<< အရင်က
ကျောင်းဆင်းရင်ကစားမယ်
အခု ကျောင်းဆင်းရင်
စာကြည့်တိုက်သွားမယ် >>
နမ့်မဖြစ်ကျေးရွာက
၆ တန်းကျောင်းသားလေး
တစ်ယောက်ရဲ့ စကားသံဖြစ်ပါတယ်။
အခုဆိုရင်နမ့်မဖြစ်ကျေးရွာမှာ
ဓမ္မရောင်ခြည်စာကြည့်တိုက်
ဖွင့်လှစ်ထားပါပြီ။
ဒါဟာ ကျောင်းသားသူငယ်တွေ
အသိပညာ တိုးစေဖို့
တံတားတစ်စင်းပါ။
အလိမ္မာစာမှာရှိ၊
အသိပညာ သည်လည်း
စာပေများမှာသာရှိပါသည်။
ဒီနေ့အသိပညာရှာနေတဲ့
လူငယ်များသည်
အနာဂတ် နိုင်ငံကို
ပုံဖော်ထုဆစ်ကြမည့်သူများဖြစ်ပါတယ်။
စာကြည့်တိုက်အသင်းဝင်ရောက်လိုသော
လူငယ်မောင်မယ်များ၊
စာပေဒါန စာအုပ်များ
လာရောက်လှူဒါန်းလိုသော
စာပေချစ်သူများ၊
လူငယ်မောင်မယ်များအားလုံးကို
စာကြည့်တိုက်တာဝန်ရှိသူများမှ
ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဓမ္မရောင်ခြည်စာကြည့်တိုက်သို့
စာပေဒါန စာအုပ်များလှူဒါန်းလိုလျှင်
ဦးထွန်းရင် (ဥက္ကဌ)
ဦးသန်းလှ (အတွင်းရေးမှူး)
ဒေါ်မွှေးမွှေးအေး (စာကြည့်တိုက်မှူး)
တို့ဆီမှာ လာရောက်၍လှူဒါန်းနိုင်ပါတယ်။
No comments:
Post a Comment