Myanmar

Tuesday, September 6, 2016

လုံခြုံရေး စိတ်ချရတဲ့ Galaxy Note 7 ကို ပြန်လည်ဖြန့်ချီမည်

Samsung ဟာ ဘက်ထရီကြောင့် Galaxy Note 7 တွေ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဖုန်းအားလုံးကို ပြန်သိမ်းခင် ဖုန်းစုစု ပေါင်း ၂.၅ သန်း ဖြန့်ချိ ရောင်းချခဲ့ပါတယ်။ Galaxy Note 7 ကို ပြန်သိမ်းလိုက် မှုကြောင့် ငွေအများကြီး နစ်နာ ဆုံးရှုံး ရမှာ သေချာနေပါတယ်။ ဒါ့အပြင်  သူတို့ရဲ့ ငွေကြေး အင်အား တောင့်တင်းမှုကိုလည်း ပြသလိုက်တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Samsung ဟာ Galaxy Note 7 ကို ပြန် လည် သိမ်းလိုက်ရမှုကြောင့် ငွေဘယ်လောက်များ နစ်နစ်နာ ဆုံးရှုံးမယ်လို့ ထင်ပါသလဲ?

ဒါနဲ့ပတ်သက်ပြီး Samsung ရဲ့ စမတ်ဖုန်းလုပ်ငန်း အကြီးအကဲ Kho Dong Jin က နှလုံး ရပ်တန့်သွားလောက်စေတဲ့ ပမာဏလို့ ပြောကြားသွားခဲ့ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ Samsung ဟာ Galaxy Note 7 ပြန်သိမ်းလိုက်ရမှုကြောင့် ဒေါ်လာ ၁ ဘီလီယံအထိ နစ်နာ ဆုံး ရှုံးမယ်လို့ သိရပါတယ်။ ဒီပမာဏဟာ နည်းပါးတဲ့ ပမာဏမဟုတ်တာ သေချာပါတယ်။ ဒီပမာဏဟာ Samsung ရဲ့ ယခုနှစ် ခန့်မှန်းဝင်ငွေ ရဲ့ ၅ ရာခိုင်နှုန်းတောင် ရှိတာပါ။

မီဒီယာတွေရဲ့ ဖော်ပြချက်အရ Samsung Galaxy Note 7 အတွက် ဘက်ထရီ ၇၀ ရာခိုင်နှုန်းက  Samsung SDI Co., က ပံ့ပိုးပေးတာ ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းကို တရုတ်ဘက်ထရီကုမ္ပဏီ Amperex Technology က ပံ့ပိုး တာဖြစ်ပါတယ်။ အခု ဘက်ထရီ ပေါက်ကွဲမှု ဖြစ် တဲ့ Galaxy Note 7 တွေက Amperex Technology က ပံ့ပိုးတဲ့ ဘက်ထရီသုံးထားတဲ့ ဖုန်းတွေ မဟုတ်ပါဘူး။ ဒါကြောင့် Samsung က တရုတ်နိုင်ငံမှာ ဖြန့်ချိထားတဲ့ Galaxy Note 7 တွေကို ယုံကြည် စိတ်ချစွာ သုံးနိုင်ကြောင်း ကြေညာထားပါတယ်။

Samsung ဟာ ယခုလအတွင်းမှာ လုံခြုံရေး စိတ်ချရတဲ့ Galaxy Note 7 ကို ပြန်လည် ဖြန့်ချိသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ လာမယ့် အောက်တိုဘာလမှာ ပြန် သွင်းပါမယ်။
#OriginalUploader

No comments:

Post a Comment