Myanmar

Wednesday, May 6, 2015

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ် ပထမအကြော့မှာ ဘာစီလိုးနားက ဘိုင်ယန်မြူးနစ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေ ဖြစ်နေခဲ့ပါတယ်။ ဘာစီလိုးနား သွင်းသမျှကို ဘိုင်ယန် ဂိုးသမား နွိုင်ယာ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘာစီလိုးနား ပိုဖိ ကစားခဲ့ပြီး ၇၇ မိနစ်နဲ့ မိနစ် ၈၀ မှာ မက်ဆီက ၂ ဂိုး၊ မိနစ် ၉၀ မှာ မက်ဆီပို့ပေးတဲ့ ဘောလုံးကို နေမာက ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီး ကန်သွင်းလို့ ဘာစီလိုးနား ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီကနေ့မှာပဲ ဘိုင်ယန်နည်းပြ ပက်ဂွာဒီယိုလာက မက်ဆီလို ဘောလုံးသမားကို ဘယ်လိုနည်းစနစ်မျိုး၊ ဘယ်လို နည်းပြရဲ့ အကွက်မျိုးကမှ တားဆီးဖို့ မလွယ်ဘူးလို့ ပြောခဲ့တာလည်း မှန်နေကြောင်း မင်ဆီက သက်သေထူပြသွားခဲ့ပါတယ်။ အခုသွင်းခဲ့တဲ့ ၂ ဂိုး နဲ့ မက်ဆီဟာ ချန်ပီယံလိဂ်မှာ ဂိုးပေါင်း ၇၇ ဂိုးသွင်းပြီး စံချိန်သစ်တင်လိုက်နိုင်ပါတယ်။ ဒုတိယအကြော့ကိုတော့ လာမယ့် အင်္ဂါနေ့ မေလ ၁၂ ရက်နေ့မှာ ဘိုင်ယန်ကွင်းမှာ ကစားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment