Myanmar

Tuesday, May 19, 2015

သင်ဒါတွေသိလား 1.ပျမ်းမျှအားဖြင့် အမေရိကန်နိုင်ငံက လူတစ်ဦးတိုင်းဟာ ဘ၀သက်တမ်းတစ်ခုမှာ အစားအစာ တန်ပေါင်း ၃၅တန် စားသုံးကြပါတယ်။ 2.လူတစ်ယောက်ရဲ့ဘ၀မှာ အရေပြားဟာ အကြိမ်ပေါင်း ၉၀၀ အစားထိုး လဲလှယ်ပါတယ်။ 3.သင့်ဘ၀ သက်တမ်းတစ်လျှောက် ပျမ်းမျှအားဖြင့် တံတွေးတွေ သင့်ပါးစပ်ကနေထွက်တာဟာ ရေကူးကန်နှစ်ခုကို ဖြည့်နိုင်လောက်အောင်ကိုများပါတယ်။ 4.ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ သူ့ဘ၀တစ်လျှောက်မှာ ၃ လလောက်က အိမ်သာမှာ ထိုင်ရင်း အချိန်ကုန်ပါတယ်။ 5.ဘ၀ တစ်လျှောက်မှာ သာမန်လူတစ်ယောက်ဟာ ခြေလှမ်းပေါင်း ၁၈၃ ၇၅၅ ၆၀၀ လှမ်းပါတယ်။ 6.စစ်တမ်းကောက်ချက်အရ တွေ့ရှိရတာကတော့ အမျိုးသားများဟာ သူတို့အသက်ရှင်တဲ့ ကာလတစ်လျှောက်မှာ တစ်နှစ်နီးပါးက အမျိုးသမီးတွေကို ငမ်းကြည့်ရင်း အချိန်ကုန်ဆုံးကြပါတယ်။ 7. ပျမ်းမျှ အမေရိကန်လူမျိုးတွေဟာ သူတို့ဘ၀သက်တမ်းရဲ့ ၅ နှစ်လောက်ကို ဖုန်းပြော၊ ဖုန်းသုံးရင်း အချိန်ကုန်ကြပါတယ်။ 8.တစ်နေ့ကို သုံးနာရီနှင့်အထက်ကြာကြာထိုင်ခြင်းဟာ လူ့သက်တမ်းကို တိုစေပါတယ်။ Credit to Original Writer K.K(ကနောင်)

No comments:

Post a Comment