Myanmar

Monday, October 3, 2016

ရေခိုးရေငွေ့များ ပန်းထွက်နေသော ယူရိုပါ

နေအဖွဲ့အစည်းအတွင်းမှာ ကျနော်တို့နေထိုင်တဲ့ ကမ္ဘာလို ရေ ရှိနိုင်တဲ့နေရာကို ကျနော်တို့ အတည်ပြုနိုင်ခဲ့ပါပြီ..။ ဂျူပီတာဂြိုဟ်ကြီးရဲ့ ဂြိုဟ်ရံလ တစ်ခုဖြစ်တဲ့ ယူရိုပါ လ ဖြစ်ပါတယ်..။
၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်က နာဆာရဲ့ ဟာဘယ် အာကာသတယ်လီစကုတ် (နောက်ဆုံးပုံ) မှတဆင့် အမြင့် ၁၂၅ မိုင် (၂၀၀ ကီလိုမီတာ) လောက်အထိ ပန်းထွက်နေတဲ့ ရေခိုးရေငွေ့များကို ယူရိုပါလ ရဲ့ တောင်ဝင်ရိုးစွန်းအပိုင်းမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ အာကာသဇီဝဗေဒပညာရှင်များနဲ့ အာကာသ သိပံ္ပပညာရှင်များအတွက် အင်မတန် စိတ်လှုပ်ရှားစရာကောင်းသော သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ၄င်းတို့ကိုယ်တိုင် ယူရိုပါကို အသေးစိပ်လေ့လာဖို့အတွက် ဂြိုဟ်ဆင်းယာဉ်ငယ် လွှတ်တင်နိုင်ဖို့ အကြံပြုခဲ့ကြပါတယ်။
အာကာသသိပံ္ပပညာရှင် ဝီလီယံ စပါ့ခ် (William Sparks) ဦးဆောင်တဲ့အဖွဲ့ဟာ ဟာဘယ်တယ်လီစကုတ်ကို အသုံးပြုပြီး ယူရိုပါကို ၁၅ လ တိုင်တိုင် လေ့လာမှုပြုခဲ့ပါတယ်။ ဂျူပီတာဂြိုဟ်ရှေ့ကို ဖြတ်သွားတဲ့အချိန် ၁၀ ခုကို မှတ်တမ်းယူနိုင်ခဲ့ပြီး အဲ့ဒီ့ထဲကမှ ဓါတ်ပုံ ၃ ခုမှာ ရေခိုးရေငွေ့များ ပန်းထွက်တာကို မြင်တွေ့ခဲ့တာဖြစ်ပါတယ်။ အချိန်အားဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီ၊ မတ် နဲ့ ဧပြီလတွေမှာပါ။ ဒီအချက်အလက်တွေနဲ့ ဓါတ်ပုံတွေကို မနေ့က (၂၀၁၆ စက်တင်ဘာလ ၂၆ ရက်) က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖော်ထုတ်ပြသခဲ့ပါတယ်။
အခုလို ရေပူစမ်းများ (ရေခိုးရေငွေ့များ ပန်းထွက်ခြင်း) ဖြစ်ပေါ်ရခြင်းမှာ ယူရိုပါလရဲ့ ရေခဲမျက်နှာပြင်အောက်မှာရှိတဲ့ ရေမုဒ္ဒရာ စီးဆင်းမှုကြောင့်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဒီ ရေပူစမ်းတွေ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လိုအခြေအနေမျိုးမှာ ပေါ်ထွက်လာနိုင်သလဲဆိုတာကို တိတိကျကျ ပြောနိုင်ဖို့အတွက် အသေးစိပ်လေ့လာမှုတွေ ဆက်လက်ပြုလုပ်ရဦးမှာပဲဖြစ်ပါတယ်။
Read More: http://www.space.com/34196-jupiter-moon-europa-giant-water-…
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့်စကြဝဠာ)






No comments:

Post a Comment