ဖုန်းအသုံးပြုသူတွေအနေနဲ့ စတင်ဝယ်ယူသုံးစွဲတော့မယ်ဆိုရင်
ဘယ် brand တွေကိုသုံးသင့်လဲဆိုတာ အနည်းနဲ့အများတော့
ရွေးချယ်တက်ကြပါတယ်။ီးလိုရွေးချယ်အသုံးပြုကြတဲ့ အထဲကမှ
Samsung , Sony , Huawei brand သုံးမျိုးရဲ့ ရွေးချယ်ရန်သင့်တော်တဲ့
အချက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။
Samsung –
Samsung ကိုရွေးချယ်ရန် စိတ်ကူးရှိရင်တော့ Feature တွေကိုသုံးရတာနျှစ်
သက်မှု့ရှိတယ်ဆိုရင်တော့ ရွေးချယ်သင့်ပါတယ်။ Samsung ဟာအခြား
brand တွေထက် Feature ပိုင်းမှာဆိုရင် သုံးလို့ကောင်းတယ်လို့ပြောရပါမယ်။ သူဟာအမျိုးမျိုးသော Feature တွေကို model အသစ်ထွက်တိုင်း
တိုးမြှင့်ထည့်သွင်းလာပါတယ်။ series အလိုက်လဲ မတူတဲ့ Feature တွေကို
ခံစားနိုင်အောင်လည်း ဖန်တီးပေးထားတာကြောင့် Feature ပိုင်းတွေကို
အသုံးပြုရန် စိတ်ဝင်စားတယ်ဆိုရင်တော့ Samsung ဟာ သင့်တော်ပါတယ်။
Sony –
Sony ကတော့အားလုံးသိတဲ့အတိုင်း Media ပိုင်းကိုဦးစားပေး ထုတ်လုပ်
ထားတာကိုတွေ့ရမှာပါ။ Sony ဟာအခြား brand တွေနဲ့မတူတဲ့
အသံပိုင်းဆိုင်ရာ ကင်မရာပိုင်းဆိုင်ရာ Media ပိုင်းတွေကို အရည်အသွေးမြင့်
စွာထုတ်လုပ်ထားတာတွေ့ရပါတယ်။ သူတို့ရဲ့ camera MP ဟာဆိုရင်
အခြား brand တွေနဲ့မတူ မြင့်မားစွာတပ်ဆင်ထားပါတယ်။ photo , video
တွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ နောက်ထပ်တစ်ခုကတော့
Music media ပိုင်းပါပဲ။ Music ပိုင်းမှာဆိုရင်တော့ နားထောင်ရတဲ့
အပိုင်းမှာ တော်တော်လေးကောင်းမွန်တာတွေ့ရတဲ့အတွက်ကြောင့် Media
ပိုင်းတွေကိုကောင်းကောင်း အသုံးပြုချင်တယ်ဆိုရင်တော့ Sony ဟာသင့်တော်ပါတယ်။
Huawei –
Huawei မှာ အသုံးပြုရန်သင့်တော်တဲ့အချက်ကတော့
ဈေးနှုန်းပိုင်းလို့ပြောရပါမယ်။ Huawei ဟာ model
အမျိုးမျိုးထုတ်လုပ်နေပေမဲ့ သူဟာ လူတန်းစားအလိုက် ရွေးချယ်နိုင်တဲ့
အမျိုးမျိုးသောသင့်တော်တဲ့ ဈေးနှုန်းလေးတွေနဲ့
ရောင်းချပေးထားတာတွေ့ရပါတယ်။ ဒါ့အပြင် Huawei ဖုန်းများဟာ လိုအပ်တဲ့
spare part ပစ္စည်းများဆိုရင်လဲ ဈေးကွက်ထဲမှာ အဆင်ပြေပြေ၀ယ်ယူရန်
အဆင်သင့်ရှိတဲ့အတွက်ကြောင့် တစ်ခုခုပျက်စီးခဲ့မယ်ဆိုရင်လဲ ပြင်ဆင်ချိန်ကို
သက်သာစေပါတယ်။ ဒါကြောင့် Huawei ဟာ ဈေးနှုန်းပိုင်းနဲ့ပတ်သတ်ပြီး
စဉ်းစားမယ်ဆိုရင်တော့ Huawei brand ဟာ သင့်တော့ပါတယ်။
www.myanmarmobileapp.com
No comments:
Post a Comment