Myanmar

Friday, September 23, 2016

NASA မှ ယူရိုပါ လ အကြောင်း တွေ့ရှိမှုအသစ်အား ကြေငြာတော့မည်

>>>NASA မှ ယူရိုပါ လ အကြောင်း တွေ့ရှိမှုအသစ်အား ကြေငြာတော့မည်<<<
အမေရိကန် အာကာသအေဂျင်စီ (နာဆာ) မှ ဂျူပီတာဂြိုဟ်ကြီး၏ ဂြိုဟ်ရံလ တစ်ခုဖြစ်သော (ရေ သမုဒ္ဒရာ ရှိသော) ယူရိုပါ အမည်ရှိ ဂြိုဟ်ရံလနှင့် ပတ်သက်သည့် အကြောင်းအရာ တွေ့ရှိမှုအသစ်အား လာမည့် ၂၀၁၆ စက်တင်ဘာလ ၂၆ ရက် (တနင်္လာနေ့) မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။
ယူရိုပါ ဂြိုဟ်ရံလဟာ ကျနော်တို့ကမ္ဘာ၏ ဂြိုဟ်ရံလထက် အနည်းငယ် သေးငယ်ပြီး.. ကမ္ဘာကဲ့သို့ပင် ယူရိုပါ၏ အတွင်းပိုင်းအနှစ်မှာ သံ၊ နီကယ် များဖြင့်ဖွဲ့စည်းထားပါတယ်။ မျက်နှာပြင်တွင် ရေခဲနေသော တောင်များရှိပြီး ဆားငံရေပါသော သမုဒ္ဒရာ တစ်ခုလည်း ရှိပါတယ်။ ကမ္ဘာနှင့် မတူသည်ကား ထို သမုဒ္ဒရာသည် ယူရိုပါ၏မျက်နှာပြင်တစ်ခုလုံးကို ဖုံးအုပ်နိုင်သည်အထိ နက်ရှိုင်းလွန်းလှခြင်းပင်..။
နေမှလည်း အလွန်ဝေးကွာသောကြောင့် သမုဒ္ဒရာမျက်နှာပြင် အပေါ်ယံ နေရာတော်တော်များများ (တခုလုံးနီးပါး) သည် ရေခဲများအဖြစ် ဖုံးအုပ် တည်ရှိလျှက်ရှသည်။ ရေခဲပြင်များ၏အောက်တွင်မူ ရေများ စီးဆင်းလျှက်ရှိပါသည်။
ယူရိုပါသည် ဂျူပီတာဂြိုဟ်အား ၃ ရက်ခွဲလျှင် တစ်ကြိမ် လှည့်ပတ်နေသည်။ ကမ္ဘာ၏ လကဲ့သို့ပင် Lock ကျနေသည့်အတွက် ဂျူပီတာကို တစ်ဖက်ထဲကသာ မျက်နှာမူထားသည်။ ယူရိုပါသည် စက်ဝိုင်းပုံစံအတိအကျ မရှိသောကြောင့် ဂျူပီတာနှင့် နီးကပ်ချိန်တွင် ဆွဲအားများကြောင့် ရေစီးဆင်းမှု ပို၍မြင့်တက်တတ်သည်။ ရေခဲပြင်အောက်ရှိ ရေများ ထိုကဲ့သို့ စီးဆင်းသောအရှိန်ကြောင့် အပေါ်ယံရေခဲပြင်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာတတ်ပါသည်။
ယူရိုပါသည် နေမှ ကီလိုမီတာ ၇၈၀ ၀၀၀ ၀၀၀ (၄၈၅ ၀၀၀ ၀၀၀ မိုင်) ကွာဝေးပါသည်။ ကမ္ဘာနှင့် နေအကွာအဝေး၏ ၅ ဆ ဖြစ်သည်။ ရေခဲပြင်အောက်ရှိ စီးဆင်းနေသော သမုဒ္ဒရာရေကြောင့် ယူရိုပါတွင် အနွေးဓါတ်တစ်ခု ရရှိစေပါသည်။ ၄င်း အနွေးဓါတ်သည်ပင်လျှင် သမုဒ္ဒရာအတွင်းရှိ သက်ရှိသတ္တ၀ါများ နေထိုင်နိုင်ရန် လမ်းစပင် ဖြစ်ပေတော့သည်။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)


No comments:

Post a Comment