လမင်းဟာ ကမ္ဘာ့ကို ၅ ဒီဂရီခန့် တိမ်းစောင်းပြီး ဘဲဥပုံစံ လမ်းကြောင်းအတိုင်း လှည့်ပတ်နေတာဖြစ်ပါတယ်။ ကမ္ဘာ့နဲ့ အနီးဆုံးအချိန်မှာ မိုင်ပေါင်း ၂၂၅၀၀၀ ကွာဝေးပြီး..၊ အဝေးဆုံးအချိန်မှာတော့ မိုင်ပေါင်း ၂၅၂၀၀၀ ကျော် ကွာဝေးပါတယ်။ (ပျမ်းမျှအားဖြင့် မိုင်ပေါင်း ၂၃၈၈၅၅ မိုင် ကွာဝေးပါတယ်။)
မည်သည့် အရာဝထ္ထု မဆို.. မျက်စိဖြင့်ကြည့်လျှင်.. နီးသောအရာကို
ကြီးကြီးမြင်ရပြီး.. ဝေးသောအရာကို သေးသေး မြင်ရပါတယ်။ ထို့အတူပါပဲ..
လမင်းကြီးဟာ ကမ္ဘာ့နဲ့ အနီးဆုံးအချိန်မှာ လပြည့်ခဲ့မယ်ဆိုလျှင်..
အဲ့ဒီ့လမင်းကြီးကို ပုံမှန်မြင်တွေ့နေရချိန်ထက် အရွယ်အစား ပိုကြီးပြီး
မြင်ရမှာပါပဲ..။ အဲ့ဒါကို အင်္ဂလိပ်လို စူပါမွန်း (Supermoon) လို့ ခေါ်ပါတယ်။
စူပါမွန်းနဲ့ ပတ်သက်ပြီး ကောလဟလတွေဟာ အမြဲလိုလို ကြားသိနေရပါတယ်။ စူပါမွန်းကြောင့် ကမ္ဘာ့ကြီးမပျက်နိုင်ပါ..။ နှစ်စဉ်နှစ်တိုင်း စူပါမွန်းဖြစ်ပါတယ်။ အထူးသဖြင့် နေ နဲ့ ကမ္ဘာ့ ပိုမိုနီးကပ်တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ စူပါမွန်း လပြည့်ကြောင့် ဒီရေ အတက်အကျပေါ် သက်ရောက်မှု အနည်းငယ်သာရှိပါတယ်။ ဒီရေအနည်းငယ် တက်နိုင်ပါတယ်။
သာမန်အချိန်များထက် လမင်းကြီးကို ပိုမိုကြီးမားစွာ မြင်တွေ့ရမှာဖြစ်လို့.. ကျနော်တို့လို အာကာသ ဝါသနာရှင်တွေအဖို့ တယ်လီစကုတ်များဖြင့် လမင်းကြီးကို တဝကြီး ကြည့်ရှုနိုင်မယ့် ရက်များပဲ ဖြစ်ပါတော့တယ်..။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:
Post a Comment