိုးကမှ တားဆီးဖို့ မလွယ်ဘူးလို့ ပြောခဲ့တာလည်း မှန်နေကြောင်း မင်ဆီက သက်သေထူပြသွားခဲ့ပါတယ်။ အခုသွင်းခဲ့တဲ့ ၂ ဂိုး နဲ့ မက်ဆီဟာ ချန်ပီယံလိဂ်မှာ ဂိုးပေါင်း ၇၇ ဂိုးသွင်းပြီး စံချိန်သစ်တင်လိုက်နိုင်ပါတယ်။ ဒုတိယအကြော့ကိုတော့ လာမယ့် အင်္ဂါနေ့ မေလ ၁၂ ရက်နေ့မှာ ဘိုင်ယန်ကွင်းမှာ ကစားမှာ ဖြစ်ပါတယ်။
ဒီလိုလူ ၁၀ မျိုးနဲ့တွေ့ရင် ၁။ ကိုယ်တစ်ကယ်ချစ်တဲ့သူကိုတွေ့ခဲ့ရင် သူနဲ့ ဘ၀တစ်လျှေက်လုံး လက်တွဲသွားဖို့အခွင့်အရေးရအောင်ကြိုးစားပါ။ ဘာကြောင့်လဲဆိုတော့သူထွက်သွားတဲ့အခါ အရာအားလုံး နောက်ကျသွားပါလိမ့်မယ်။ ၂။ ကိုယ်တစ်ကယ် ယုံကြည်ရတဲ့ သူငယ်ချင်းကိုတွေ့ခဲ့ရင် သူနဲ့ အဆင်ပြေပြေ ကောင်းကောင်းမွန်မွန် ဆက်ဆံသွားပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀မှာသူငယ်ချင်းအစစ်တွေ့ရဖို့ဆိုတာမလွယ်တော့လို့ပါ။ ၃။ ကိုယ့်ကိုတစ်ချိန်တုန်းကကူညီပေးခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုကောင်းကောင်းကျေးဇူးတင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာကိုယ့်ဘ၀ရဲ့အလှည့်အပြောင်းဖြစ်ခဲ့လို့ပါဘဲ။ ၄။ ကိုယ်တစ်ချိန်တုန်းကချစ်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုပြုံးပြုံးလေးနဲ့ကျေးဇူးတင်ဖို့မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်ကိုအချစ်အကြောင်း ပိုနားလည်စေခဲ့လို့ပါ။ ၅။ ကိုယ့် ကိုတစ်ချိန်တုန်းက မုန်းတီးခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်ပြုံးပြုံးလေးနဲ့ သူ့ကိုနှုတ်ဆက်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့်ကိုယ်က ပိုပြီးသတ္တိရှိလာခဲ့တယ်။ ၆။ ကိုယ့်ကိုတစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူနဲ့အေးအေးဆေးဆေး စကားစမြည်ပြောလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်မဟုတ်ရင် ကိုယ်လည်း လောကအကြောင်းကို သိလာမှာမဟုတ်ဘူး။ ၇။ ကိုယ်တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်သူ့ကိုပျော်ရွင်ပါစေဆိုပြီး ဆုတောင်းပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ကိုယ်သူ့ကို တိတ်တခိုး ချစ်ခဲ့တုန်းက သူပျော်၇ွင်တာကိုဘဲ လိုလားခဲ့တာမဟုတ်လား။ ၈။ ကိုယ့်ဘ၀ထဲကနေ ထွက်သွားခဲ့တဲ့သူကိုတွေ့ခဲ့ရင် သူကိုယ့်ဘ၀ထဲ ၀င်ခဲ့တာကိုကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူက ကိုယ့်ဘ၀ရဲ့ပျော်ရွင်စရာကောင်းတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်လေ။ ၉။ ကိုယ့်ကိုတစ်ချိန်က အထင်လွဲခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင် အချိန်မှီဖြေရှင်းချက်ပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူနားလည်အောင်ဖြေရှင်းပေးဖို့အခွင့်အရေးက တစ်ခါဘဲရှိနိုင်လို့ပါ။ ၁၀။ ယခု ကိုယ်နဲ့ဘ၀တစ်လျှောက်လုံး လက်တွဲသွားမယ့်သူကိုတွေ့ရင် သူကိုယ့်ကို ချစ်တာ ရွေးချယ်ခဲ့တာကို ရာနှုန်းပြည့်ကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အခု နှစ်ယောက်လုံးပျော်ရွင်မှု့နဲ့ အချစ်စစ်ကို ပိုင်ဆိုင်နေရလို့ပါ။ Credit to Minkyiywar
ကိုယ်အလေးချိန် ကျဆင်းအောင် အိပ်ရေးဝ၀အိပ်ပါ အိပ်ရေး မဝတာကြောင့် ငြီးစီစီကြီး ဖြစ်နေတယ် ဆိုတာ ကိုတော့ သိကြပြီး သားပါ။ အခု ဆွီဒင်မှ လေ့လာမှု အသစ် အရ အိပ်ရေး မဝခဲ့ရင် ကယ်လိုရီ လောင် ကျွမ်းနိုင်စွမ်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်း ပြီး ဆာလောင်မှု ဖြစ်စေတဲ့ ဟော်မုန်း Ghrelin ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ်လို့ သိရပါတယ်။ ညစဉ် အနည်း ဆုံး ခုနစ်နာရီခန့် အိပ်စက်တာကြောင့် လေးရက်အတွင်း ဇီဝရုပ်ဖြစ်ပျက်နှုန်း ပြန် လည် ကောင်းမွန်ပြီး ကိုယ်အလေးချိန် ၂၄ ပေါင်ခန့် ကျဆင်းအောင် ကူညီနိုင် တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါ တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင် အောင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။ ညနေချိန်တွင် သစ်သီးစားပါ သစ်သီးမှာပါဝင်တဲ့ သဘာဝ သကြား ဓာတ်ဖြစ်တဲ့Fructose ဟာ ဦးနှောက်မှ စိတ်အေးချမ်းမှု ရှိစေတဲ့ ဓာတုပစ္စည်း ထုတ်လုပ်မှုကို မြင့်တက်စေပြီး မိနစ် ၂၀ အတွင်း အိပ်ငိုက်စေနိုင်တယ်လို့ သုတေ သီတွေက ဆိုပါတယ်။ ဇက်ချိုးပါ အိပ်ရာမဝင်ခင် ၁၀ မိနစ်အလိုမှာ ဦးခေါင်းလှည့်ပြီး ဇက်ချိုးတာကြောင့် အမျိုးသမီး ၉၀ ရာခိုင်နှုန်းမှာ တင်းမာမှု နဲ့ စိုးရိမ်စိတ်အတွေးတွေ လျော့ကျပြီး အလွယ်တကူအိပ်ပျော်နိုင်တယ်လို့ သိရ ပါတယ်။ ညဝတ်အင်္ကျီပွပွဝတ်ပါ အင်္ကျီတင်းတင်းကျပ်ကျပ်တွေ ဝတ် ထားတာကြောင့် ခန္ဓာကိုယ်မှ အပူချိန် တွေ ထွက်မသွားအောင် တားမြစ်နိုင်တဲ့ အတွက် ကိုယ်အပူချိန် မြင့်တက်နေပြီး ဦးနှောက်မှ အိပ်ပျော်မှုကောင်းစေတဲ့ Melatonin ဟော်မုန်းထုတ်လုပ်မှု နှေး ကွေးသွားပါတယ်။ အင်္ကျီပွပွတွေ ဝတ် ထားတာကြောင့် ခန္ဓာကိုယ်အပူချိန် လျော့ သွားနိုင်ပါတယ်။ ခြေသလုံး နှိပ်ပေးပါ အိပ်ရာဝင်ချိန်မှာ ခြေသလုံြးွကက် သားကို ငါးမိနစ်ခန့် နှိပ်နယ်ပေးတာ ကြောင့် အိပ်ပျော်နိုင်မှု နှစ်ဆပိုမြန်သွား ပါတယ်။ နှိပ်တာကြောင့် ခြေထောက်မှာ ရှိတဲ့ အာရုံကြောတွေ လှုံ့ဆော်မှုရရှိစေပြီး အိပ်တာကို အနှောင့်အယှက်ဖြစ်စေတဲ့ ဖိစီးမှုဟော်မုန်း ထွက်ရှိမှုနည်းသွားပါတယ်။ အိပ်ခန်းတွင်း Lavender ရနံ့ ထည့်ပါ Lavender ရနံ့ရှူ ရတာကြောင့် ဦး နှောက်မှ စိတ်အေးချမ်းမှုရရှိတဲ့ လှိုင်းတွေ ထုတ်လုပ်မှုပိုများလာပြီး ၁၀ မိနစ်အတွင်း အိပ်ပျော်စေနိုင်တယ်လို့ သုတေသီတွေ က ဆိုပါတယ်။ ဒေါက်တာခင်မိုးမိုး K.K(ကနောင်)
ကလေးအမေတွေကိုတစ်ခါကလေးကိုထိန်းတဲ့အိမ်ဖော်တွေ ကိုတစ်ခါ မေးခွန်းလေးတွေ မေးပြီး ကလေးရဲ့အဖြေနဲ့ပြန်တိုက် ကြည့်တဲ့အခါ အိမ်ဖော် 74% ရဲ့အဖြေတွေဟာ ကလေးအမေတွေ ထက် မှန်နေပါတယ်တဲ့။ ကိုယ့်ကလေးအကြောင်း၊ ကိုယ့်ကလေးရဲ့စိတ်ကို အိမ်ဖော်က ကိုယ့်ထက်ပိုသိနေတာ၊ အိမ်ဖော်ကို အရမ်းချစ် အရမ်းကပ်တာတွေဟာ တလောကဖတ်ရသလို အောက်လမ်းနည်းနဲ့လုပ်လို့ဆိုတာထက် ကလေးနဲ့အချိန်ပိုယူခြင်းက အများကြီးအရေးပါပါတယ်။ Children needs your presence more than your presents တဲ့။ ကလေးတွေဟာ မိဘနဲ့အတူရှိခြင်း (Presence) ကို မိဘကပေးတဲ့လက်ဆောင်တွေ (Presents) ထက် ပိုလိုအပ်တယ်တဲ့။ A Cool Mom ----------------------------------------------------------------------------------- အမှန်ပါဘဲ။အပြင်အလုပ်လုပ်ရတဲ့အမေတွေနဲ့..အိမ်မှုကိစ္စအပြင်ကလေး များလို့မိသားစုအလုပ်များတဲ့မိခင်တွေဟာလဲကလေးကိုစသိပ်ဂရု မစိုက်အားပါဘူး။ သန့်ရှင်းရေး၊ကျန်းမာရေး။အစားအသောက်၊အ၀တ်အစားပြင်ဆင် ပေးလိုက်တာနဲ့ကလေးတာဝန်ပြီးသွားတာမဟုတ်ပါဘူး။ကလေးရဲ့ စိတ်ခံစားမှုကို..နားထောင်ပေးတာ။ခံစားပေးတာမျိုးကတကယ်လိုအပ် ပါတယ်။ အပြစ်တင်နေတာမဟုတ်ပါဘူး။အမေတွေကပိုချစ်တာသိပါ တယ်။ဒါပေမဲ့လိုအပ်နေတာလေးတွေမသိလိုက်တာပါ။ကလေးတွေ ကရင်ထဲကစကားတွေကိုထုတ်ပြောတက်ကြပေမဲ့လူကြီးတွေက မသိလိုက်တာများပါတယ်။ဒါတွေကိုအမေတွေကပိုဂရုစိုက်မိစေချင် တဲ့စေတနာနဲ့ပြောပြတာပါ။ အမေနဲ့သားသမီးတကယ်နားလည်မှုရခဲ့ရင်ကလေးတွေကလိမ္မာ သိတက်သောကလေးများဖြစ်လာကြပါတယ်။ K.K(ကနောင်)

Monday, May 4, 2015

အာဆင်နယ် ၃ - ဟားလ်စီတီ ၁။ ဒီကနေ့ည ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ တော့ အာဆင်နယ်က ပထမပိုင်းမှာ အလက်ဆီ ဆန်ချေး ၂ ဂိုး၊ ရမ်ဆီ ၁ ဂိုး သွင်းခဲ့ပြီး ဒုတိယပိုင်းမှာ ဟားလ်စီတီက တစ်ဂိုး ပြန်သွင်းခဲ့ပါတယ်။ ဒီပွဲနိုင်ခဲ့တဲ့အတွက် အာဆင်နယ်က တစ်ပွဲလျော့ကစားထားပေမယ့် အခုဆို အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်စီတီးနဲ့ အမှတ်တူ လိုက်နေပါတယ်။ ဟားလ်စီတီကတော့ တန်းဆင်းဇုံထဲရောက်ဖို့ ပိုနီးသွားပါတယ်။
သင့်ကိုယ်ပိုင်အချိန်တွေ ဖဲ့ပေးပြီး ပေါင်းရလောက်အောင် မထိုက်တန်တဲ့ သူငယ်ချင်းအမျိုးအစား (၇)မျိုး ၁။ကိုယ့်အစီအစဉ်တွေကို မသိမသာ လိုက်ဖျက်နေတတ်သူ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ မဟုတ်ပဲ ချစ်သူနဲ့တွေ့ရမယ့်အချိန် ကိုယ့်ဆီ ဘွားခနဲပေါ်လာပြီး ဘယ်သွားမယ်၊ ဘာလုပ်မယ် အတင်းကြီး လိုက်စီစဉ်ပစ်လိုက်တဲ့ သူငယ်ချင်းမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ်လည်း မိသားစုကို အချိန်ပေးမယ်လို့ စဉ်းစားလိုက်တာနဲ့ ကိုယ့်ကို အပြင်အတင်းခေါ်ထုတ်သွားတတ်တဲ့ သူငယ်ချင်းမျိုးပေါ့။ ကိုယ်စီစဉ်ထားတာတွေ သိရဲ့နဲ့ ကိုယ့်ကိုသူနဲ့အတူ အဖော်လိုက်ပေးဖို့၊ အချိန်ဖြုန်းပေးဖို့ အတင်းပြုမူလုပ်ဆောင်နေတဲ့ သူငယ်ချင်းမျိုးဟာ တကယ်ကို စိတ်ပျက်စရာကောင်းတဲ့သူပါ။ သူဟာ ကိုယ့်အပေါ် ဘာလေးစားမှု၊ နားလည်မှုမှ ပေးနိုင်မယ့်သူ မဟုတ်ဘူးဆိုတာ သေချာနေပါတယ်။ ၂။သူ့အကြောင်းကိုချည်း နင်းကန်ပြောတတ်သူ သင်က သင့်အကြောင်း တစ်ခုခု ပြောလိုက်တယ် ဆိုပါစို့။ ဥပမာ နောက်တစ်ပတ်ကျရင် တစ်နေရာရာကို ခရီးသွားမယ် ဆိုတာမျိုးပေါ့။ သူက ကိုယ့်အကြောင်းဆက်နားမထောင်တော့ပဲ သူအဲ့ဒီနေရာကို ဘယ်တုန်းကရောက်ပြီး၊ ဘာတွေလုပ်တယ်၊ ဘာဖြစ်တယ် ဆိုတာ ဆက်တိုက်ပြောဆိုနေတတ်တဲ့ သူငယ်ချင်းမျိုး၊ ကိုယ့်အကြောင်း နည်းနည်းလေး စမပြောလိုက်နဲ့ ကိုယ်က ပြောရမယ်မရှိပဲ သူချည်း ဖိပြောနေတတ်တာမျိုးဟာ အတော်စိတ်ပျက်စရာ ကောင်းတာပါ။ အထူးသဖြင့် သူဟာ တစ်ဖက်လူစကားကို အလေးပေးနားထောင်ရမယ်ဆိုတဲ့ အခြေခံအသိလေးတောင် မရှိပါဘူး။ ၃။သူနဲ့အတူ မူးယစ်ဆေးဝါးသုံးကြည့်ဖို့ ကိုယ့်ကိုအတင်းဖိအားပေးတတ်သူ သူနဲ့မတွေ့လိုက်နဲ့၊ တွေ့တာနဲ့ သူသုံးတဲ့ မူးယစ်ဆေးဝါးတစ်ခုခုကို သူနဲ့အတူသုံးဖို့ သင့်ကို ဖိအားပေးတတ်သူဟာ မပေါင်းအပ်တဲ့ သူငယ်ချင်းပါပဲ။ အနည်းဆုံးတော့ သင့်ရဲ့ဆုံးဖြတ်ချက်အတိုင်းသာ ရှိသင့်ပါတယ်။ လုပ်ဆောင်သင့်ပါတယ်။ ၄။ကိုယ်စိတ်ဝင်စားနေတဲ့ သူကို ကိုယ်ကြိုက်နေမှန်းသိသိရက်နဲ့ အတင်းလိုက်ကပ်နေတဲ့ သူ သူငယ်ချင်းဆိုတာ တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်နာကျင်အောင်တော့ မလုပ်တတ်ကြပါဘူး။ အထူးသဖြင့် အချစ်ရေးမှာဆိုရင်လည်း ကိုယ့်သူငယ်ချင်း စိတ်ဝင်စားနေတဲ့သူကို ကိုယ်ကသိသိရက်နဲ့ အတင်းလိုက်ရော၊ လိုက်ကပ်ပြီး ကိုယ့်ကိုကြိုက်အောင် လုပ်တာမျိုးဆိုတာ ဘယ်လိုမှ မလုပ်သင့်၊ မဖြစ်သင့်တဲ့အရာပါ။ ၅။သင့်ဘ၀အတွက် အခက်အခဲကြီးကြီးမားမား ရှိနေချိန် သင့်ကို အဖက်တောင် မလုပ်တဲ့သူ ဘ၀အတွက် အပြောင်းအလဲဖြစ်စေမယ့် အရာတွေ သင်လုပ်ဆောင်နေရတဲ့အချိန်၊ ဒါမှမဟုတ် အခက်အခဲတွေကြုံနေရချိန် သင့်ဘေးမှာ မရှိတဲ့ သူငယ်ချင်း၊ သင်အရေးတကြီးလိုအပ်နေချိန်တောင် သင့်ဆီ ရောက်မလာနိုင်တဲ့ သူငယ်ချင်းမျိုးကိုတော့ သင့်စိတ်ထဲမှာ ဘာလို့အရေးပေးနေတော့မှာလဲ။ ၆။ သူနဲ့မခင်တဲ့ သင့်ရဲ့အခြားသူငယ်ချင်းတွေကို အမြဲအပြစ်ပြောဆိုဝေဖန်တတ်သူ လူတိုင်းဟာ တွေ့လိုက်တာနဲ့ကို ခင်မင်ရင်းနှီးသွားရမယ်လို့ မဟုတ်ပေမယ့် သူကတော့ အဆိုးမြင်ဝါဒီသမားသက်သက်ဖြစ်နေတာပါ။ အထူးသဖြင့် သင့်ရဲ့အခြားသော သူငယ်ချင်းတွေကို သူကြည့်မရတာမျိုး၊ သင့်အလုပ်ကလူတွေဆို အကောင်းမပြောတာမျိုး၊ သူနဲ့အဆင်ပြေတဲ့သူဆိုလို့ သင်ကလွဲပြီး အခြားမရှိနိုင်တော့ပါဘူး။ ၇။သင့်ကို မနာလိုဖြစ်ပြီး သင့်အတွက် ဘယ်တော့မှ ပျော်ရွှင်မပေးနိုင်သူ သင်တစ်ခုခုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်တိုင်း သူ ဘယ်တော့မှ ချီးမွမ်းပြောဆိုတာမျိုး မရှိပေမယ့် မျက်နှာပျက်သွားတာမျိုးတော့ အခါခါပါ။ အဲ့ဒီအချိန် သင်နဲ့စကားမပြောချင်တော့သလိုလို လုပ်ပစ်တာမျိုးလည်း သင်ကြုံရနိုင်ပါ တယ်။ သူငယ်ချင်းဖြစ်ပြီး သင်နဲ့အတူ လိုက်ပြိုင်နေတယ်လို့ ခံစားရရင်တော့ သူငယ်ချင်းစာရင်းကသာ အမြန်ထုတ်ပစ်လိုက်ပါ။ Credit to Trend Myanmar K.K(ကနောင်)
သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ ************************************ ၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....။ ၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ...။. ၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....။ ၄) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ် ဆိုရင် ဆေးထိုးအပ် ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့် တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...။ ၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထား အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....။ ၆) အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်...။ သုတစားဖွယ်စုံ K.K(ကနောင်)

Sunday, May 3, 2015

ရေဦးသားလေး(နမ့်မဖြစ်)ရဲ့

နမ့်မဖြစ် blog ရဲ့ လင့်ပါ http://moegaungthar.blogspot.com/
ဒီရက်ပိုင်းမှာဖားကန့်မြို့အင်တာနက်လိုင်းတွေ သုံးလို့ရလာခဲ့တာကြောင့်အရင်ကခြောက်ကပ်နေခဲ့တဲ့ ကျွန်တော်တို့ရဲ့ နမ့်မဖြစ် blog apk လေးမှာ post တွေထပ်တင်ဖြစ်ပါတော့မယ် သူငယ်ချင်းတို့တင်ချင်တဲ့ post တွေရှိရင်လဲ နမ့်မဖြစ် blog ရဲ့ chat box မှာ message ချန်ထားခဲ့ပါလို့တောင်းဆိုပါတယ် Thank