ကြွက်ကလေးတစ်ကောင်ဟာ
ကြောင်ကို အရမ်းကြောက်တယ်။
တန်ခိုးရှင်က သနားပြီးတော့...
ကြောင်ဖြစ်လာအောင်ဖန်ဆင်းပေးလိုက်တယ်။
ကြောင်ဖြစ်လာတော့...
ခွေးကိုကြောက်ပြန်တယ်။
တန်ခိုးရှင်က ခွေး အဖြစ်
ဖန်ဆင်းပေးလိုက်တယ်။
ခွေးဖြစ်လာတော့...
ကျားသစ်ကို ကြောက်လာပြန်တယ်။
ကျားသစ်အဖြစ်
တန်ခိုးရှင်က ဖန်ဆင်းပေးတယ်။
ကျားသစ်ဖြစ်လာတော့လည်း...
ခြင်္သေ့ကို ကြောက်တယ်။
တန်ခိုးရှင်က
ကြွက် ပြန်ဖြစ်ခိုင်းလိုက်တယ်။
သင်ခန်းစာ။
အပြင်က ဘယ်လောက် ပြောင်းလဲ ပြောင်းလဲ၊
အထဲမှာ ကြွက် နှလုံးသား ဖြစ်နေသမျှတော့
ကြွက် အဆင့်ပဲ တန်တယ်။
- မှတ်စုကြမ်း #kyawnge
No comments:
Post a Comment