Myanmar

Saturday, November 19, 2016

အား…like
----
ကဇိဆိုတဲ့ လူတစ်ယောက်ရှိတယ်…။
သူလည်း fbလေးဘာလေး သုံးတာပေါ့လေ…။သူက fbပေါ် ဟိုမွှေဒီမွှေ ဗဟုသုတရစရာလေးတွေ ကဗျာလေးစာလေးတွေ ရေးပြီးလည်း တင်ပေးတတ်သေးတာ…။

ဒီလိုနဲ့ တစ်နေ့ ကဇိနဲ့သူ့ဘော်ဒါ လက်ဖက်ရည်ဆိုင်ထိုင်ပါလေရော…။ဆိုင်ထိုင်ရင်း သူ့ဘော်ဒါက phလေးကို ထုတ်ပြီး fbပွတ်တာပေါ့…။ကဇိလည်း ပျင်းပျင်းနဲ့ မေးလေးငေါ့ပြီး သူ့ဘော်ဒါ fbပွတ်တာငေးနေလိုက်တယ်…။

သူ့ဘော်ဒါ လက်ညိုးရယ် phမှန်လေးရယ် ဖြူပြာရောင် postတွေရယ် ကဇိမျက်စိထဲ ဝဲလို့ပေါ့…။အဲ့လိုဝဲနေရင်း ကဇိ postတစ်ခုကို တွေ့လိုက်တယ်…။သူ့pageတွေမှာ albumလိုက် ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ post…သူ့ဘော်ဒါ pageမှာဆိုတော့ သူတင်ထားမှန်းမသိဘူးလေ…။ဒါပေမယ့် သမိုင်းဝင်ခေါင်းဆောင်ကြီး အကြောင်းမဟုတ်လား…စာတွေရှည်လို့ချက်ခြင်းမဖတ်ရင်တောင်…ဒီကောင် shareပြီး နောက်မှဖတ်လိမ့်မယ်…။ဒါမှမဟုတ် အကြမ်းလေးဖတ်ပြီး စာအသွားအလာကြည့်ပြီး ဗိုလ်ချူပ်အကြောင်း အမှန်အကန်ဆိုတော့ likeပေးသွားလိမ့်မယ်…။ကဇိ…ကဇိ အဲ့လိုတွက်တာ…။တွက်ပြီး ပီတိပြုံးရီးနဲ့ သူဘော်ဒါ phမှန်လေးကို ကြည့်နေလိုက်တာ…။ဒါပေမယ့် သူ့ဘော်ဒါလက်ညိုးကြီးက သူ့postကြီးကို ကျော်သွားပါလေရော…။ဖက်ခနဲပဲ…သမိုင်းဝင်ခေါင်းဆောင်ကြီးပုံကို ဆွဲကျော်ပစ်လိုက်တာ…။ကဇိစိတ်ထဲလည်း အော်…စာတွေပုံတွေများလို့ မျက်စိရှုပ်လို့နေမှာပါတွေးနေတုန်း…pageမှာပါတဲ့ ကဇိpostပဲ phမှန်လေးမှာ ပေါ်လာပြန်ရော…။ဗုဒ္ဓဘာသာအကြောင်းလေးရေးထားတာ…။ကဇိစိတ်ကတွေးလိုက်တယ်…ဒီတစ်ခါတော့ ဒီကောင် ကျိန်းသေlikeတော့မှာ…ဘာကြောင့်လဲဆို ဒီကောင်က ဗုဒ္ဓဘာသာကို အရမ်းချစ်တာ…ဗုဒ္ဓကိုနဲနဲမထိနဲ့ ထိတာနဲ့ သတ်မယ်ဖြတ်မယ်ဆိုတဲ့ကောင်လေ…။ဒီတော့ ဗုဒ္ဓpostဆိုတော့ ကျိန်းသေlikeပြီပေါ့…။

ဒါပေမယ့် ကဇိအထင်နဲ့အမြင် လွဲရှာပြန်တယ်…။ကဇိဘော်ဒါ လက်ညိုးကြီးက ကျော်သွားပြန်ရော…။ဒါပေမယ့် ကဇိစိတ်ဓာတ်မကျပါဘူး…pageတွေမှာဆိုတော့ ဘယ်သူရေးထားမှန်းမသိတော့ စိတ်မဝင်စားတာနေမှာပါလို့တွေးနေုတုန်း…ဟော နောက်တစ်post…ဒီတစ်ခါ ကဇိ accကြီးနဲ့ ကဗျာအလန်းလေးတစ်ပုဒ်…ကဇိတောင် ၃ရက်လောက် ရေးထားတာ…။ဟုတ်ပြီ…ဒီကောင် ကဗျာတွေချစ်တယ်ဆိုပြီး သူ့ကောင်မလေးကို phဆက်ဆက်နေတာတော့ ကြားဖူးတယ်…။ဒီကဗျာ ဖတ်မိရင်တော့ ကျိန်းသေ likeမှာပဲ…။သို့သော် ကဇိဘော်ဒါ လက်ညိုးကြီးက ကျော်သွားပြန်တယ်…။

ဒီတစ်ခါတော့ ကဇိနဲနဲချွေးပျံသွားတယ်…။ဘယ်လိုကောင်ပါလိမ့်လို့တွေး သူ့ဘော်ဒါ မျက်နှာလေးကို တစ်ချက် မျက်နှာငယ်လေးနဲ့ငေးမိသေးတယ်…။သူ့ဘော်ဒါ သူငေးတာတောင် သတိမထားမိပါဘူး…။fbပဲဆက်ပွတ်နေတာ…။

ကဇိစိတ်ဓာတ်လုံးလုံးမကျသေးပါဘူး…။ငါရေးထားတာတွေက ခပ်ပေါပေါတွေ မဟုတ်လောက်ပါဘူး…ဒီကောင် တစ်ခုလောက်တော့ likeမှာပါလို့ အားတင်းပြီး သူဘော်ဒါပွတ်တာလေးကိုဆက်ကြည့်နေမိတယ်…။ဟာသ postကြီး…ကဇိရေးထားတာပဲ…တော်ရုံမရယ်တတ်တဲ့ကောင်တောင် ဝင်ရယ်သွားသေးတယ်…။ဒီကောင်လည်း ရယ်စရာဆိုတော့ သဘောကျမှာပါလို့ တွေးနေတုန်း…ဖလွတ်ခနဲ ကဇိဘော်ဒါ လက်ညိုးကြီးက ကျော်သွားပြန်တယ်…။

ထပ်ပြီး ကဇိaccကြီးနဲ့ ရေးထားတာပဲ…ဘဝအတွက်ခွန်အားရှိစေမယ့်စာလေး…၂ကြောင်း ၃ကြောင်းလောက်ပဲ…တိုတိုထိထိလေးပေါ့…။ဒါတော့ ဒီကောင် ၃ကြောင်းပဲဆိုတော့ အသာလေးဖတ်ကြည့်ပြီး likeမှာပါ…။ဒါပေမယ့်…ထုံးစံအတိုင်းပါပဲ…။

ဒီတစ်ခါတော့ ကဇိသူ့ဘော်ဒါ နဲနဲစိတ်ပေါက်လာပြီ…။အဲ့လို စိတ်ပေါက်နေတုန်း သူ့ဘော်ဒါ phမှာ ကဇိမျက်ခွက်နဲ့ ပုံရီးတက်လာပါလေရော…။ဒီတော့ ကဇိဘော်ဒါက ဘာလုပ်တယ် မှတ်လဲ…likeတော့ မပေးဘူးဗျ…။commentတော့ဝင်ရေးသွားတယ်…။

"$ပေါတဲ့…"

ကဇိသည်းခံနိုင်ရိုးလား…။$ပေါမန့်တာ ဘော်ဒါအချင်းချင်း လက်ခံလို့ရပေမယ့်…ရှေ့postတွေ ကိုယ့်ဘော်ဒါaccကြီးနဲ့ နောက်ဆုံး မဖတ်မိတာတောင် ဘေးမှာထိုင်နေတဲ့ လက်ရင်းထိုးဘော်ဒါကိုတော့ အားနာပါးနာလေးနဲ့တော့ likeလေးတစ်ခုလောက်ပေးသင့်တာပေါ့…။ဒါကြောင့် ကဇိလည်း တင်းတင်းနဲ့ သူ့phကို အိတ်ကပ်ထဲက ဆွဲထုတ်လိုက်တယ်…။တရုတ်ဖုန်းအစုတ်လေးထွက်လာပါလေရော…။ချက်ခြင်း lineဖွင့် fbဝင်ပြီး…statusထဲဝင်

"ဘောပဲကွာ…မှတ်ထား…"ဆိုပြီး သူ့ဘော်ဒါaccကို လှမ်းtagလိုက်ပါလေရော…။အဲဒီ့အခါမှ သူ့ဘော်ဒါက Fbပွတ်နေရာက
"ဟျောင့်…ငဇိ ဘာထဖြစ်တာတုန်း…"

ကဇိလည်း သူ့ဘော်ဒါမေးမှ ရင်ဖွင့်တော့တာပဲ…။ငါကတော့ ဗဟုသုတရအောင်…စသဖြင့် ရေးထားတာ ဘာညာဘာညာပေါ့လေ…မင်းကတော့ ငါ့မျက်နှာတောင်မထောက်ဘူး ဘာညာဘာညာပေါ့လေ…နှုတ်ခမ်းကြီးစူပြီး ကလေးဆိုးကြီးလို ဖွင့်တော့တာပဲ…။ကဇိ ဖွင့်တာဆုံးတော့ သူ့ဘော်ဒါ …တည်တည်တန့်တန့် တစ်ချက်ပြုံး…မေးလေးပွတ်ပြီး ကဇိကို သနားသလို ကြည့်ရှာတယ်…။ပြီးမှ

"ငဇိ မင်းfbမသုံးတတ်သေးဘူးကိုး…
likeဆိုတာ တကယ်ကြိုက်မှပေးရတယ်ကွ…ဒါမှ အသက်ဝင်တာ…Fbပေါ်မှာ ခင်တာမင်တာတွေကြည့်လို့မရဘူးကွ…နင်းpostတွေငါတွေ့ပါတယ်…ပထမတစ်ကြောင်းနဲ့ စိတ်ဝင်စားဖို့ မကောင်းလို့ကျော်လိုက်တာ…စိတ်ဓတ်မကျနဲ့ကွာ…ငါlikeအောင်ဆက်ကြိုးစား…"တဲ့။

သူ့ဘော်ဒါရဲ့ သြဝါဒကြောင့် ကဇိနဲနဲလေး အောက်သွားတယ်…။သူပဲ fbမသုံးတတ်သေးတာလားပေါ့…။ဒါကြောင့် ဘာမှမပြောတော့ဘဲ ဇာတ်လေးပုပြီး ငြိမ်သွားရှာတာပေါ့…။

ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ ကဇိလေး fbသုံးရင်း စော်တကီလေး တစ်ယောက်တင်ထားတဲ့…အားးးးဆိုတဲ့ statusကြီးကို တွေ့မိပါလေရော…။likeတွေ commentတွေ အုံးအုံးထ…။ကဇိမျက်လုံးပြူးသွားတယ်…။သူ၁၀ရက်လောက် ဟိုရှာဒီရှာရေးထားရတဲ့ စကြာဝဠာအကြောင်းတောင် likeက လက်ချိုးရေလို့ရတာကိုး…။ဒါနဲ့ နဲနဲလည်းစိတ်ဝင်စားသွားတယ်…။ဒါကြောင့် အားးးကို ဘာကြောင့် likeလေး ဘာကြောင့် mentနေကြလည်းသိချင်ဇောနဲ့ အထဲဝင်ထောက်မိလိုက်တော့…သူ့ဘောဒါ accကြီး ပြူးနေအောင် တွေ့ပါလေရော…။အံမယ် likeတောင်မဟုတ်ဘူး…အသဲပုံလေးတောင်ပေးထားတာ…။အံမယ်… ဒင်းက…မန့်တောင်ထားသေး…ဘာတဲ့…။

"ညလေး…ဘာဖြစ်တာလဲငင်…
ကွီးဖြင့်ရင်တွေ တုန်လိုက်တာ…
အကူအညီလိုရင်ပြောနော် ညလေး…
အပီအပြင် ကူညီပါရစေ…"တဲ့…။

ု_ိုးမ…ယီးကောင်…ငါ့ကိုပြောတော့ တမျိုး…တွေ့မယ် ဒင်း…။ကဇိပေါက်ကွဲပြီး…SSဆွဲ…phထုတ်ပြီး သူ့ဘော်ဒါကို phဆက်လိုက်တယ်…။

"ငါ ဘီယာသောက်မို့ တစ်ယောက်တည်းပျင်းလို့…"

"မင်းတိုက်မှာလား…"

"အေးဆို ထိုင်နေကျဆိုင်သာ လာခဲ့…"

"OK…"

ကဇိအပီဖြဲဖို့ဂွင်ဆင်တာကြည့်…။ဆိုင်လဲရောက်ရော သူ့ဘော်ဒါ အရင်တောင် ရောက်နေသေးတယ်…။ကဇိစိတ်ထဲ ဒင်းသောက်ပါစေဦး…နှစ်ခွက်လောက်ပြီးမှ တွေ့မယ်ဆိုပြီး တေးထားလိုက်တယ်…။

"ဟျောင့်…"

"ဘာလဲ…ငဇိ…"

"မင်းပြောတော့ …fb…သုံးတယ်ဆိုတာ………………………"

"အေးလေ…"

အဲဒီကျတော့မှ ကဇိလည်း အကွက်ဝင်ပြီဆိုပြီး …SSကြီးကို ထုတ်ပြတော့တာပဲ…။ကဇိကတော့ သူပိုင်ပြီဆိုတဲ့ မျက်နှာထားကြီးနဲ့ ရှင်းစမ်းပေါ့လေ…။ဒါပေမယ့် ကဇိဘဝ နှစ်ခါပြန် ရေတိမ်နစ်သွားရှာပါတယ်…။

"ဒီမှာ…ငဇိ…မင်းကို ကဗျာတွေ စာတွေရေးလို့ ခံစားချက်မြင့်မားမယ်ထင်ခဲ့တာ…"

"ဘယ်လို…ဘယ်လို…"

"ငါပြောတာ ဆက်နားထောင်ဦး…"

"အင်း ပြောစမ်းပါ…"
ကဇိလေသံက သူ့ကိုယ်သူ အပိုင်တွက်ထားတုန်း…။

"အား……လို့
သူstatusတင်တယ်ဆိုတာ ဖီးတက်ပြီး statusနဲ့အော်တင်တာလည်း ဖြစ်နိုင်တယ်လေကွာ…

အဲ့လို ဖီးတက်တာကို တင်ရဲတဲ့ သတ္တိကိုကြိုက်လို့…ငါ likeပေးတာကွ…

မင်းက စာတွေရေးနေပြီး…
အားဆိုတာလေးကို မခံစားတတ်သေးဘူး ငဇိရ…လိုသေးတယ်…ငဇိ…

ကဗျာတို့ ဝတ္ထုတို့ဆိုတာ ခံစားချက် ထည့်ပေးရတယ်…ဒါကြောင့် မင်းမအောင်မြင်တာ…ခံစားချက်မမြင့်မားလို့လေ…"

သေပြီ ကဇိ …ကဇိသေပြီလေ…။
ဒါပေမယ့် ကဇိမလျော့သေးဘူး…။
comment ssကြီးထုတ်ပြပြီး…
ရှင်းစမ်းဦးပေါ့…။အဲဒီ့အခါ သူ့ဘော်ဒါက…

"ဒီမှာ ငဇိ…အားဆိုတာ ဖီးတက်တာမဟုတ်ရင် …တစ်ခုခုနာကျဉ်လို့လေ…

သူ့ကို ခါချဉ်တွေဘာတွေ ကိုက်လို့အော်တာလည်း ဖြစ်နိုင်တယ်လေ…

ဒါကြောင့် ဘာကူညီရမလဲလို့…
ငါမန့်တာကွ…"

"ဟျောင့်…မင်းနဲ့ဘာဆိုင်လို့ ကူ…
အဲ့ဒါမင်းစော်လား…"
ကဇိနဲနဲပိုပေါက်လာချေပြီ…။

"ဟ…ငဇိ…မင်းအတော် အမြင်ကျဉ်းပြီး ဒုံးဝေးတဲ့ကောင်ပဲ…ဒါကြောင့် မအောင်မြင်တာ…"

ဆော်ခံရပြန်ပြီ…။

"ငဇိ မင်းငယ်ငယ်က ဆုံးမစာတွေ ဘာတွေမသင်ဘူးဘူးလား…
အားနဲသူ အားနွဲသူကို ကူညီရမယ်ဆိုတာ မသင်ဘူးဘူးလား…ဟန်…

စော်တကီလေးပုံကိုကြည့် အားနွဲ့နွဲ့ နုနုယွယွလေးကွ…

ပိုတောင်ကူညီသင့်သေးတယ်…
မင်းနားလည်ဝှုးလား…

အာ့ကြောင့် ခါခဉ်သတ်ပေးရမလား…
ဘာလားဆိုပြီး…ငါကူညီရမလား မန့်တာကွ…"

သူ့ဘော်ဒါစကားဆုံးတော့
ကဇိ ပါးစပ်တွေ စွံအသွားရပါတော့၏…။

ဆိုင်ကအပြန်တွင်
ကဇိတစ်ယောက်…
သူ့ကိုယ်သူ ခံစားချက်မမြင့်မားတဲ့ကောင်…
အတွေးအမြင်မကျယ်တဲ့ကောင်…
အားနွဲ့သူကို ကူညီရကောင်းမှန်းမသိတဲ့ကောင်…
ကောင်ကောင်…ကောင်…ဟုဆိုပြီး
ဝမ်းနည်းမှုကြီးစွာဖြင့်…ထို့နေ့ညက…
ကဇိတစ်ယောက် fbပေါ် statusတစ်ခုတင်လိုက်ပါသည်…။

ကဇိတင်လိုက်တဲ့ statusက

"အားးးးးးးးးးးးးးးး…"တဲ့…။

ထိုstatusကို နောက်တစ်နေ့၌ သူ့ဘော်ဒါမြင်သောအခါ…

likeလည်းမလုပ်ပါ…။
commentလည်း မပေးပါ…။

အဘယ်ကြောင့်ဆိုသော် ကဇိက
ကျားကိုးစီးစားမကုန်သော ရုပ်ကြမ်းကြီးနှင့် ယောက်ကျားတစ်ယောက် ဖြစ်သောကြောင့်…အကူအညီပေးရန် မလိုအပ်သောကြောင့် ဟူ၍ ဖြစ်လေတော့၏…။

---
မှတ်စုကြမ်း
#zeroneo

No comments:

Post a Comment