■ ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
■ ဆန်းဒါးလန်း နှင့် အာဆင်နယ် (စနေညနေ ၆း၀၀ နာရီ)
ဆန်းဒါးလန်းက ၀က်စ်ဟမ်းနဲ့ပွဲမှာ သရေတစ်မှတ်မျှော်က စားခဲ့ပေမယ့် အရှုံးရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။ အာဆင်နယ်က အကောင်းဆုံးပုံစံရနေပေမယ့် မစ်ဒယ်ဘရော့နဲ့ပွဲမှာ သရေကျ ခဲ့တယ်။ အမှတ်ပေးဇယားထိပ်ပိုင်းမှာ အမှားမခံတဲ့ အခြေအနေ ဖြစ်လို့ ဂိုးပြတ်ဖို့ထက်နိုင်ဖို့ကိုပဲ အာဆင်နယ်အာရုံစိုက်နိုင်တယ်။
■ မန်ယူ နှင့် ဘန်လေ (စနေည ၈း၃၀ နာရီ)
ဘန်လေက အဲဗာတန်ကို နိုင်ခဲ့တယ်။ ရာသီအစကလည်း လီဗာပူးလ်ကို အိမ်ကွင်းမှာနိုင်ခဲ့တာပဲ။ ခက်တာက အဝေးကွင်း ဆိုရင် အရမ်းအားနည်းလွန်းတယ်။ မန်ယူက နှစ်ပွဲဆက်ဂိုးပေါက် ပျောက်ထားတဲ့အသင်းပါ။ အများကြီးမျှော်လင့်နိုင်ဖို့မလွယ်ဘူး။ အနိုင်သေချာတယ်။ ဂိုးပြတ်ဖို့ မလွယ်ဘူး။
■ မစ်ဒယ်ဘရော့ နှင့် ဘုန်းမောက်(စနေည ၈း၃၀ နာရီ)
မစ်ဒယ်ဘရော့က အာဆင်နယ်နဲ့ပွဲမှာ အားလုံးကို အံအားသင့်စေခဲ့တယ်။ အခုအိမ်ကွင်းပွဲမှာလည်း ဒီအရှိန်နဲ့ ဆက်လိမ့် ဦးမယ်ထင်တယ်။ ဘုန်းမောက်က ပုံစံကောင်းပြနေတယ်ဆိုပေ မယ့် အဝေးကွင်းဆို ခြေကသာမန်ပဲရှိတယ်။ ဂိုးနည်းနိုင်တယ်။ ဂိုးမရှိသရေတောင်ဖြစ်သွားနိုင်တယ်။
■ စပါး နှင့် လက်စတာ(စနေည ၈း၃၀ နာရီ)
စပါးက နောက်ဆုံးနှစ်ပွဲဆက် သရေကျခဲ့တယ်။ ၀က်စ်ဘရွန်းနဲ့ ပွဲတုန်းက ကံဆိုးလို့သရေကျခဲ့တာဖြစ်ပြီး ဘုန်းမောက်နဲ့ ပွဲမှာတော့ ကံကောင်းလို့သရေကျခဲ့တာပါ။ လိဂ်ဖလားပွဲမှာလည်း လီဗာပူးလ်ကို ရှုံးခဲ့တယ်။ စပါးနည်းနည်း ယိုင်လာတယ်။ ခြေစွမ်းကတော့ ကောင်းတယ်ပဲပြောရမယ်။ တစ်သင်းလုံးနီးပါးအရံတွေထည့်သုံးခဲ့တဲ့ လီဗာပူးလ်နဲ့ ရှုံးပွဲက ဒီ ပွဲကို ဆိုးကျိုးသက်ရောက်စေမှာမဟုတ်တဲ့အပြင် အဓိကçကစားသမားတွေ အနားရခဲ့တယ်။ ခက်နေတာက တိုက်စစ်ပဲ။ ယန် ဆန်လို ဘောလုံးအဖြုန်းအတီးများ၊ အလေအလွင့်များ၊ ထိုးဖောက်တိုက်စစ်ဆင်ပုံမကောင်း၊ အသင်းဖော်တွေနဲ့ နားလည်မှု အားနည်းတဲ့ ကစားသမားကို ထည့်သုံးခဲ့ရင်တော့ စပါးခက်ခဲလိမ့်မယ်။ ဘုန်းမောက်နဲ့ပွဲမှာ ကစားပုံအရမ်းညံ့ခဲ့တဲ့ ဆွန်ဟောင် မင်ကိုပဲ ပြန်ပြီး ဦးစားပေးသင့်တယ်။ ဆွန်ဟောင်မင်နဲ့ ပွဲထွက်တာက စပါးကွင်းလယ်နဲ့ တိုက်စစ်ပိုအားကောင်းသွားမယ်။ လက် စတာ ခံစစ်ကို ထိုးနှက်နိုင်လိမ့်မယ်။ လက်စတာရဲ့ ဒီရာသီအသင်းကြီးတွေနဲ့ ရလဒ်တွေကလည်း တောက်လျှောက်ဂိုးပြတ်ရှုံး နေတော့ စပါးကိုလည်း ထိန်းချုပ်နိုင်မယ်မထင်ဘူး။ စပါးအနိုင်သေချာတယ်။ (၂-၀)လောက်ဖြစ်သွားနိုင်တယ်။
■ ၀က်ဖို့ဒ် နှင့် ဟားလ်စီးတီ (စနေည ၈း၃၀ နာရီ)
ဝက်ဖို့ဒ်က အိမ်ကွင်းနောက်ဆုံး (၃)ပွဲမှာ မန်ယူကိုနိုင်ပြီး ဘုန်းမောက်ကိုသရေကစားခဲ့တယ်။ ဟားလ်စီးတီးကတော့ ခြေ စွမ်းရော၊
ရလဒ်ပါ စိတ်ပျက်စရာဖြစ်နေတဲ့အသင်းပါ။
ဒီလိုပွဲမျိုး တောင် ယှဉ်ကစားမှာမဟုတ်ဘူး။ ခံစစ်မှာပဲ အချိန်ကုန်နေနိုင် တယ်။ ၀က်ဖို့ဒ်အိမ်ကွင်းနိုင်ပွဲရဦးမယ်။
■ ၀က်စ်ဘရွန်း နှင့် မန်စီးတီး(စနေည ၈း၃၀ နာရီ)
ဖိအားများနေတဲ့အချိန်မှာ ၀က်စ်ဘရွန်းလို ခံစစ်ကောင်း တဲ့အသင်းမျိုးနဲ့ တွေ့တာ မန်စီးတီးအတွက်စိတ်ပျက်စရာပါ။ ၀က်စ်ဘရွန်းက ပိတ်ဆို့ကစားတတ်တယ်။ မာကျောတယ်။ စု စည်းမှုကောင်းတယ်။ မန်စီးတီးလို ကစားဟန်မျိုးကိုဆိုရင်ပိုပြီး ပိတ်ကစားလိမ့်မယ်။ မန်စီးတီးနိုင်ရင်တောင် ဂိုးမပြတ်ဘူး။
■ ပဲလေ့စ် နှင့် လီဗာပူးလ်(စနေည ၁၁း၀၀ နာရီ)
ပဲလေ့စ်က ထုံးစံအတိုင်း တိုက်စစ်ချင်းယှဉ်ကစားရင် လီ ဗာပူးလ်အကြိုက်ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ အမှတ်ရရင်ပြီးရော ပိတ်ဆို့ကစားရင် လီဗာပူးလ်ခက်ခဲနိုင်တယ်။
ပဲလေ့စ်က ခံစစ်ကစားရင် တန်ပြန်တိုက်စစ်ပါ ကောင်းတတ်တယ်။ လီဗာပူးလ် ခက်ခဲမယ့်ပွဲပါ။ သရေဖြစ်နိုင်တယ်။ နိုင်ရင်လည်း ကပ်နိုင်ပဲ။
No comments:
Post a Comment