
Myanmar
Thursday, May 21, 2015
ဖုန်းသုံးစွဲသူများထံမှ ကုန်သွယ်ခွန် ၅% ကောက်ခံခြင်းကြောင့် ပြည်သူများ နစ်နာမှုရှိပါက ပယ်ဖျက်နိုင်ရေး လွှတ်တော်သို့ ပြန်လည်တင်ပြ သွားမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ပြောကြား
====================================
ရန်ကုန်၊ မေ ၂၀
-ဖုန်းသုံးစွဲသူများ ထံမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင် နှုန်းကောက်ခံခြင်းသည် ပြည်သူများ အတွက် အမှန်တကယ် နစ်နာမှုများ ရှိပါက ပယ်ဖျက်နိုင်ရေး လွှတ်တော် သို့ ပြန်လည် တင်ပြသွားမည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ဒီမိုကရေစီတူ ဒေး သတင်းစာ ကို ပြောကြားသည်။
လာမည့်ဇွန် ၁ ရက်မှစတင် ကာ ဖုန်းသုံးစွဲသူများအနေဖြင့် မိမိ တို့ငွေဖြည့်ကတ်မှတစ်ဆင့် ကုန်သွယ် လုပ်ငန်းခွန်များ ကို ပေးဆောင် ရတော့ မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက် အလက်နည်းပညာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးသိန်းညွန့်က ''နံပါတ်တစ် အနေနဲ့ကတော့ လူထုဆီက ငါးရာ ခိုင်နှုန်းအခွန်ကောက်ဖို့ လွှတ်တော် ကနေ ဥပဒေပြုလိုက်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့် အနေနဲ့ လေ့လာသမျှထဲမှာ အဲဒီအချက်မပါ ဘူး။ နောက်တစ်ချက် လွှတ်တော် က အခုဖုန်းဆိုတာက လူတန်းစား ရဝရာခိုင်နှုန်းကျော်က ကိုင်နေတာ လေ။ အဲဒီ ရဝရာခိုင်နှုန်းကို ထိခိုက် မယ့်၊ ဝန်ထုပ် ဝန်ပိုးဖြစ်မယ့် ကိစ္စမျိုး ကို လွှတ်တော်ကမလုပ်ဘူး။ လွှတ် တော်က ကာကွယ်ပေးရမှာပဲ။ သူတို့ အဲဒီလိုပြောလာလို့ မီဒီယာတွေ က ရေးသားချက်တွေကို သိရင်တော့ သူတို့ရဲ့ ပြောကြားချက်နဲ့ ဥပဒေက တကယ်ရှိ၊ မရှိလွှတ်တော်က ပြန်သုံး သပ်သင့်တယ်။ လွှတ်တော်ကပြန် သုံးသပ်ပြီးတော့ ကုန်သွယ်လုပ်ငန်း ခွန် ငါးရာခိုင်နှုန်းကိစ္စက ဆင်းရဲသား ပြည်သူ တွေကို ထိခိုက်နေတယ်ဆို ရင် ကျွန်တော်တို့ရဲ့ အသွင်ကူး ပြောင်းရေးက ဘယ်အဓိပ္ပာယ်ရှိမ လဲ။ အမှန်က လူထုအကျိုးရှိအောင် ကျွန်တော်တို့က လုပ်နေတာ။ အချက် အလက် အပြည့်အစုံရ လာရင် လွှတ် တော်က ဒီငါးရာခိုင်နှုန်းကိစ္စကို ပယ် ဖျက်နိုင်အောင် ကြိုးစားမယ်''ဟု ပြောသည်။
ယင်းကဲ့သို့ ကုန်သွယ်လုပ်ငန်း ခွန်ကောက်ခံခြင်းသည် ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၅ / ၂၀၁၆ ပြည်ထောင်စုအခွန်အ ကောက်ဥပဒေအရ ကုန်သွယ် ခွန်ကို ပြဋ္ဌာန်းလိုက်ကြောင်း၊ ယင်း ဥပဒေ သစ်သည် ၂၀၁၅ ခုနှစ် ဇွန် ၁ ရက် တွင် စတင်အကျုံးဝင်ပါကြောင်း၊ ယင်းတည်ဆဲဥပဒေသစ်အရ မြန်မာနိုင် ငံရှိ မိုဘိုင်းလ် ဖုန်းသုံးစွဲ သူများ အားလုံး သည် အော် ပရေတာ သုံးဦးထံမှ ဆင်းမ်ကတ်ဝယ်ယူခြင်း၊ ဖုန်းငွေဖြည့် ကတ်များအတွက် ကုန်သွယ်လုပ်ငန်း ခွန် ငါးရာ ခိုင်နှုန်းပေးဆောင် ရန် အော် ပရေတာကုမ္ပဏီများကို အကြောင်း ကြား ထားပါကြောင်း၊ ယင်း ငါးရာ ခိုင်နှုန်းသည် ပြည်ထောင်စုအစိုးရ ကိုယ်စား အော်ပရေတာ များကသုံးစွဲ သူမိဘများထံမှ ကောက်ယူခြင်းဖြစ် သည်ဟု ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာဝန်ကြီး ဌာနကဆိုသည်။
ဦးသိန်းညွန့်က ''ကျွန်တော် အ ပါအဝင် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘဏ္ဍာရေးဥပဒေတွေ၊ အခွန်ဥပဒေ တွေကို ပြန်လေ့လာပြီးတော့ အချက် အလက်နဲ့ပြန်ထောက်ရမှာပေါ့။ ဒီလို ကိစ္စမျိုးဖြစ် လာရင် နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားအတွက် လွှတ်တော်က ရပ်တည်ပေး တာဆို တော့ လွှတ်တော်ဥက္ကဋ္ဌကြီး ပြည် ထောင်စုလွှတ်တော် နာယက ကြီး သူရဦးရွှေမန်းကလဲ ပြန်လည် သုံးသပ်လိမ့်မယ်လို့ ထင်ပါတယ်'' ဟု ထပ်မံပြောသည်။
ဖုန်းသုံးစွဲသူများ အနေဖြင့် ကျပ် ၁၀၀၀ တန်ငွေဖြည့်ကတ် သုံးစွဲပါက ၄၈ ကျပ်ကို ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည်ဖြစ်ပြီး ကျန် ၉၅၂ ကျပ်ကိုသာ သုံးစွဲနိုင်မည်ဖြစ်သည်။အလားတူ ကျပ် ၅၀၀၀ တန် ငွေဖြည့် ကတ်ဝယ်ယူသုံးစွဲပါက နိုင်ငံတော်အ တွက် အခွန်ငွေ ၂၃၈ ကျပ်ပေးဆောင် ရမည်ဖြစ်ပြီး ကျန် ၄၇၆၂ ကိုသာ သုံးစွဲနိုင်မည်ဖြစ်သလို ကျပ် ၁၀၀၀၀ တန်ငွေဖြည့်ကတ် ဝယ်ယူ သုံးစွဲသူ များ အနေဖြင့် မိမိဖြည့်သွင်းလိုက် သည့်ဖုန်းဘေလ်ထဲမှ ကျပ် ၉၅၂၄ ကျပ်ကိုသာသုံးစွဲနိုင်မည်ဖြစ်ကာ ကျန် ၄၇၆ ကျပ်ကို နိုင်ငံတော် အ တွက် အခွန်ပေးဆောင်ရမည်ဖြစ် သည်။
TNO
Democracytoday

Subscribe to:
Post Comments (Atom)
No comments:
Post a Comment