တချို့နေရာတွေမှာတော့ ကင်မရာ shutter အသံကိုပိတ်တာကို privacy laws တွေက ခွင့်မပြုပါဘူး။ ဒါကြောင့် အောက်မှာဖော်ပြထားတဲ့လမ်းညွှန်ချက်တွေကို မလုပ်ဆောင်ခင် ကိုယ်နေထိုင်တဲ့ဒေသမှာ privacy law တွေကခွင့်ပြုထားခြင်းရှိမရှိ အရင်သေချာအောင်ပြုလုပ်ပါ။
**Sony ဖုန်းတွေမှာ ကင်မရာ shutter အသံပိတ်နည်း**
အရင် Sony Xperia ဖုန်းအဟောင်းတစ်ချို့မှာဆိုရင်တော့ ကင်မရာ app ကိုဖွင့်ပါ။ အစက်သုံးစက်ပါတဲ့ menu icon လေးကိုနှိပ်ပါ။ ပြီးရင်တော့ အသွားစိတ်ဘီးပုံ(cog wheel) နဲ့ setting ကိုနှိပ်ပါ။ “Sound” ဆိုတဲ့ slider လေးကို “Off” လုပ်ပေးလိုက်ရင် shutter အသံပျောက်သွားပါပြီ။
နောက်ထွက်တဲ့ Sony ဖုန်းသစ်တွေဆိုရင်တော့ Volume အသံကိုတိုးပြီးတော့ ကင်မရာ shutter အသံကိုအလွယ်တကူပိတ်နိုင်ပါတယ်။
**OnePlus ဖုန်းမှာ ကင်မရာ shutter အသံပိတ်နည်း**
OnePlus ဖုန်းတွေမှာတော့ screen ရဲ့ ဘယ်ဘက်ကနေအတွင်းဘက်ကိုဆွဲလိုက်ပါ။ ပြီးရင် ညာဘက်အထက် ဒါမှမဟုတ် အောက်နားမှာရှိနေတဲ့ cog wheel လေးကိုနှိပ်လိုက်ပါ။ “On” ဖြစ်နေတဲ့ “shutter sound” ကို “Off” ပြောင်းပြီးရင်တော့ shutter သံပျောက်သွားမှာဖြစ်ပါတယ်။
**LG ဖုန်းတွေမှာ ကင်မရာ shutter အသံပိတ်နည်း**
LG ရဲ့ lollipop ကင်မရာဆော့ဖ်ဝဲမှာ ကင်မရာ shutter setting မပါပါဘူး။ အဲ့ဒီအစား priority/ notification sound profile မှာ ဝင်ပြင်နိုင်ပါတယ်။ “Do not disturb” or “Vibrate” ထားလိုက်ရင် ဓာတ်ပုံရိုက်လည်း အသံကြားရမှာမဟုတ်ပါဘူး။
**Samsung ဖုန်းတွေမှာ ကင်မရာ shutter အသံပိတ်နည်း**
တချို့ Samsung ဖုန်းတွေမှာတော့ ကင်မရာ app က cog wheel ကိုနှိပ်ပြီး “Shutter Sound ” ကို “Off” လုပ်ပေးလိုက်ရင် shutter သံပိတ်သွားမှာဖြစ်ပါတယ်။
S7 နဲ့ S7 Edge တို့လို နောက်ထွက်တဲ့ဖုန်းတွေမှာတော့ Volume ခလုတ်ကို vibrate /silent ပြုလုပ်ပြီး ပိတ်လို့ရနိုင်ပါတယ်။
**HTC ဖုန်းများတွင် ကင်မရာ shutter အသံပိတ်နည်း**
HTC ဖုန်းတွေမှာဆိုရင် ကင်မရာ app ကိုဖွင့်ပြီး အစက်သုံးစက်ပါတဲ့ menu icon လေးကိုနှိပ်ပါ။ ပြီးရင် cog wheel icon လေးကိုနှိပ်ပြီး General Setting—-> Camera Shutter Sound ကိုအမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။
အသစ်ထွက်တဲ့ HTC 10 မှာဆိုရင်တော့ ခုနောက်ပိုင်းဖုန်းတွေလိုပဲ Volume ခလုတ်ကနေပဲ အသံပိတ်လို့ရပါတယ်။
**Motorola ဖုန်းများတွင် ကင်မရာ shutter အသံပိတ်နည်း **
Motorola ဖုန်းတွေမှာတော့ ပထမဆုံး screen ရဲ့ ဘယ်ဘက်ကနေ အတွင်းဘက်ကိုဆွဲလိုက်ပါ။ စပီကာပုံလေးက Shutter အသံကိုရည်ညွှန်းထားတာဖြစ်တဲ့အတွက် စပီကာပုံလေးကို တစ်ချက်ထပ်နှိပ်လိုက်ရင် shutter သံပျောက်သွားပြီဖြစ်ပါတယ်။
oto 4G လိုမျိုး တခြား Motorola ဖုန်းတွေကတော့ volume ခလုတ်ကိုသုံးပြီး shutter သံ ဖျောက်ခြင်းကို အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။
**Huawei ဖုန်းများတွင် ကင်မရာ shutter အသံပိတ်နည်း**
Huawei ဖုန်းတွေမှာကင်မရာ shutter အသံပိတ်ချင်ရင်တော့ အဆင့်နည်းနည်းလုပ်ပေးရပါမယ်။ အရင်ဆုံး ကင်မရာ app ကိုသွားပါ။ menu icon (လိုင်းသုံးလိုင်းပါတဲ့) ကိုနှိပ်ပါ။ပြီးရင်တော့ setting button (cog wheel) ကိုသွားပြီး “Mute” လုပ်ပေးလိုက်ရင် Shutter အသံပိတ်ပါပြီ။
Honor 8 မှာတော့ အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း volume ခလုတ်သုံးပြီး အသံပိတ်ရုံပါပဲ။
များသောအားဖြင့်တော့ ကင်မရာ shutter အသံရွေးချယ်မှုကို ကိုယ့်ဖုန်းရဲ့ sound profile ကလွှမ်းမိုးထားတတ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်ဖုန်းက silent ဖြစ်နေခဲ့ရင် ကင်မရာကနေ အသံကိုထွက်လာမှာမဟုတ်ပါဘူး။
အထက်မှာဖော်ပြခဲ့တဲ့ထဲကမှ တစ်ခုမှအဆင်မပြေရင်တော့ “Silent Camera Pro” လိုမျိုး app တစ်ခုခုကို ဒေါင်းလုပ်ရယူပြီးသုံးနိုင်ပါတယ်။
http://www.myanmarmobileapp.com
No comments:
Post a Comment