Space Debris လို့ခေါ်ပါတယ်..။ အာကာသအတွင်းက အသုံးမလိုတော့တဲ့ အမှိုက်များ (တနည်း) သက်တမ်းကုန်သွားပြီဖြစ်တဲ့ ဂြိုဟ်တုများ ဖြစ်ပါတယ်။ ပထမပုံမှာ ပြထားသလောက်ကို များပြားပါတယ်။
အရေအတွက်အားဖြင့် ဂြိုဟ်တု အလုံးပေါင်း ၅ သိန်းကျော်လောက် ကမ္ဘာ့အပြင်ဘက် လေထုအလွှာထဲမှာ လှည့်ပတ်လို့ နေကြပါတယ်.။ သေးသေးမွှားမွှား အပိုင်းအစ တွေကတော့ သန်းရာချီပြီး ရှိကြပါတယ်။
တခါတရံမှာ မြေပြင်ထိန်းချုပ်မှုမှ လွတ်ကင်းသွားကြတဲ့ ဂြိုဟ်တုတွေဟာ လေထုအပြင်လွှာထဲမှာ လွင့်နေရင်းက ကမ္ဘာပေါ်ကို ပြုတ်ကျလာတတ်ကြပါတယ်။ များသောအားဖြင့် လေထုထဲမှာပဲ လောင်ကျွမ်းပျက်စီးကြပြီး.. ပင်လယ်၊ သမုဒ္ဒရာ အတွင်းကိုသာ ကျသွားတတ်ပါတယ်။ တခါတရံမှာတော့ ကုန်းမြေပေါ်ကို ကျတတ်ကြပါတယ်။
နိုင်ငံတော်တော်များများမှာ ကိုယ်ပိုင်ဂြိုဟ်တုတွေ ရှိကြပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာတော့ ကိုယ်ပိုင်ဂြိုဟ်တုတွေ ပိုများပါတယ်။ မိုးလေဝသ တိုင်းတာတဲ့ ဂြိုဟ်တုတွေလည်း ရှိပါတယ်။
(မြန်မာနိုင်ငံမှ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ထားခြင်းမရှိသေးပါ။)
အနာဂတ် ပညာရေးအတွက်
သန့်ဦး (အာကာသနှင့် စကြဝဠာ)
No comments:
Post a Comment