သီတဂူဆရာတော်ကြီးက လောင်ကျွမ်းမှုများတွင် ကိုယ့်ကိုယ်ကို ရောမပါကြဖို့သတိပြုစေလိုကြောင်းဟောကြား
==============================
၁၄..၇..၁၆
-
သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲတစ်ပွဲကို ယနေ့ညပိုင်းက ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
-
ဆရာတော်ကြီးက တရားဟောကြားရာတွင် "ပြည့်စုံတဲ့ ဘုရားဟော ဝါကျ
တိုင်းဟာ ဓမ္မ စေတီတဆူပါပဲ။ ဆရာတော်တွေ နှုတ်မှ ရွတ်ဆိုသမျှတို့ကို ဓမ္မ စေတီ
ကြွလာသလို အာရုံပြု နာကြားရင်းဖြင့်ကုသိုလ်ရယူစေလိုကြောင်း
"မိန့်ကြားပါသည်။ ထို့နောက် ဆက်လက်ဟောကြားရာတွင် "နတ်ပြည်တွေ
ဟာကာမရဲ့အနှောင်ဖွဲ့ထဲမှာရှိတာပါ။မာရ်နတ်ရဲ့နယ်ပယ်တွေပါသာဖြစ်
ကြောင်း"ကို ဥပါစာရီ ၏အဖြေစကားဖြင့်ညွှန်ပြဆုံးမပါသည်။
လောက၏ သဘောတရား ၄ပါး ကိုလည်းဖွင့်ဆိုဟောကြားခဲ့သည်။
-
တလောကလုံး အတွင်းလှိုက် ၍လောင်နေသဖြင့် united က divided မဖြစ်
စေလိုကြောင်း၊ လောကကြီးတခုလုံး အခိုးထွက်နေသည်ဟုဆိုကြရာတွင် ဥပမာအားဖြင့် အိပ်မပျော်လောက်အောက် တွေးကြံနေတာက အခိုး
ထွက်ခြင်းမျိုးဖြစ်နေပြီး ညမှာအခိုးလွတ်၊နေ့မှာလောင်ကျွမ်းကြကာ
ယင်းကို မတားဆီနိုင်လျှင် တောမီးလောင်သကဲ့သို့ ကူးစက်လောင်ကျွမ်း သွားနိုင်ကြောင်း၊ လောကကြီးတခုလုံး တုန်လှုပ်နေသည်ဟု ဆိုရာတွင်
လည်း ဥပမာအားဖြင့်စီးပွားရေး၊ဘာသာရေး အားလုံး မအေးဘဲ လှုပ်နေကြခြင်းဖြစ်ကာ
လောကတ၀န်းမီးလောင်နေပါတယ်ဆိုမှ ရှို့သူကလည်းရှိတတ်ကြောင်း၊ ထို့ကြောင့်
ယင်းလောင်ကျွမ်းမှုများတွင် ကိုယ့်ကိုယ်ကိုရောမပါဖို့ " စသည်ဖြင့်
ဆုံးမဟောကြားသွားပါသည်။
===========
Photos by Hkun lat
No comments:
Post a Comment