■ လာလီဂါ ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
■ စပို့တင်းဂီဂျွန် နှင့် ဆီဗီလာ (အောက်တိုဘာ ၂၉ ရက် မြန်မာစံတော်ချိန် ညနေ ၅း၃၀)
နည်းပြ ဆမ်ပါအိုလီလက်ထဲမှာ ဆီဗီလာအနေအထားက စောင့်ကြည့်ချင်စရာကောင်းလာပါပြီ။ အဝေးကွင်းနိုင်ပွဲပြန်ရ ထားပြီး အဆင့်(၂)နေရာကိုရောက်နေတယ်။ စပို့တင်းဂီဂျွန် ကစားပုံမဆိုးပေမယ့် ဆီဗီလာနဲ့ ဂိုးအနည်းပဲကောင်းမယ်။
■ အလာဗတ်စ် နှင့် ရီးယဲလ်မက်ဒရစ် (အောက်တိုဘာ ၂၉ ရက် မြန်မာစံတော်ချိန် ည ၈း၄၅)
ရှုံးပွဲမရှိသေးတဲ့အပြင် အနိုင်ရသင့်တဲ့ပွဲတွေ အနိုင်ရအောင်ကစားပြီး ရီးယဲလ်တို့ ထိပ်ဆုံးနေရာကို ရယူထားနိုင်တယ်။ အသင်းမှာဒဏ်ရာပြဿနာတွေကြောင့် လူစုံတက်စုံမကစားနိုင်သေးပေမယ့် တတ်နိုင်သလောက် အမှတ်မဖြုန်းမိအောင်လည်း ကြိုးစားနေတာတွေ့ရတယ်။ နောက်ဆုံး (၃)ပွဲဆက်နိုင်ပွဲပြန်ရလို့ ရီးယဲလ်ကစားပုံယုံကြည်မှုပိုအားကောင်းလာသလို တွေ့ရပေ မယ့် အခုကစားမယ့်အလာဗတ်စ်နဲ့ပွဲကိုတော့ သတိထားရမယ့်ပုံပါပဲ။ အလာဗတ်စ်ဟာ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့အပြင် အက် သလက်တီကို၊ ဘာစီလိုနာတို့ကိုအဝေးကွင်းတွေမှာ သရေနဲ့အနိုင်ရအောင်ကစားထားတဲ့အသင်းဖြစ်လို့ အသင်းကြီးတွေကိုရင်ဆိုင်တတ်တဲ့အသင်းမျိုးလို့ပြောနိုင်တယ်။ တစ်ဦးချင်းထူးချွန်တဲ့ကစားသမားမျိုးမရှိပေမယ့် အသင်းလိုက်စုစည်းမှုကောင်း တဲ့အပြင် နည်းပြလိုချင်တဲ့ပုံစံအတိုင်းရအောင်ကစားတတ်တဲ့အသင်းဖြစ်လို့ ရီးယဲလ်သတိထားရမယ့်ပြိုင်ဘက်မျိုးပါ။ အခု ပွဲလည်း အိမ်ရှင်အဖြစ်ကစားရမှာဆိုတော့ အလာဗတ်စ်ရဲ့စုစည်းမှုအားနဲ့ စိတ်ဓာတ်ပိုင်းကပိုကောင်းနေနိုင်တယ်။ ရီးယဲလ်က လည်း အဝေးကွင်းမှာခံစစ်အားပြုတဲ့အသင်းနဲ့ဆို ဂိုးရဖို့ရုန်းကန်ရတတ်တယ်။ အလာဗတ်စ်နဲ့ ဂိုးအနည်းပဲကောင်းမယ်ထင်တယ်။
■ အက်သလက်တီကို နှင့် မာလာဂါ (အောက်တိုဘာ ၂၉ ရက် မြန်မာစံတော်ချိန် ည ၁၁း၀၀)
ဆီဗီလာကို အဝေးကွင်းမှာ (၀-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့လို့ အဆင့်(၅)နေရာအထိရောက်သွားတဲ့ အက်သလက်တီကိုတို့ ဒီပွဲတော့ အမှတ်မဆုံးရှုံးအောင် ပိုဂရုစိုက်လာနိုင်တယ်။ အက်သလက်တီကိုရဲ့ ဒီရာသီအိမ်ကွင်းကစားအားကလည်းစိတ်ချရပြီး နောက် ဆုံးကစားထားတဲ့ ဂရန်နာဒါနဲ့ပွဲကိုလည်း (၇-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရထားလို့ အက်သလက်တီကိုရဲ့တိုက်စစ်ရောခံစစ်ပါ အိမ်ကွင်းမှာ စိတ်ချရတယ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ မာလာဂါကလည်း အခုတလော ခြေပြန်တွေ့နေတယ်။ နောက်ဆုံး (၃)ပွဲဆက် အရှုံးမရှိခဲ့ဘူး။ ဒါပေမဲ့ မာလာဂါရဲ့အဝေးကွင်းကစားပုံကတော့ သိပ်အားရစရာမရှိတာအမှန်ပဲ။ အဝေးကွင်းနိုင်ပွဲမရှိ သေးတဲ့အပြင် အဝေးကွင်းမှာ ခံစစ်ကိုပဲဦးစားပေးပြီး သရေကျရေးကိုပဲ ဦးတည်ကစားတာတွေ့ရတယ်။ မာလာဂါအသင်းရဲ့ တိုက်စစ်ကလည်း အဝေးကွင်းရောက်ရင် ဂိုးတွေသိပ်သွင်းနိုင်ခြင်းမရှိတဲ့အတွက် အက်သလက်တီကိုအသင်းရဲ့ခံစစ်ပိုင်းကို ခြိမ်းခြောက်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် အက်သလက်တီကိုအသင်းရဲ့တိုက်စစ်ကို မာလာဂါခံစစ် ဘယ်လောက် တောင့်ခံနိုင်မလဲဆိုတာက ဒီပွဲရဲ့အဖြေပါပဲ။ အက်သလက်တီကို ကိုကြိုက်တယ်။ ဂိုးတော့နည်းလိမ့်မယ်။
■ ဘာစီလိုနာ နှင့် ဂရန်နာဒါ (အောက်တိုဘာ ၃၀ ရက် မြန်မာစံတော်ချိန်နံနက် ၁း၁၅)
ဘာစီလိုနာမှာ ဒဏ်ရာပြဿနာတွေရှိနေတယ်။ ဒါပေမဲ့ MSN (၃)ယောက်ဆုံနေပြီဖြစ်လို့ အခုပွဲအတွက် စိတ်ပူစရာမရှိ ပါဘူး။ အက်သလက်တီကို ကို (၇)ဂိုးပေးထားရတဲ့ ဂရန်နာဒါ ခံစစ်ကြောင့် ဘာစီလိုနာနဲ့ ဂိုးအများပဲကြိုက်တယ်။