၁၈၆၂ ခုနှစ်က Swift-Tuttle လို့ အမည်ပေးထားတဲ့ ကြယ်တံခွန်တစ်ခုဟာ နေကိုဦးတည်လှည့်ပါတ်သွားရင်း သူသွားခဲ့တဲ့ လမ်းတလျှောက်.. ဖုန်မှုန့်နဲ့ ကျောက်ခဲများစွာကို ချန်ထားခဲ့ပါတယ်။ ကျနော်တို့ ကမ္ဘာဟာ ဒီလမ်းကြောင်းကို့  နှစ်စဉ် ဇူလိုင်လ ၁၇ ရက်မှ သြဂုတ်လ ၂၄ ရက်အတွင်း ဖြတ်သန်းပါတယ်။ ကမ္ဘာပေါ်ကနေ ကြည့်လျှင်တော့ ပါးစီးယပ်စ် လို့ခေါ်တဲ့ ကြယ်တာရာမှာ မြင်တွေ့ရနိုင်ပါတယ်။
၂၀၁၆ ခုနှစ်အတွက် ထူးခြားချက်ကတော့ ယခင်နှစ်တွေထက် ပိုများတဲ့
ကြယ်မိုးရွာခြင်းကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်
တစ်နာရီကို အလုံး ၈၀ မှ ၁၀၀ ကြား ကြွေတတ်ပေမယ့်.. ယခုနှစ်မှာတော့
ထူးထူးခြားခြား တစ်နာရီကို အလုံး ၂၀၀ လောက်အထိကျဆင်းနိုင်ပါတယ်။
မိုးတိမ်ကင်းစင်ပြီး ပြင်ပအလင်းရောင်အနှောင့်အယှက် ကင်းတဲ့နေရာက
ကြည့်မယ်ဆိုလျှင်တော့.. လှပလင်းလက်တဲ့ ကြယ်မိုးများကို
သင်မြင်တွေ့ရမှာပါ..။
မြန်မာနိုင်ငံမှ ကြည့်ရှုရမယ့် ရက်များကတော့ သြဂုတ်လ ၁၁ ည (၁၂ မနက်) မှ ၁၃ ည (၁၄ မနက်) အထိ ဖြစ်ပါတယ်။ ကြည့်ရှုရမယ့် နေရာကတော့ ပါးစီးယပ် ကြယ်တာရာတည်ရှိနေတဲ့ အရှေ့မြောက်ဘက် ကောင်းကင်ရဲ့ ၁၄ ဒီဂရီအမြင့်မှာပါ။ (မှတ်ချက်။ ပါးစီးယပ် (Perseus) ကြယ်တာရာထွက်မှ မြင်ရမှာဖြစ်ပါတယ်။) ကြည့်ရမယ့်အချိန်ကတော့ သန်းခေါင်ကျော်ချိန် (၁၂ နာရီ နောက်ပိုင်း) မှာ ဖြစ်ပါတယ်။
ကြယ်တာရာ ထွက်ပြီ ၊မထွက်ပြီကို Star Chart လို Software များသုံးပြီး ကြည့်လို့ရပါတယ်။ ကြယ်များဟာ အမှတ်တစ်ခုမှ ဖြာဆင်းလာသလို လှပလင်းလက်စွာ ကြွေကျသွားမှာဖြစ်ပါတယ်။
ပါးစီးယပ်စ် ဆိုတာကတော့ ဂရိဒဏ္ဍာရီထဲက ချစ်သူ အန်ဒရိုမီဒါ မင်းသမီးလေးကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့တဲ့ သူရဲကောင်းတစ်ဦးပါပဲ..။ ဒီကြယ်တာရာမှာ ကြယ်ကြွေခြင်းနဲ့ တိုက်ဆိုင်ပြီး နိုင်ငံဦးဆောင်မှုပိုင်းအချို့ အပြောင်းအလဲ ရှိနိုင်ပါတယ်..။
အနာဂတ် လူငယ်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:
Post a Comment