Myanmar

Monday, July 25, 2016

သင်ပေးဖို့ ငုတ်တုတ်ထိုင်စောင့်နေတယ် ဆိုတဲ့ ၀န်ထမ်းများ ဖတ်ဖို့ ...... ...

သင်ပေးဖို့ ငုတ်တုတ်ထိုင်စောင့်နေတယ် ဆိုတဲ့ ၀န်ထမ်းများ ဖတ်ဖို့ ...... ... မိန်းမလှလေးတစ်ယောက်က လစာတိုးဖို့ အသနားခံခဲ့သော်လည်း သူဋ္ဌေးက သူမကို ဤကဲ့သို့  ပြောစရာစကားမရှိ ဖြစ်စေခဲ့သည်။
သူမက ကုမ္ပဏီမှာ အလုပ်လုပ်တာ သုံးနှစ်ပြည့်တော့ပါမယ်။ သူမနောက်မှ ရောက်လာတဲ့ လုပ်ဖော်ကိုင်ဖက်တွေထက်တောင် ရာထူးတိုးဖို့  အခွင့်အရေးက ဦးစားပေးနေရာမှာ ရှိသည်။ သူမက ဒီနေရာက မတက်တော့ ရင်ထဲမှာသိပ်မကောင်းပေ။ နောက်ဆုံးတော့ တစ်ရက်မှာ သူမအရဲစွန့် ပြီး သူဋ္ဌေးကို သွားတွေ့ ကာ အကျိုးအကြောင်းပြောကြည့်သည်။
“သူဋ္ဌေးရှင့် ကျွန်မက အလုပ်ကို နောက်ကျမှ ရောက်တာမျိုး၊ ပြီးရင် စောစောပြန်တာမျိုး၊ ပြီးတော့ စည်းကမ်းဖောက်ဖျက်တဲ့ပုံရိပ်များ ရှိခဲ့ပါသလား” လို့ မေးကြည့်သည်။ သူဋ္ဌေးက ချက်ချင်းပြန်ဖြေသည်။ “မရှိပါဘူး”ဟူရ်ျ။ “ဒါဆိုကုမ္ပဏီက ကျွန်မအပေါ်မှာ တဖက်သတ်အမြင်များ ရှိပါသလား။ “ ဟုဆက်မေးသည်။ သူဋ္ဌေးက တစ်ချက်တုံ့ ဆိုင်းပြီး ဆက်ဖြေလိုက်သည်။ “တကယ်ကိုမရှိပါဘူး” ဟူရ်ျ။ “ဒါဆို ကျွန်မထက် အတွေ့ အကြုံနည်းတဲ့လူတွေက ရာထူးတက်ပြီး ကျွန်မကတော့ ဘာဖြစ်လို့  ဒီနေရာက မတက်တာလဲ” ဟူရ်ျ မေးပြန်သည်။ သူဋ္ဌေးက တချက်စဉ်းစားလိုက်သည်။ ပြီးတော့ ရယ်ပြီးပြောသည်။ ခင်ဗျားကိစ္စကို ကျွန်တော်တို့  ခဏနေကျမှ ဆက်ပြောမယ်။ ကျွန်တော့်မှာ အရေးကြီးကိစ္စတစ်ခုရှိတယ်လို့  သူမကို ပြောသည်။ ဒါမှမဟုတ် ဒီကိစ္စကို ကျွန်တော့်အစား စီမံခန့်ခွဲထားလိုက်ပါလား” ဟု ဆက်ပြောသည်။ “ဖောက်သည်တစ်ဦး ကုမ္ပဏီကိုလာပြီး ကုန်ပစ္စည်းအခြေအနေကို စစ်ဆေးဖို့ ရှိတယ်။ ခင်ဗျားသူတို့ ကို ဆက်သွယ်ထားလိုက်၊ ဘယ်အချိန်လောက်လာမလဲလို့  မေးထားပေး” လို့ သူဋ္ဌေးက ပြောသည်။ “ဒါတကယ့်ကို အရေးကြီးတဲ့ တာဝန်တစ်ခုပါ” လို့ လည်း ဆက်ပြောသည်။ တံခါးမှ ပြန်မထွက်ခင်အထိ သူမကို ပြောတဲ့စကားတွေကို တစ်ခွန်းမှ မမေ့ခဲ့ပါ။
အချိန်ခဏလေးကြာပြီးနောက်မှာ သူမက သူဋ္ဌေးရုံးခန်းကို ပြန်ရောက်လာပါတယ်။
“ဆက်သွယ်လို့ ရလား” လို့ သူဋ္ဌေးက မေးပါတယ်။
“ဆက်သွယ်လို့ ရပါတယ်။ နောက်အပတ်လောက် ရောက်နိုင်တယ်လို့ သူတို့ က ပြောပါတယ်” လို့  သူမက ပြန်ဖြေသည်။
“နောက်အပတ်ဆိုတော့ ဘယ်ရက်လဲ”
“ဒါတော့ ကျွန်မသေချာမမေးမိပါဘူး”
“သူတို့ က တစ်ဖွဲ့ မှာ ဘယ်နှစ်ယောက်ပါလဲ”
“အဲ…ဒါတော့ ရှင်ကျွန်မကို မမေးခိုင်းဘူးလေ”
“ဒါဆို သူတို့ က ရထားစီးမှာလား၊ လေယာဉ်စီးမှာလား”
“ဒါလည်း ရှင်က ကျွန်မကို မမေးခိုင်းဘူးလေ”
သူဋ္ဌေးက ဘာမှဆက်မပြောတော့ပါဘူး။ ကျန်းရီဆိုတဲ့ ကောင်မလေးကို သူကဖုန်းဆက်ခေါ်လိုက်ပါတယ်။ ကျန်းရီက သူမထက် တစ်နှစ်လောက်နောက်ကျပြီးမှ ကုမ္ပဏီကို ရောက်လာတာပါ။ အခုတော့ သူမက ဋ္ဌာနတစ်ခုမှာ တာဝန်ခံဖြစ်နေပါပြီ။ ကျန်းရီကိုလည်း သူမနဲ့  တာဝန်တစ်ခုတည်းဖြစ်တဲ့ ခုနက အလုပ်ကို တာဝန်ပေးလိုက်ပါတယ်။ ခဏလောက် အလုပ်လုပ်ပြီးတဲ့အချိန်မှာ ကျန်းရီ ပြန်ရောက်လာပါတယ်။
“ဒီလိုရှိပါတယ်။ သူတို့ က နောက်အပတ်သောကြာနေ့  ညနေသုံးနာရီမှာ လေယာဉ်နဲ့  ထွက်လာပါမယ်။ ည၆နာရီလောက်တော့ ရောက်ပါမယ်။ သူတို့ တစ်ဖွဲ့ လုံးမှာ ၅ယောက်ပါပါမယ်။ ဝယ်ယူရေးဋ္ဌာန ဝမ်မန်နေဂျာက အသင်းကို ဦးဆောင်ပါတယ်။ ကျွန်မ သူတို့ နဲ့  ပြောပြီးသွားပါပြီ။ ကျွန်မတို့ ကုမ္ပဏီက လူလွှတ်ပြီး လေဆိပ်မှာ သွားကြိုပါမယ်။ ပြီးတော့ သူတို့ ကနှစ်ရက်လောက် အချိန်ပေးပြီး စစ်ဆေးဖို့ ရှိပါတယ်။ ပစ္စည်းရောက်ပြီးနောက်မှ နှစ်ဖက်ဆက်ပြီး စီးပွားရေးဆွေးနွေးမှာပါ။ အလုပ်လုပ်ရတာ လွယ်ကူဖို့ အတွက် ကျွန်မက အနီးမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာဟိုတယ်မှာ တည်းဖို့ အကြံပေးထားပါတယ်။ တကယ်လို့ ရှင်သာ သဘောတူမယ်ဆိုရင် အခန်းကို ကျွန်မ မနက်ဖြန် ကြိုတင်ပြီး Booking လုပ်ထားလိုက်ပါ့မယ်။ ပြီးတော့ နောက်အပတ်မှာ မိုးလေဝသက မိုးရွာမယ်လို့  ကြေညာထားပါတယ်။ ကျွန်မက သူတို့ နဲ့  အချိန်မရွေးတွေ့ ပြီး ဆက်သွယ်လို့  ရပါတယ်။ အခြေအနေနည်းနည်း ပြောင်းတာနဲ့  ကျွန်မက ရှင့်ကို အချိန်မရွေး ပြန်တင်ပြပါ့မယ်။” ကျန်းရီထွက်သွားပြီးနောက်မှာတော့ သူဋ္ဌေးက သူမကို တစ်ချက်ပုတ်လိုက်ပြီး “ခု ကျွန်တော်တို့  ခင်ဗျားပြောတဲ့ ပြဿနာအကြောင်းကို ဆွေးနွေးရအောင်” လို့ ပြောပါတယ်။
“မလိုတော့ပါဘူး။ ကျွန်မ အကြောင်းအရင်းကို သိသွားပါပြီ” ဟု သူမက ပြန်ဖြေသည်။ သူမ ရုတ်တရက် နားလည်လိုက်ပါတယ်။ ဘယ်သူမှ မွေးကတည်းက အရာရာမလုပ်တတ်ပါဘူး။ အရာအားလုံးဟာ ရိုးရှင်းပြီး လွယ်ကူတဲ့ ကိစ္စသေးသေးလေးတွေကနေ စကြရတာချည်းပါပဲ။
ဒီနေ့ သင်ဟာ သင့်ကိုယ်သင် မည်သည့်တံဆိပ်ကပ်ပါစေ၊ ဒါမှမဟုတ်ရင်လည်း မနက်ဖြန်မှာ သင်ဟာ ကြီးမားတဲ့ တာဝန်ထမ်းဆောင်နိုင်မှာလား ဆိုတာကို ဆုံးဖြတ်ပြီးရင် စိုးရိမ်စိတ်ရဲ့  ရေမှတ်ဟာ အလုပ်ရဲ့ စွမ်းဆောင်နိုင်စွမ်းမှာ သက်ရောက်မှုရှိပါတယ်။
သို့ သော်လည်း ကုမ္ပဏီတစ်ခုဟာ အလုပ်လုပ်ရာမှာ ကိုယ်ကိုယ်တိုင်စတာဝန်ယူတတ်ပြီး လုပ်ကိုင်တတ်တဲ့ ဝန်ထမ်းကိုသာ အလိုရှိတာပါ။
တော်တဲ့ဝန်ထမ်းဆိုတာ သူများက စီမံပေးတဲ့ အလုပ်ကိုမှ အမြဲစောင့်ဆိုင်းနေတဲ့သူ မဟုတ်ပါ။
ကိုယ်ကိုယ်တိုင်စတင်ပြီး ဘာကိုလုပ်သင့်သလဲဆိုတာ နားလည်အောင် လုပ်တာပါ။ ပြီးရင် အားစိုက်ထုတ်ပြီး အလုပ်ပြီးမြောက်အောင် လုပ်တာပါ။

Credit to သောကြာငယ်-၂၁ရာစု

No comments:

Post a Comment