တရုတ်နိုင်ငံမှ လွှတ်တင်ထားတဲ့ ၈ တန် (၇.၃ မက်ထရစ်တန်) လေးတဲ့ ဓါတ်ခွဲခန်း
အာကာသယာဉ် Tiangong-1 ဟာ မြေပြင်ထိန်းချုပ်မှုမှ လွတ်ကင်းသွားပြီး
လက်ရှိမှာ လေထုအပြင်ဘက်အလွှာ (အာကာသ) ထဲမှာ မျောလွင့်လို့နေပါတယ်။
ထိန်းချုပ်မှု ကင်းမဲ့နေတဲ့ ဒီ အာကာသစခန်းဟာ မကြာမီမှာ ကမ္ဘာ့လေထုထဲသို့
ဝင်ရောက်လာမှာဖြစ်ပြီး ကမ္ဘာမြေပြင်ပေါ်သို့ ပြုတ်ကျလာနိုင်ပါတယ်။
ရေမျက်နှာပြင် ဧရိယာပိုများတဲ့ ကမ္ဘာမှာ.. ပင်လယ်၊ သမုဒ္ဒရာထဲသို့ ကျရောက်နိုင်ချေ ပိုများပေမယ့် အခန့်မသင့်လျှင်လည်း ကုန်းမြေပေါ်ကို ကျရောက်နိုင်ချေကလည်း ရှိနေပါတယ်။ လူများတဲ့နေရာကို ကျရောက်လျှင်တော့ အန္တရာယ် ပိုကြီးမားပါတယ်။
တရုတ်ဘက်မှ ပြောရေးဆိုခွင့်ရှိသူများကတော့ Tiangong-1 ဟာ သက်တမ်းကုန်ဆုံးသွားပြီဆိုတာကို အတည်ပြုပြောကြားထားပြီး မြေပြင်သို့ ထိန်းချုပ် ဆင်းသက်ခြင်း (သို့) ဖျက်ဆီးချင်း ပြုလုပ်နိုင်ကြောင်း ပြောကြားပါတယ်။
Tiangong-1 ဆိုတာကတော့ "Heavenly Palace" (ကောင်းကင်ဘုံ နတ်နန်း) လို့ အဓိပ္ပါယ်ရပြီး တရုတ်ရဲ့ ၂၀၂၀ မှာလွှတ်တင်မယ့် အာကာသယာဉ် စီမံကိန်းကြီးရဲ့ ကနဦး အစပဲ ဖြစ်ပါတယ်။ နောက်ထပ် Tiangong-2 ဆိုတဲ့ အာကာသယာဉ် ကို လာမယ့် စက်တင်ဘာလမှာ လွှတ်တင်မယ့် အစီအစဉ်လည်း ရှိနေပါတယ်။
အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)
ကိုးကား။ ။ Space.com

No comments:
Post a Comment