■ ကော်တင်ဟိုသည် လက်ရှိအကောင်းဆုံးကွင်းလယ်ကစားသမား
ဖြစ်သည်ဟု ဇာဗီ မှတ်ချက်ပေး
ဘာစီလိုနာကစားသမားဟောင်း ဇာဗီက လီဗာပူးလ်အသင်းမှ ဘရာဇီးလ်ကွင်းလယ်ကစားသမား ကော်တင်ဟိုသည် ဥရောပဘောလုံးလောကတွင် ယှဉ်ပြိုင်ကစားနေသူများအနက် လက်ရှိအကောင်းဆုံးကွင်းလယ်ကစားသမားဖြစ်သည်ဟု ဆိုခဲ့သည်။
ဇာဗီက " ကော်တင်ဟိုဟာ ကျွန်တော်သတိထားမိနေတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ ယာဂန်ကလော့ပ်လက်အောက်မှာ သူက အဆင့်တစ်ဆင့် ထပ်တက်လာခဲ့ပါတယ်။ လက်ရှိဥရောပမှာ သူ့ထက်ကောင်းတဲ့ကွင်းလယ်ကစားသမား မရှိတော့ပါဘူး။ အခုလို အရည်အသွေးကောင်းကို ပွဲတိုင်းမှာ ပြသနေနိုင်တာကတော့ လီဗာပူးလ်အသင်းအတွက် သတင်းကောင်းပါပဲ " ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဇာဗီက ကော်တင်ဟိုသည် ဘာစီလိုနာအသင်း၏ ကစားဟန်နှင့် အံဝင်ခွင်ကျဖြစ်လိမ့်မည်ဟု ထင်သော်လည်း လီဗာပူးလ်အသင်းနှင့်သာ အသင့်လျော်ဆုံးဖြစ်ပြီး ယာဂန်ကလော့ပ်လက်အောက်တွင် ပိုမိုတိုးတက်အောင် ဆက်လက်ကြိုးစားသင့်သည်ဟုလည်း အကြံပြုခဲ့သည်။
Photos: Skysports
No comments:
Post a Comment