Myanmar
Thursday, July 28, 2016
Monday, July 25, 2016
လူသိနည်းပြီး အသုံးဝင်တဲ့ iPhone ရဲ့ လုပ်ဆောင်ချက်များ
IOS Platform ဟာတစ်ကယ်ကို User Friendly ဖြစ်ပြီး၊ နေ့ စဉ်ဘ၀မှာ အသုံးဝင်လှပါတယ်။
မြန်မာနိုင်ငံမှာ iPhone သုံးစွဲသူဦးရေ အများကြီးရှိပြီး တော်တော်များများကတော့ iPhone ဟာ မဟန်းဘူး၊ Game ဆော့လို့ ကောင်းတယ်၊ Internet သုံးလို့ ကောင်းတယ်၊ ဆိုပြီးကြိုက်ကြပါတယ်။ ဒါပေမယ့် iPhone မှာ ဒီထက်ပိုတဲ့ အသုံးဝင်တဲ့ Features တွေအများကြီး ပါဝင်ပါတယ်။ ဒါတွေကတော့...
(1) Night Shift
IOS 9.3 မှာ ဒီ Feature စတင်ပါဝင်လာပါတယ်။ ခုဈေးကွက်ထဲက ဖုန်းအကုန်လုံးရဲ့ Screen ဟာ အပြာရောင် (blue wavelength) များပါတယ်။ ဒါဟာ ကျနော်တို့ ညဘက်ဖုန်းသုံးတဲ့အခါ အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။ Night Shift ဟာဆိုရင် ဒီ အပြာရောင်ကိုလျော့ချပြီး အ၀ါရောင်ဘက်သန်းစေလိုက်လို့  ညဘက်စာဖတ်ဖို့ ၊ Game ဆော့ဖို့ အဆင်ပြေစေပြီး မျက်လုံးလည်း မပျက်စီးတော့သလို အိပ်ပျော်ဖို့ ပိုမိုလွယ်ကူစေပါတယ်။ ဒီ Feature ကိုသုံးမယ်ဆို IOS 9.3 တင်ရမှာဖြစ်ပြီး၊ Settings > Display & Brightness > Night Shift ကို On လိုက်ယုံပါပဲ။ Control Center ကိုဆွဲတင်လိုက်ရင်လည်း Night Shift icon လေးကို တွေ့ ရမှာဖြစ်ပြီး၊ အဲ့ကနေတစ်ဆင့် On လို့ လည်း ရပါတယ်။
(2) Six Digit Security Code
IOS 8 မှာ Lock Screen Code က ၄လုံးပါ။ ဒါဟာ သင့်ဖုန်း အခိုးခံရပြီဆိုရင် Lock Screen ကိုဖွင့်ဖို့ အကြိမ် 10,000 မှန်းဆရပါမယ်။ IOS 9 မှာတော့ Apple က Lock Screen Code ကို ၆ လုံးထိတိုးမြှင့်လိုက်ပါတယ်။ ဒါဟာ ခိုးတဲ့သူအဖို့ ဖုန်းကိုဖွင့်ဖို့ ရာ အကြိမ် တစ်သန်း မှန်းမှရပါမယ်။ Lock Screen Code ကို ၆ လုံးထိ ပြောင်းဖို့ အတွက် Settings > Touch ID & Passcode > Change Passcode > Passcode Options ထဲကို ၀င်ပြောင်းလို့ ရပါတယ်။
(3) Search in Settings
Settings ထဲမှာ ကိုယ်ရှာချင်တဲ့ Menu တွေကို ရှာမတွေ့ ဘူး၊ မြန်မြန်ရှာချင်တယ်ဆို Settings ထဲကိုဝင်လိုက်ပါ၊ Screen ကို အောက်ကိုပွတ်ဆွဲလိုက်မယ်ဆို၊ Search Box လေး ကျလာပါမယ်။ ဒီထဲမှာ ကိုယ်လိုချင်တဲ့ Settings Tabs တွေကို ၀င်ရှာလို့ ရပါတယ်။
(4) Low Power Mode
iPhone ရဲ့  Power သုံးစွဲမှုဟာ Android တွေထက် နည်းတယ်ဆိုပေမယ့်၊ Game, Internet တွေ အသုံးများတဲ့အခါ အားကုန်မြန်ပါတယ်။ ဒီအတွက် Settings > Battery > Low Power Mode ကို On လိုက်ပြီး အားသုံးစွဲမှုကို လျော့ချနိုင်ပါတယ်။
(5) Wifi-Assist
မြန်မာနိုင်ငံမှာ Connection တွေအရင်ကထက် ပိုကောင်းလာပေမယ့် နေရာတိုင်း မကောင်းသေးပါဘူး။ ဒီလို Wifi Weak Signal အခြေအနေမျိုးမှာ Wifi-Assist Features ဟာ Cellular Data ကို ပြန် သုံးပြီး Wifi Signal ကို ပိုကောင်းအောင် လုပ်ပေးလိုက်တာမျိုးပါ။ ဒီအတွက် Settings > Cellular ထဲကို ၀င်လိုက်ပါ၊ ပြီးရင် ဟိုးအောက်ဆုံးထိ သွားလိုက်ပြီး Wifi-Assits ကို On လိုက်ရင် Internet သုံးရတာ ပိုမြန်ဆန်လာပါလိမ့်မယ်။
(6) Hey Siri
IOS ကို လူတွေကြိုက်ကြတဲ့အချက်ထဲမှာ ဥာဏ်သိပ်ကောင်းတဲ့ Siri ကြောင့်လဲ ပါပါတယ်။ ခုဆို Internet တွေလဲ ကောင်းနေပြီဖြစ်လို့ Siri ကိုကောင်းကောင်း သုံးလို့ ရနေပါပြီ။ Siri ကို သုံးမယ်ဆို Settings > Gneneral > Siri > Allow Hey Siri ကို On လိုက်ပါ။ သင့်အသံကို ကောင်းကောင်း မှတ်မိစေဖို့ လေ့ကျင့်ခန်းလေးတွေ လုပ်ခိုင်းပါလိမ့်မယ်။ ပြီးရင် Home Button ကို ခပ်ကြာကြာလေး ဖိထားရင် Siri ပေါ်လာပြီး မေးခွန်းတွေ စမေးလို့ ရပါပြီ။ ( Siri သုံးပုံသုံးနည်း အကျယ်ကို နောက်မှ သပ်သပ် ထပ်ရေးပေးပါမယ်။ )
(7) Drag to Select Photos
iPhone ရဲ့ Photos App မှာ ဓာတ်ပုံတွေအများကြီးကို Select လုပ် Delete လုပ်ချင်တယ်ဆို Select All ဆိုတာ မပါပါဘူး။ ဒါပေမယ့် မခက်ပါဘူး၊ Photos App ထဲမှာ Select ကို နှိပ်ပါ၊ ပြီးရင် ဘယ် မှ ညာ၊ အပေါ် မှ အောက် လက်နဲ့ ပွတ်ဆွဲလိုက်မယ်ဆို အကုန် Select မှတ်ပြီးသား ဖြစ်သွားပါပြီ။
(8) Shake to Undo
iPhone ရဲ့  Messages မှာ Facebook မှာ Safari မှာ စာရိုက်နေရင်း မှားသွားတယ်ဆိုရင်၊ ပြန်ဖျက်ဖို့ အတွက် သင့် iPhone ကို ဘယ်ညာလှုပ် (Shake) လိုက်ယုံပါပဲ။ ဒီ Features ကို Settings > General > Accessibility > Shake to Undo ကို On ပြီး သုံးလို့ ရပါပြီ။
(9) Request Desktop Site
Safari ထဲမှာ Web Page တွေဝင်ကြည့်ရင် တစ်ချို့ Page တွေက Mobile နဲ့ အံဝင်အောင် ပြုပြင်ပေးထားပေမယ့်၊ တစ်ချို့ Page တွေက Mobile Phone ပေါ်မှာကြည့်လို့ အဆင်မပြေလှပါဘူး။ ဒီအတွက် Safari မှာ Desktop မှာ မြင်ရသလို မြင်ရစေဖို့ ၊ Safari ရဲ့ အောက်ဆုံးက မြှားပုံစံလေးကို နှိပ်လိုက်ပါ၊ ပြီးရင် Request Desktop Site ဆိုတာကို ရှာပြီး နှိပ်လိုက်ရင်၊ Desktop Computer မှာ မြင်ရသလို Web Page ကို အသေးစိပ် မြင်ရမှာ ဖြစ်ပါတယ်။
(10) Make a Website PDF
Safari ထဲမှာ Website တွေလိုက်ကြည့်နေရင်း ကိုယ့်အတွက်အသုံးဝင်မယ့် ကိုယ်သိမ်းထားချင်တဲ့ အကြောင်းအရာလေးတွေပါရင်၊ အရင်ကဆို Bookmarks လုပ်ထားတတ်ကြပါတယ်။ ဒါပေမယ့် ခုတော့ PDF အနေနဲ့ ပြောင်းပြီး သိမ်းလို့ ရပါပြီ ခင်ဗျာ။ Safari ရဲ့ အောက်ဆုံးက မြှားပုံစံလေးကို နှိပ်လိုက်ပါ၊ ပြီးရင် Save PDF to iBooks ကိုရွေးလိုက်ရင်၊ သင်ကြည့်နေတဲ့ Web Page က PDF File အနေနဲ့  iBooks ထဲမှာ သိမ်းပြီးသွားပါပြီ။ ကြိုက်တဲ့အချိန် iBooks App ထဲမှာ ပြန်ရှာဖတ်ယုံပဲပေါ့
အပိုင်း 2 ကို ဆက်လက် အားပေးကြပါဦး ခင်ဗျား။ :)
Credit Original Uploaded
သင်ပေးဖို့ ငုတ်တုတ်ထိုင်စောင့်နေတယ် ဆိုတဲ့ ၀န်ထမ်းများ ဖတ်ဖို့ ...... ...
“သူဋ္ဌေးရှင့် ကျွန်မက အလုပ်ကို နောက်ကျမှ ရောက်တာမျိုး၊ ပြီးရင် စောစောပြန်တာမျိုး၊ ပြီးတော့ စည်းကမ်းဖောက်ဖျက်တဲ့ပုံရိပ်များ ရှိခဲ့ပါသလား” လို့ မေးကြည့်သည်။ သူဋ္ဌေးက ချက်ချင်းပြန်ဖြေသည်။ “မရှိပါဘူး”ဟူရ်ျ။ “ဒါဆိုကုမ္ပဏီက ကျွန်မအပေါ်မှာ တဖက်သတ်အမြင်များ ရှိပါသလား။ “ ဟုဆက်မေးသည်။ သူဋ္ဌေးက တစ်ချက်တုံ့ ဆိုင်းပြီး ဆက်ဖြေလိုက်သည်။ “တကယ်ကိုမရှိပါဘူး” ဟူရ်ျ။ “ဒါဆို ကျွန်မထက် အတွေ့ အကြုံနည်းတဲ့လူတွေက ရာထူးတက်ပြီး ကျွန်မကတော့ ဘာဖြစ်လို့  ဒီနေရာက မတက်တာလဲ” ဟူရ်ျ မေးပြန်သည်။ သူဋ္ဌေးက တချက်စဉ်းစားလိုက်သည်။ ပြီးတော့ ရယ်ပြီးပြောသည်။ ခင်ဗျားကိစ္စကို ကျွန်တော်တို့  ခဏနေကျမှ ဆက်ပြောမယ်။ ကျွန်တော့်မှာ အရေးကြီးကိစ္စတစ်ခုရှိတယ်လို့  သူမကို ပြောသည်။ ဒါမှမဟုတ် ဒီကိစ္စကို ကျွန်တော့်အစား စီမံခန့်ခွဲထားလိုက်ပါလား” ဟု ဆက်ပြောသည်။ “ဖောက်သည်တစ်ဦး ကုမ္ပဏီကိုလာပြီး ကုန်ပစ္စည်းအခြေအနေကို စစ်ဆေးဖို့ ရှိတယ်။ ခင်ဗျားသူတို့ ကို ဆက်သွယ်ထားလိုက်၊ ဘယ်အချိန်လောက်လာမလဲလို့  မေးထားပေး” လို့ သူဋ္ဌေးက ပြောသည်။ “ဒါတကယ့်ကို အရေးကြီးတဲ့ တာဝန်တစ်ခုပါ” လို့ လည်း ဆက်ပြောသည်။ တံခါးမှ ပြန်မထွက်ခင်အထိ သူမကို ပြောတဲ့စကားတွေကို တစ်ခွန်းမှ မမေ့ခဲ့ပါ။
အချိန်ခဏလေးကြာပြီးနောက်မှာ သူမက သူဋ္ဌေးရုံးခန်းကို ပြန်ရောက်လာပါတယ်။
“ဆက်သွယ်လို့ ရလား” လို့ သူဋ္ဌေးက မေးပါတယ်။
“ဆက်သွယ်လို့ ရပါတယ်။ နောက်အပတ်လောက် ရောက်နိုင်တယ်လို့ သူတို့ က ပြောပါတယ်” လို့  သူမက ပြန်ဖြေသည်။
“နောက်အပတ်ဆိုတော့ ဘယ်ရက်လဲ”
“ဒါတော့ ကျွန်မသေချာမမေးမိပါဘူး”
“သူတို့ က တစ်ဖွဲ့ မှာ ဘယ်နှစ်ယောက်ပါလဲ”
“အဲ…ဒါတော့ ရှင်ကျွန်မကို မမေးခိုင်းဘူးလေ”
“ဒါဆို သူတို့ က ရထားစီးမှာလား၊ လေယာဉ်စီးမှာလား”
“ဒါလည်း ရှင်က ကျွန်မကို မမေးခိုင်းဘူးလေ”
သူဋ္ဌေးက ဘာမှဆက်မပြောတော့ပါဘူး။ ကျန်းရီဆိုတဲ့ ကောင်မလေးကို သူကဖုန်းဆက်ခေါ်လိုက်ပါတယ်။ ကျန်းရီက သူမထက် တစ်နှစ်လောက်နောက်ကျပြီးမှ ကုမ္ပဏီကို ရောက်လာတာပါ။ အခုတော့ သူမက ဋ္ဌာနတစ်ခုမှာ တာဝန်ခံဖြစ်နေပါပြီ။ ကျန်းရီကိုလည်း သူမနဲ့  တာဝန်တစ်ခုတည်းဖြစ်တဲ့ ခုနက အလုပ်ကို တာဝန်ပေးလိုက်ပါတယ်။ ခဏလောက် အလုပ်လုပ်ပြီးတဲ့အချိန်မှာ ကျန်းရီ ပြန်ရောက်လာပါတယ်။
“ဒီလိုရှိပါတယ်။ သူတို့ က နောက်အပတ်သောကြာနေ့  ညနေသုံးနာရီမှာ လေယာဉ်နဲ့  ထွက်လာပါမယ်။ ည၆နာရီလောက်တော့ ရောက်ပါမယ်။ သူတို့ တစ်ဖွဲ့ လုံးမှာ ၅ယောက်ပါပါမယ်။ ဝယ်ယူရေးဋ္ဌာန ဝမ်မန်နေဂျာက အသင်းကို ဦးဆောင်ပါတယ်။ ကျွန်မ သူတို့ နဲ့  ပြောပြီးသွားပါပြီ။ ကျွန်မတို့ ကုမ္ပဏီက လူလွှတ်ပြီး လေဆိပ်မှာ သွားကြိုပါမယ်။ ပြီးတော့ သူတို့ ကနှစ်ရက်လောက် အချိန်ပေးပြီး စစ်ဆေးဖို့ ရှိပါတယ်။ ပစ္စည်းရောက်ပြီးနောက်မှ နှစ်ဖက်ဆက်ပြီး စီးပွားရေးဆွေးနွေးမှာပါ။ အလုပ်လုပ်ရတာ လွယ်ကူဖို့ အတွက် ကျွန်မက အနီးမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာဟိုတယ်မှာ တည်းဖို့ အကြံပေးထားပါတယ်။ တကယ်လို့ ရှင်သာ သဘောတူမယ်ဆိုရင် အခန်းကို ကျွန်မ မနက်ဖြန် ကြိုတင်ပြီး Booking လုပ်ထားလိုက်ပါ့မယ်။ ပြီးတော့ နောက်အပတ်မှာ မိုးလေဝသက မိုးရွာမယ်လို့  ကြေညာထားပါတယ်။ ကျွန်မက သူတို့ နဲ့  အချိန်မရွေးတွေ့ ပြီး ဆက်သွယ်လို့  ရပါတယ်။ အခြေအနေနည်းနည်း ပြောင်းတာနဲ့  ကျွန်မက ရှင့်ကို အချိန်မရွေး ပြန်တင်ပြပါ့မယ်။” ကျန်းရီထွက်သွားပြီးနောက်မှာတော့ သူဋ္ဌေးက သူမကို တစ်ချက်ပုတ်လိုက်ပြီး “ခု ကျွန်တော်တို့  ခင်ဗျားပြောတဲ့ ပြဿနာအကြောင်းကို ဆွေးနွေးရအောင်” လို့ ပြောပါတယ်။
“မလိုတော့ပါဘူး။ ကျွန်မ အကြောင်းအရင်းကို သိသွားပါပြီ” ဟု သူမက ပြန်ဖြေသည်။ သူမ ရုတ်တရက် နားလည်လိုက်ပါတယ်။ ဘယ်သူမှ မွေးကတည်းက အရာရာမလုပ်တတ်ပါဘူး။ အရာအားလုံးဟာ ရိုးရှင်းပြီး လွယ်ကူတဲ့ ကိစ္စသေးသေးလေးတွေကနေ စကြရတာချည်းပါပဲ။
ဒီနေ့ သင်ဟာ သင့်ကိုယ်သင် မည်သည့်တံဆိပ်ကပ်ပါစေ၊ ဒါမှမဟုတ်ရင်လည်း မနက်ဖြန်မှာ သင်ဟာ ကြီးမားတဲ့ တာဝန်ထမ်းဆောင်နိုင်မှာလား ဆိုတာကို ဆုံးဖြတ်ပြီးရင် စိုးရိမ်စိတ်ရဲ့  ရေမှတ်ဟာ အလုပ်ရဲ့ စွမ်းဆောင်နိုင်စွမ်းမှာ သက်ရောက်မှုရှိပါတယ်။
သို့ သော်လည်း ကုမ္ပဏီတစ်ခုဟာ အလုပ်လုပ်ရာမှာ ကိုယ်ကိုယ်တိုင်စတာဝန်ယူတတ်ပြီး လုပ်ကိုင်တတ်တဲ့ ဝန်ထမ်းကိုသာ အလိုရှိတာပါ။
တော်တဲ့ဝန်ထမ်းဆိုတာ သူများက စီမံပေးတဲ့ အလုပ်ကိုမှ အမြဲစောင့်ဆိုင်းနေတဲ့သူ မဟုတ်ပါ။
Credit to သောကြာငယ်-၂၁ရာစု
Tuesday, July 19, 2016
သင့်ဖုန်းကိုပေါ့ပါးစေရန် (10) ချက်
၁။ သင့်ဖုန်းဟာ Up to date ဖြစ်ပြီလား
Android OS သုံး စမတ်ဖုန်းတွေမှာ System ပိုင်းဆိုင်ရာ Update တွေ minor update တွေပေးတတ်ကြပါတယ်။ အဆိုပါ Update တွေမှာ Error များကို Bug fixes ပါဝင်တတ်ပြီး စမတ်ဖုန်းကို ပိုမို မြန်စေနိုင်ပါတယ်။ အဆိုပါ minor နဲ့ System Update များကို internet မှ တိုက်ရိုက် မြှင့်တင်နိုင်ပြီး မိမိရဲ့ ဖုန်းမှာ Update တွေ ရှိ၊ မရှိဆိုတာကို Settings > About device > Software update မှာ ကြည့်ရှုနိုင်ပါတယ်။ ထို့အတူ ဖုန်းမှာ ပါဝင်လာတဲ့ Default Application တွေကိုလည်း Update မြင့်ပေးသင့်ပါတယ်။
၂။ Home screen ကို ရှင်းလင်းအောင်ထားခြင်း
သင့်ရဲ့ စမတ်ဖုန်းကို ပေါ့ပါးစေဖို့ လှပတဲ့ Live Wallpaper တွေ အသုံပြုမယ့် အစား ပိုမိုသင့်တော်ကောင်းမွန်တဲ့ Original Wallpaper တွေကို အသုံးပြုသင့်ပါတယ်။ ထို့အပြင် Screen ပေါ်မှာ မိမိအတွက် အသုံးမလိုတဲ့ icon တွေနဲ့ widgets တွေ ထားခြင်းမှ ရှောင်ရှားသင့်ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဟာ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပေးနိုင်ပြီး Performance ကိုလည်း ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။
၃။ အသုံးမလိုတဲ့ Application တွေကို Uninstall သို့မဟုတ် Disable ပြုလုပ်ပါ
တချို့သော App တွေဟာ မိမိအတွက် အသုံး မ၀င်သလို မိမိရဲ့ စက်ကိုလဲ လေးလံစေပါတယ်။ အဆိုပါ အချက်တွေကလည်း ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ Uninstall သို့မဟုတ် Disable လုပ်ဖို့ Setting > App ကိုသွားပါ။ ပြီးရင် All ဆိုတဲ့ Tab မှာ မိမိအတွက် အသုံးမ၀င်သော Application များကို Uninstall ပြုလုပ်ပေးပါ။ ထို့အပြင် အသုံးမပြုသော default app များကို Disable ပြုလုပ်ပေးပါ။ ထို့နောက် Setting > App ထဲမှ Running App ထဲတွင် မိမိက မသုံးပေမယ့် နောက်ကွယ်မှာ အလုပ်လုပ်နေသော App များကို ပိတ်ပေးပါ။ အဆိုပါ အချက်များကြောင့်လည်း စမတ်ဖုန်းဟာ ပိုမိုလေးလံနိုင်ပါတယ်။
၎။ Animations အသုံးပြုမှုကို ပိတ်ထားပါ
သင်ရဲ့ စမတ်ဖုန်းကို ပုံမှန်အတိုင်း အသုံးပြုနေရင်တော့ မသိသာပါဘူး။ တကယ်တမ်း လေ့လာမယ်ဆိုရင်တော့ Page လေးတွေ ရွေ့သွားတာက ရိုးရိုး မဟုတ်ပါဘူး။ လှုပ်ရှားမှုတိုင်းမှာ Animation လေးတွေ ပါရှိပါတယ်။ အဆိုပါ Animation ကြောင့်လည်း ဖုန်းဟာ ပိုမို လေးလံတတ်ပါတယ်။ Animation တွေကို ပိတ်ချင်ရင်တော့ ဖုန်းမှာ Developer options ဖွင့်ထားမှ ရမှာပါ။ Developer options ထဲမှာ အောက်ဆုံးကို သွားလိုက်ပါ။ Window animation scale, Transition animation scale နဲ့ Animator duration scale တို့ကို အနည်းဆုံးဖြစ်တဲ့ 5x ပမာဏ သို့မဟုတ် ပိတ်ထားပေးပါ။ ဒီအချက်တွေဟာလည်း ဖုန်းကို လေးလံစေသော အချက်များထဲက တစ်ခုဖြစ်ပါတယ်။
၅။ Application တွေရဲ့ Data တွေပါတဲ့ cached တွေကို ရှင်းပေးပါ
ဖုန်းတွေမှာ တချို့ app တွေဟာ လိုအပ်တဲ့ data ဖိုင်တွေကို ဖုန်းရဲ့ Storage ထဲမှာ ထားရှိတတ်ပါတယ်။ ဥပမာ Offline ဖတ်ရှုနိုင်တဲ့ သတင်း ကဲ့သို့သော Application တွေဟာ လိုအပ်တဲ့ offline ဖတ်ရှုနိုင်တဲ့ Data တွေကို ဖုန်းထဲမှာ ထားတတ်ကြပါတယ်။ အဆိုပါ App တစ်ခုချင်းဆီမှာလည်း Data cached တွေကို ရှင်းနိုင်သလို Setting > Storage ထဲမှာလည်း Cached ဖိုင်တွေကို ရှင်းလို့ရပါတယ်။
၆။ Wipe cache partition ပြုလုပ်ခြင်း
Wipe cache ဆိုတာ ဖုန်းထဲမှာ သိုလှောင်ထားတဲ့ App တွေရဲ့ ယာယီ Data တွေကို ဖျက်ပစ်တာပါ။ ဒီလိုဖျက်ရာမှာ internal storage ထဲမှာ ဝင်ရောက် ဖျက်နိုင်သလို မမြင်နိုင်တဲ့ ဖိုင်တွေကိုတော့ ဖုန်းရဲ့ Partition တစ်ခုဖြစ်တဲ့ Recovery မှ ၀င်ရောက်ဖျက်ပေးရမှာ ဖြစ်ပါတယ်။ မိမိဖုန်းနဲ့ သက်ဆိုင်တဲ့ Recovery သို့ ၀င်ရောက်နည်းတွေကို Google မှာ ရှာဖွေနိုင်ပါတယ်။
၇။ အခြား ပေါ့ပါးစေမယ့် Third party Launcher ကို အသုံးပြုပေးပါ
စမတ်ဖုန်းတိုင်းမှာ Google မှထုတ်လုပ်တဲ့ Nexus Devices တွေက လွဲလို့ Android OS ပေါ်ကို အခြေခံထားတဲ့ Launcher တွေကို အသုံးပြုကြပါတယ်။ အဆိုပါ Launcher တိုင်းဟာ ဖုန်းပေါ်မှာ အခြေပြု လုပ်ဆောင်နေတာဖြစ်လို့ CPU တွေ စွမ်းအင်ကို အသုံးပြု လည်ပတ်နေတာ ဖြစ်ပါတယ်။ အခြား Developer တွေရေးသားထားတဲ့ Third party Launcher တွေဖြစ်တဲ့ Go launcher, Next Launcher တို့ကို အသုံးပြုခြင်းဖြင့် CPU ရဲ့ စွမ်းဆောင်ရည်တွေကို လျော့ချနိုင်သလို ဖုန်းကိုလည်း ပိုမို သွက်လက်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
၈။ Factory Reset ချခြင်း
ဒီစကားကိုတော့ တော်တော်များများ ကြားဖူးမှာပါ။ မိမိရဲ့ ဖုန်း တော်တော်ကို လေးလံလာပြီဆိုရင် လုပ်တတ်ကြပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဟာလည်း ဖုန်းကို စက်ရုံမှ ထုတ်သကဲ့သို့ ပြုလုပ်ပေးတာဖြစ်တာကြောင့် ဖုန်းကို ပိုမို ပေါ့ပါးစေပါတယ်။ ဒါပေမယ့် Factory reset ပြုလုပ်မယ်ဆိုရင်တော့ Data တွေကို back up ပြုလုပ်သင့်ပါတယ်။ Factory reset ချချင်တယ်ဆိုရင်တော့ Setting > Backup & reset > Factory reset ဆိုသော ခလုတ်ကို နှိပ်ပြီး ပြုလုပ်ရမှာပါ။
၉။ ဖုန်းကို Over Clock ပြုလုပ်ခြင်း
Over Clock ပြုလုပ်ခြင်းဟာလည်း ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်တာဖြစ်ပြီး Processor တွေကို အမြန်နှုန်း မြှင့်လိုက်ခြင်း ဖြစ်ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ဖုန်းဟာ ပိုမို မြန်ဆန်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Over Clock ပြုလုပ်ခြင်းဟာ System ပိုင်းဆိုင်ရာကို ပြုပြင်တာဖြစ်တာကြောင့် Root Access လိုအပ်မှာ ဖြစ်သလို အခန့်မသင့်ရင် ဖုန်းကို ပျက်ဆီးစေနိုင်တာကြောင့် သတိထားပြီး ပြုလုပ်စေချင်ပါတယ်။
၁၀။ Auto Sync ကို ပိတ်ထားခြင်း
Android Device အသုံးပြုသူများဟာ ဖုန်းနဲ့ Cloud Service တွေကို ချိတ်ဆက် အသုံးပြုကြတာကြောင့် Data တွေကို ဖလှယ်တဲ့ စနစ်ဖြစ်တဲ့ sync ကို အသုံးပြုကြပါတယ်။ ဒါပေမယ့် အဆိုပါ အလိုအလျောက် ဖလှယ်တဲ့ စနစ်ဖြစ်တဲ့ Auto sync ဟာ နောက်မှာ Run နေတတ်ပါတယ်။ ဒီစနစ်ဟာ စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ Battery ကို အသုံးပြုမှု များတာကြောင့် အားကုန်ခြင်း စက်လေးခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိအသုံးပြုလိုသော Data ကို Sync ပြုလုပ်ပြီးလျှင် Auto sync စနစ်ကို ပိတ်ပေးသင့်ပါတယ်။
Credit: Original Aurthor
Wednesday, July 13, 2016
==============================
၁၄..၇..၁၆
-
သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲတစ်ပွဲကို ယနေ့ညပိုင်းက ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
-
ဆရာတော်ကြီးက တရားဟောကြားရာတွင် "ပြည့်စုံတဲ့ ဘုရားဟော ဝါကျ
တိုင်းဟာ ဓမ္မ စေတီတဆူပါပဲ။ ဆရာတော်တွေ နှုတ်မှ ရွတ်ဆိုသမျှတို့ကို ဓမ္မ စေတီ ကြွလာသလို အာရုံပြု နာကြားရင်းဖြင့်ကုသိုလ်ရယူစေလိုကြောင်း
"မိန့်ကြားပါသည်။ ထို့နောက် ဆက်လက်ဟောကြားရာတွင် "နတ်ပြည်တွေ
ဟာကာမရဲ့အနှောင်ဖွဲ့ထဲမှာရှိတာပါ။မာရ်နတ်ရဲ့နယ်ပယ်တွေပါသာဖြစ်
ကြောင်း"ကို ဥပါစာရီ ၏အဖြေစကားဖြင့်ညွှန်ပြဆုံးမပါသည်။
လောက၏ သဘောတရား ၄ပါး ကိုလည်းဖွင့်ဆိုဟောကြားခဲ့သည်။
-
တလောကလုံး အတွင်းလှိုက် ၍လောင်နေသဖြင့် united က divided မဖြစ်
စေလိုကြောင်း၊ လောကကြီးတခုလုံး အခိုးထွက်နေသည်ဟုဆိုကြရာတွင် ဥပမာအားဖြင့် အိပ်မပျော်လောက်အောက် တွေးကြံနေတာက အခိုး
ထွက်ခြင်းမျိုးဖြစ်နေပြီး ညမှာအခိုးလွတ်၊နေ့မှာလောင်ကျွမ်းကြကာ
ယင်းကို မတားဆီနိုင်လျှင် တောမီးလောင်သကဲ့သို့ ကူးစက်လောင်ကျွမ်း သွားနိုင်ကြောင်း၊ လောကကြီးတခုလုံး တုန်လှုပ်နေသည်ဟု ဆိုရာတွင်
လည်း ဥပမာအားဖြင့်စီးပွားရေး၊ဘာသာရေး အားလုံး မအေးဘဲ လှုပ်နေကြခြင်းဖြစ်ကာ လောကတ၀န်းမီးလောင်နေပါတယ်ဆိုမှ ရှို့သူကလည်းရှိတတ်ကြောင်း၊ ထို့ကြောင့် ယင်းလောင်ကျွမ်းမှုများတွင် ကိုယ့်ကိုယ်ကိုရောမပါဖို့ " စသည်ဖြင့် ဆုံးမဟောကြားသွားပါသည်။
===========
Photos by Hkun lat
Saturday, July 9, 2016
Samsung , Sony , Huawei ဖုန်းသုံးမျိုးမှာ ရွေးချယ်သင့်တဲ့အချက်အချို
ဘယ် brand တွေကိုသုံးသင့်လဲဆိုတာ အနည်းနဲ့အများတော့
ရွေးချယ်တက်ကြပါတယ်။ီးလိုရွေးချယ်အသုံးပြုကြတဲ့ အထဲကမှ
Samsung , Sony , Huawei brand သုံးမျိုးရဲ့ ရွေးချယ်ရန်သင့်တော်တဲ့
အချက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။
Samsung –
Samsung ကိုရွေးချယ်ရန် စိတ်ကူးရှိရင်တော့ Feature တွေကိုသုံးရတာနျှစ်
သက်မှု့ရှိတယ်ဆိုရင်တော့ ရွေးချယ်သင့်ပါတယ်။ Samsung ဟာအခြား
brand တွေထက် Feature ပိုင်းမှာဆိုရင် သုံးလို့ကောင်းတယ်လို့ပြောရပါမယ်။ သူဟာအမျိုးမျိုးသော Feature တွေကို model အသစ်ထွက်တိုင်း
တိုးမြှင့်ထည့်သွင်းလာပါတယ်။ series အလိုက်လဲ မတူတဲ့ Feature တွေကို
ခံစားနိုင်အောင်လည်း ဖန်တီးပေးထားတာကြောင့် Feature ပိုင်းတွေကို
အသုံးပြုရန် စိတ်ဝင်စားတယ်ဆိုရင်တော့ Samsung ဟာ သင့်တော်ပါတယ်။
Sony –
Sony ကတော့အားလုံးသိတဲ့အတိုင်း Media ပိုင်းကိုဦးစားပေး ထုတ်လုပ်
ထားတာကိုတွေ့ရမှာပါ။ Sony ဟာအခြား brand တွေနဲ့မတူတဲ့
အသံပိုင်းဆိုင်ရာ ကင်မရာပိုင်းဆိုင်ရာ Media ပိုင်းတွေကို အရည်အသွေးမြင့်
စွာထုတ်လုပ်ထားတာတွေ့ရပါတယ်။ သူတို့ရဲ့ camera MP ဟာဆိုရင်
အခြား brand တွေနဲ့မတူ မြင့်မားစွာတပ်ဆင်ထားပါတယ်။ photo , video
တွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ နောက်ထပ်တစ်ခုကတော့ Music media ပိုင်းပါပဲ။ Music ပိုင်းမှာဆိုရင်တော့ နားထောင်ရတဲ့
အပိုင်းမှာ တော်တော်လေးကောင်းမွန်တာတွေ့ရတဲ့အတွက်ကြောင့် Media
ပိုင်းတွေကိုကောင်းကောင်း အသုံးပြုချင်တယ်ဆိုရင်တော့ Sony ဟာသင့်တော်ပါတယ်။
Huawei –
Huawei မှာ အသုံးပြုရန်သင့်တော်တဲ့အချက်ကတော့ ဈေးနှုန်းပိုင်းလို့ပြောရပါမယ်။ Huawei ဟာ model အမျိုးမျိုးထုတ်လုပ်နေပေမဲ့ သူဟာ လူတန်းစားအလိုက် ရွေးချယ်နိုင်တဲ့ အမျိုးမျိုးသောသင့်တော်တဲ့ ဈေးနှုန်းလေးတွေနဲ့
ရောင်းချပေးထားတာတွေ့ရပါတယ်။ ဒါ့အပြင် Huawei ဖုန်းများဟာ လိုအပ်တဲ့
spare part ပစ္စည်းများဆိုရင်လဲ ဈေးကွက်ထဲမှာ အဆင်ပြေပြေ၀ယ်ယူရန်
အဆင်သင့်ရှိတဲ့အတွက်ကြောင့် တစ်ခုခုပျက်စီးခဲ့မယ်ဆိုရင်လဲ ပြင်ဆင်ချိန်ကို
သက်သာစေပါတယ်။ ဒါကြောင့် Huawei ဟာ ဈေးနှုန်းပိုင်းနဲ့ပတ်သတ်ပြီး
စဉ်းစားမယ်ဆိုရင်တော့ Huawei brand ဟာ သင့်တော့ပါတယ်။
www.myanmarmobileapp.com
Wednesday, July 6, 2016
မုန့်ဟင်းခါးချက်မလား ပလွေမှုတ်မလား
တစ်ခါတုန်းက ကောင်လေးတစ်ယောက်
မုန့်ဟင်းခါးကို အထမ်းနဲ့ လိုက်ရောင်းတယ်
သူက မုန့်ဟင်းခါးကို ကျကျနနချက်တတ်တော့
သူ့မုန့်ဟင်းခါးက အင်မတန် ရောင်းကောင်းတယ်...
စားကောင်းလွန်းအားကြီးတော့
သူ့ မုန့်ဟင်းခါးက အစောကြီးကုန်ကုန်သွားတယ်
သူကလည်း မုန့်ဟင်းခါးကို စေတနာပါပါနဲ့ ချက်တယ်
သူ့ မုန့်ဟင်းခါးလည်း နာမည်ရလာတယ်...
ဒီလိုနဲ့ တစ်နေ့ ခါတိုင်းထက် စောပြီးတော့ကို
မုန့်ဟင်းခါးက ရောင်းလို့ ကုန်သွားတယ်
ဒီတော့ ကောင်လေးလည်း ပျင်းပျင်းရှိတာနဲ့
သူ့မှာပါလာတဲ့ ပလွေကို ထိုင်မှုတ်တယ်...
ကောင်လေးက ပလွေမှုတ်တာ ဝါသနာပါတယ်
ဒါပေမဲ့ ပညာရှင်တစ်ယောက်လို
မှုတ်တတ်တာတော့ မဟုတ်ဘူး
သို့သော် နားထောင်လို့ ကောင်းရုံတော့
အသင့်အတင့် မှုတ်တတ်တယ်...
အဲ့တော့ သူပလွေမှုတ်နေတုန်းမှာ
ဘေးနားက ဖြတ်သွားဖြတ်လာ လူတွေက
သတိထားမိပြီး လာနားထောင်ကြတယ်
လက်ခုပ်သြဘာပေးကြတယ်
ဟိုသီချင်းလေးမှုတ်ပြပါ ဒီသီချင်းလေးမှုတ်ပြပါပေါ့...
သူကလည်း ကြိုးကြိုးစားစားနဲ့ မှုတ်ပြတယ်
လူတွေကလည်း ဝိုင်းလို့ နားထောင်ကြတယ်
ဒီလိုနဲ့ သူက တစ်နေ့ တစ်နေ့ အိမ်ပြန်ရောက်ရင်
မုန့်ဟင်းခါးချက်ဖို့ကို စိတ်မပါတော့ဘူး
ပလွေကို ဘယ်သီချင်းတွေ မှုတ်ပြရမလဲပဲ
စဉ်းစားတော့တယ် အဲ့ဒီမှာပဲ စိတ်ကရောက်နေတယ်...
မုန့်ဟင်းခါးအိုးကြီးကို ပစ်ထားတယ်
ခါတိုင်းလို စိတ်ပါလက်ပါနဲ့ မချက်တော့ဘူး
လူတွေလက်ခုပ်သြဘာပေးတဲ့ ပလွေမှုတ်တာကိုပဲ
သာယာပြီး ပျော်မွေ့နေတယ်...
အဲ့ဒီမှာ သူ့မုန့်ဟင်းခါး နာမည်ပျက်သွားတယ်
အရင်လို မရောင်းရတော့ဘူး
ပလွေကလည်း ပညာရှင်မဟုတ်ဘူး
ဒီအတိုင်း ဝါသနာရှင်အဆင့် မှုတ်တတ်ရုံဆိုတော့
အဲ့ဒါနဲ့လည်း အလုပ်မဖြစ်ဘူး
နောက်ဆုံး မျောက်သစ်ကိုင်းလွတ်ပြီး
ဟိုမရောက် ဒီမရောက်နဲ့ ဒုက္ခရောက်သွားတယ်...
ပုံပြင်ရဲ့ ဆိုလိုရင်းကိုတော့
ကိုယ့်ကိုယ်ကိုယ်ပဲ သာဓကပြပါ့မယ်
ကျွန်တော်က အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးတယ်
အင်ဂျင်နီယာအလုပ်နဲ့ ကုမ္ပဏီမှာလုပ်တယ်
အဲ့ဒီက လစာရတယ်
ဒါကျွန်တော်ချက်ရတဲ့ မုန့်ဟင်းခါးပဲ...
နောက် Facebook ပေါ်မှာ စာရေးတယ်
တချို့တွေ ချီးကျူးကြတယ်
ကျွန်တော် ဒါကို သာယာမိတဲ့အခါရှိတယ်
ဒီစာရေးတာက ကျွန်တော့်အတွက်
ပလွေမှုတ်တဲ့အလုပ်ပဲ...
Facebook ပေါ်မှာ စာရေးတဲ့ ပလွေမှုတ်တာကို
သာယာပြီး တစ်နေ့ တစ်နေ့ ဘာရေးရမလဲ
ဘာတင်ရမလဲ like တွေ သောင်းချီအောင်
Follower တွေ သိန်းချီအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး
တွေးနေပြီးတော့ မုန့်ဟင်းခါးချက်ရမယ့်
လစာရနေတဲ့ ကုမ္ပဏီက အင်ဂျင်နီယာအလုပ်ကို
အာရုံမစိုက်ဘူးဆိုရင် ဘယ်ဘဝရောက်သွားမယ်ထင်လဲ...
ကိုယ့်ဘာသာကိုယ် စဉ်းစားရမှာပေါ့
ငါ့ရဲ့မုန့်ဟင်းခါးချက်တဲ့အလုပ်က ဘာလဲ
ငါ့ရဲ့ပလွေမှုတ်တဲ့အလုပ်က ဘာလဲ
ငါမုန့်ဟင်းခါးချက်နေတာလား
ငါပလွေမှုတ်နေတာလားပေါ့...
တချို့ကတော့ ထူးချွန်ကြပါတယ်
အလုပ်နှစ်ခု တပြိုင်တည်း အာရုံစိုက်နိုင်တယ်
မုန့်ဟင်းခါးလည်း အချက်ကောင်းတယ်
ပလွေလည်း အမှုတ်တော်တယ်
သို့သော် တော်တော်တော့ရှားပါတယ်...
တချို့ကျတော့လည်း အစက မုန့်ဟင်းခါချက်တယ်
နောက်တော့ ပလွေပြောင်းမှုတ်တယ်
ပလွေကို သေချာလေ့လာသင်ယူပြီး မှုတ်တော့
ပညာရှင်အဆင့်ဖြစ်သွားတယ်
အဲ့ဒါနဲ့ အသက်မွေးသွားတယ် ဒါမျိုးလည်း ရှိနိုင်တယ်...
ဆိုလိုတာက မျောက်သစ်ကိုင်း မလွတ်စေနဲ့ပေါ့
မုန့်ဟင်းခါးချက်ရင်လည်း သေချာချက်
မဟုတ်ရင်လည်း ပလွေကို သေချာမှုတ်
အရေးကြီးတာက ဟိုမရောက် ဒီမရောက်ကာလမှာ
ယောင်ဝါးဝါး လက်ခုပ်သြဘာတွေကို
နားမယောင်မိစေနဲ့ပေါ့ မသာယာမိစေနဲ့ပေါ့...
ဒီလိုမှမဟုတ်ဘဲ မုန့်ဟင်းခါးလည်း အာရုံမစိုက်
ပလွေကိုလည်း သေချာမမှုတ်တတ်ဘဲ
ပျော်မွေ့နေတယ်ဆိုရင်
ကိုယ့်ဘဝလည်း ပုံပြင်ထဲက ကောင်လေးလိုပဲ
နိဂုံးချုပ်သွားနိုင်တာပေါ့...
အခုရေးထားတဲ့ status လေးဟာ
ဆရာမောင်သာချိုရဲ့ဆောင်းပါးထဲက ပုံပြင်လေးကို
ကိုးကားရေးသားထားတာဖြစ်ပါတယ်
ကိုယ့်ဘဝရဲ့အဓိကနဲ့ သာမညကို
ခွဲခြားသိမြင်နိုင်ကြပါစေ (ကျွန်တော်အပါအဝင်ပေါ့)...
Sunday, July 3, 2016
facebook မှ video download ယူရန်
ဖုန်းမှာ facebook version 40 အောက်ကိုသာ
အသုံးပြုထားရမှာဖြစ်ပါတယ်
အရင်ဆုံး Viral lite ကိုဒေါင်းပါ
အောက်ကပုံတွေအတိုင်းဆက်သွားရန်
အဆင်းပြေပါစေ #zechan