Myanmar

Monday, July 25, 2016

လူသိနည်းပြီး အသုံးဝင်တဲ့ iPhone ရဲ့ လုပ်ဆောင်ချက်များ

လူသိနည်းပြီး အသုံးဝင်တဲ့ iPhone ရဲ့ လုပ်ဆောင်ချက်များ
IOS Platform ဟာတစ်ကယ်ကို User Friendly ဖြစ်ပြီး၊ နေ့ စဉ်ဘ၀မှာ အသုံးဝင်လှပါတယ်။
မြန်မာနိုင်ငံမှာ iPhone သုံးစွဲသူဦးရေ အများကြီးရှိပြီး တော်တော်များများကတော့ iPhone ဟာ မဟန်းဘူး၊ Game ဆော့လို့ ကောင်းတယ်၊ Internet သုံးလို့ ကောင်းတယ်၊ ဆိုပြီးကြိုက်ကြပါတယ်။ ဒါပေမယ့် iPhone မှာ ဒီထက်ပိုတဲ့ အသုံးဝင်တဲ့ Features တွေအများကြီး ပါဝင်ပါတယ်။ ဒါတွေကတော့...
(1) Night Shift
IOS 9.3 မှာ ဒီ Feature စတင်ပါဝင်လာပါတယ်။ ခုဈေးကွက်ထဲက ဖုန်းအကုန်လုံးရဲ့ Screen ဟာ အပြာရောင် (blue wavelength) များပါတယ်။ ဒါဟာ ကျနော်တို့ ညဘက်ဖုန်းသုံးတဲ့အခါ အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။ Night Shift ဟာဆိုရင် ဒီ အပြာရောင်ကိုလျော့ချပြီး အ၀ါရောင်ဘက်သန်းစေလိုက်လို့  ညဘက်စာဖတ်ဖို့ ၊ Game ဆော့ဖို့ အဆင်ပြေစေပြီး မျက်လုံးလည်း မပျက်စီးတော့သလို အိပ်ပျော်ဖို့ ပိုမိုလွယ်ကူစေပါတယ်။ ဒီ Feature ကိုသုံးမယ်ဆို IOS 9.3 တင်ရမှာဖြစ်ပြီး၊ Settings > Display & Brightness > Night Shift ကို On လိုက်ယုံပါပဲ။ Control Center ကိုဆွဲတင်လိုက်ရင်လည်း Night Shift icon လေးကို တွေ့ ရမှာဖြစ်ပြီး၊ အဲ့ကနေတစ်ဆင့် On လို့ လည်း ရပါတယ်။
(2) Six Digit Security Code
IOS 8 မှာ Lock Screen Code က ၄လုံးပါ။ ဒါဟာ သင့်ဖုန်း အခိုးခံရပြီဆိုရင် Lock Screen ကိုဖွင့်ဖို့ အကြိမ် 10,000 မှန်းဆရပါမယ်။ IOS 9 မှာတော့ Apple က Lock Screen Code ကို ၆ လုံးထိတိုးမြှင့်လိုက်ပါတယ်။ ဒါဟာ ခိုးတဲ့သူအဖို့ ဖုန်းကိုဖွင့်ဖို့ ရာ အကြိမ် တစ်သန်း မှန်းမှရပါမယ်။ Lock Screen Code ကို ၆ လုံးထိ ပြောင်းဖို့ အတွက် Settings > Touch ID & Passcode > Change Passcode > Passcode Options ထဲကို ၀င်ပြောင်းလို့ ရပါတယ်။
(3) Search in Settings
Settings ထဲမှာ ကိုယ်ရှာချင်တဲ့ Menu တွေကို ရှာမတွေ့ ဘူး၊ မြန်မြန်ရှာချင်တယ်ဆို Settings ထဲကိုဝင်လိုက်ပါ၊ Screen ကို အောက်ကိုပွတ်ဆွဲလိုက်မယ်ဆို၊ Search Box လေး ကျလာပါမယ်။ ဒီထဲမှာ ကိုယ်လိုချင်တဲ့ Settings Tabs တွေကို ၀င်ရှာလို့ ရပါတယ်။
(4) Low Power Mode
iPhone ရဲ့  Power သုံးစွဲမှုဟာ Android တွေထက် နည်းတယ်ဆိုပေမယ့်၊ Game, Internet တွေ အသုံးများတဲ့အခါ အားကုန်မြန်ပါတယ်။ ဒီအတွက် Settings > Battery > Low Power Mode ကို On လိုက်ပြီး အားသုံးစွဲမှုကို လျော့ချနိုင်ပါတယ်။
(5) Wifi-Assist
မြန်မာနိုင်ငံမှာ Connection တွေအရင်ကထက် ပိုကောင်းလာပေမယ့် နေရာတိုင်း မကောင်းသေးပါဘူး။ ဒီလို Wifi Weak Signal အခြေအနေမျိုးမှာ Wifi-Assist Features ဟာ Cellular Data ကို ပြန် သုံးပြီး Wifi Signal ကို ပိုကောင်းအောင် လုပ်ပေးလိုက်တာမျိုးပါ။ ဒီအတွက် Settings > Cellular ထဲကို ၀င်လိုက်ပါ၊ ပြီးရင် ဟိုးအောက်ဆုံးထိ သွားလိုက်ပြီး Wifi-Assits ကို On လိုက်ရင် Internet သုံးရတာ ပိုမြန်ဆန်လာပါလိမ့်မယ်။
(6) Hey Siri
IOS ကို လူတွေကြိုက်ကြတဲ့အချက်ထဲမှာ ဥာဏ်သိပ်ကောင်းတဲ့ Siri ကြောင့်လဲ ပါပါတယ်။ ခုဆို Internet တွေလဲ ကောင်းနေပြီဖြစ်လို့ Siri ကိုကောင်းကောင်း သုံးလို့ ရနေပါပြီ။ Siri ကို သုံးမယ်ဆို Settings > Gneneral > Siri > Allow Hey Siri ကို On လိုက်ပါ။ သင့်အသံကို ကောင်းကောင်း မှတ်မိစေဖို့ လေ့ကျင့်ခန်းလေးတွေ လုပ်ခိုင်းပါလိမ့်မယ်။ ပြီးရင် Home Button ကို ခပ်ကြာကြာလေး ဖိထားရင် Siri ပေါ်လာပြီး မေးခွန်းတွေ စမေးလို့ ရပါပြီ။ ( Siri သုံးပုံသုံးနည်း အကျယ်ကို နောက်မှ သပ်သပ် ထပ်ရေးပေးပါမယ်။ )
(7) Drag to Select Photos
iPhone ရဲ့ Photos App မှာ ဓာတ်ပုံတွေအများကြီးကို Select လုပ် Delete လုပ်ချင်တယ်ဆို Select All ဆိုတာ မပါပါဘူး။ ဒါပေမယ့် မခက်ပါဘူး၊ Photos App ထဲမှာ Select ကို နှိပ်ပါ၊ ပြီးရင် ဘယ် မှ ညာ၊ အပေါ် မှ အောက် လက်နဲ့ ပွတ်ဆွဲလိုက်မယ်ဆို အကုန် Select မှတ်ပြီးသား ဖြစ်သွားပါပြီ။
(8) Shake to Undo
iPhone ရဲ့  Messages မှာ Facebook မှာ Safari မှာ စာရိုက်နေရင်း မှားသွားတယ်ဆိုရင်၊ ပြန်ဖျက်ဖို့ အတွက် သင့် iPhone ကို ဘယ်ညာလှုပ် (Shake) လိုက်ယုံပါပဲ။ ဒီ Features ကို Settings > General > Accessibility > Shake to Undo ကို On ပြီး သုံးလို့ ရပါပြီ။
(9) Request Desktop Site
Safari ထဲမှာ Web Page တွေဝင်ကြည့်ရင် တစ်ချို့ Page တွေက Mobile နဲ့ အံဝင်အောင် ပြုပြင်ပေးထားပေမယ့်၊ တစ်ချို့ Page တွေက Mobile Phone ပေါ်မှာကြည့်လို့ အဆင်မပြေလှပါဘူး။ ဒီအတွက် Safari မှာ Desktop မှာ မြင်ရသလို မြင်ရစေဖို့ ၊ Safari ရဲ့ အောက်ဆုံးက မြှားပုံစံလေးကို နှိပ်လိုက်ပါ၊ ပြီးရင် Request Desktop Site ဆိုတာကို ရှာပြီး နှိပ်လိုက်ရင်၊ Desktop Computer မှာ မြင်ရသလို Web Page ကို အသေးစိပ် မြင်ရမှာ ဖြစ်ပါတယ်။
(10) Make a Website PDF
Safari ထဲမှာ Website တွေလိုက်ကြည့်နေရင်း ကိုယ့်အတွက်အသုံးဝင်မယ့် ကိုယ်သိမ်းထားချင်တဲ့ အကြောင်းအရာလေးတွေပါရင်၊ အရင်ကဆို Bookmarks လုပ်ထားတတ်ကြပါတယ်။ ဒါပေမယ့် ခုတော့ PDF အနေနဲ့ ပြောင်းပြီး သိမ်းလို့ ရပါပြီ ခင်ဗျာ။ Safari ရဲ့ အောက်ဆုံးက မြှားပုံစံလေးကို နှိပ်လိုက်ပါ၊ ပြီးရင် Save PDF to iBooks ကိုရွေးလိုက်ရင်၊ သင်ကြည့်နေတဲ့ Web Page က PDF File အနေနဲ့  iBooks ထဲမှာ သိမ်းပြီးသွားပါပြီ။ ကြိုက်တဲ့အချိန် iBooks App ထဲမှာ ပြန်ရှာဖတ်ယုံပဲပေါ့
အပိုင်း 2 ကို ဆက်လက် အားပေးကြပါဦး ခင်ဗျား။ :)
Credit Original Uploaded



No comments:

Post a Comment