Myanmar

Sunday, November 27, 2016

Camcorders တွေဘယ်လို အလုပ်လုပ်လဲ

ဒီကနေ့ ခေတ်မှာထွက်ရှိလာခဲ့တဲ့ ဗွီဒီယိုကင်မရာတွေဟာ  လုပ်ဆောင်ပုံခြင်းတွေကတော့  အရွယ်အစား တွေ ဘယ်လိုပဲဖြစ်ဖြစ် အခြေခံအားဖြင့်တော့ တူညီမှုရှိပါတယ်။ ပြီးတော့ သူတို့ မှာ ဘယ်လိုအဆင့်မြှင့်တဲ့ နည်းပညာတွေကို အသုံးပြုထားပြီး ရုပ်ပုံတွေကို အကောင်းဆုံး မှတ်တမ်းတွေအဖြစ် ရရှိစေမယ် ဆိုတဲ့ အချက်တွေလည်း အာမခံထားပါတယ်။ VCR-recording ပစ္စည်းတွေဘယ်လိုပဲဖြစ်ဖြစ် လုပ်ဆောင်ပုံတွေက တူညီမှုရှိမှာဖြစ်ပါတယ်။ သူတို့တွေမှာ lens ၊ imager နဲ့  storage တွေကို အသုံးပြုပုံခြင်း လည်း အနီးစပ်ဆုံး တူညီမှု ရှိပါတယ်။
ကွဲပြားသွားစေတဲ့ အချက်တွေက ရုပ်ပုံတွေကို ဘယ်လိုအရည်အသွေးနဲ့ ရရှိ တယ် ဆိုတာပါပဲ။

CMOS sensor သို့ မဟုတ်  charge-coupled device (CCD)
CMOS ဆင်ဆာဆိုတာကတော့ ဗွီဒီယိုကင်မရာတွေမှာ  ရုပ်ပုံတွေရဲ့ ပုံရိပ်တွေက Lens ကနေဖြတ်ပြီး တော့ ရောက်ရှိလာခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
CMOS ပါဝင်တဲ့ Camcorder တွေကို အသုံး ပြုပြီးတော့  ဘွဲ့နှင်းသဘင် ဆုပေးပွဲ၊ ရပ်ကွက်ဘောလုံးပွဲ၊ အိမ်တွင်းရိုက်ကူးမှုတွေ စတဲ့ ဥပမာပေါင်း မြောက်များစွာကို ကျွန်တော်တို့ တွေ ပြုလုပ်ခဲ့ကြပါတယ်။ ပြီးတော့ သူတို့ ကို အားသွင်းပြီးအသုံးပြုလို့ ရအောင်ဖန်တီးခဲ့တဲ့အတွက်လည်း အဆင်ပြေပါတယ်။အားသွင်းနေတဲ့အချိန်မှာလည်း မှတ်တမ်းတင်ထားတဲ့ ဗွီဒီယို ရုပ်ပုံတွေ ကိုပြန်လည်ကြည့်ရှု့ လို့ ရနိုင်ပါတယ်။ပြီးတော့ ရုပ်ပုံတွေရဲ့ အရောင်အသွေးကို ပြုပြင်နိုင်စေရန်အတွက် green, red နဲ့  blue တို့ ကို အသုံးပြုပြီးတော့ အရောင်တွေကို စိတ်ကြိုက်ပြုပြင်လို့ ရပါတယ်။ RGB လို့ ခေါ်တဲ့ အဲဒီအရောင်သုံး မျိုးကို ပေါင်းစပ်ပြီးတော့ ရုပ်ပုံတွေရဲ့ အရည်အသွေးကိုလည်း မြှင့်တင်စေဖို့ အတွက်လည်း ဖြစ်ပါတယ်။
ဗွီဒီယိုကင်မရာတွေထဲမှာရှိတဲ့ CCD ဆိုတာကတော့ လှုပ်ရှားနေတဲ့ ရုပ်ပုံတွေကို မှတ်တမ်းတင် နိုင်စေဖို့ အတွက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း များပြားလှတဲ့ ရုပ်ပုံဖိုင်တွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီးတော့ သေးငယ်တဲ့ relay system မှတဆင့် များပြားလှတဲ့ ရုပ်ပုံဖိုင်တွေကို အဓိကသိမ်းဆည်းထားပေးမယ့် CCD သို့  ကူးပြောင်းရယူမှုကို ပြုလုပ်ပေးမှာပါ။
ဒုတိယ sensor ကတော့ ဓါတ်ပုံတွေကို ရိုက်ကူးပြီးချိန်မှာ နောက်ထပ် ဓါတ်ပုံရိုက်ကူးနိုင်ရန်အတွက် အဆင်သင့်ပြုလုပ်ပေးမှာဖြစ်ပါတယ်။
အခုခေတ်မှာတော့ camcorder တွေက အဖြည်းဖြည်း ကျစ်လစ်သေးငယ်လာပါပြီ ဗွီဒီယိုတွေရိုက်ကူးနိုင်မှုမှာ လည်း လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကထက် ပိုပြီး အဆင့်တွေမြှင့်တက်ပါတယ်။ Hitachi Super Hi-Vision ဟာ ဆိုရင် 33 megapixels ကို အသုံးပြုထားတဲ့အတွက် တစ်စက္ကန့် အတွင်းမှာ frame ပေါင်း ၁၂၀ ကို ရိုက်ကူး နိုင်ပါတယ်။ပြီးတော့လည်း သူတို့ နဲ့ လုပ်ဆောင်ပုံခြင်းတူညီတဲ့  ဗွီဒီယို ကင်မရာတွေမှာလည်း IMAX cinema  screen လည်း ပါဝင်လာခဲ့ပါတယ်။

ဗွီဒီယို recoder ရဲ့ နည်းပညာများ…

အသေးစား ရုပ်ရှင်တွေရိုက်ကူးမှုအတွက် နည်းပညာတွေကို ဘယ်လို အသုံးပြုထားလဲ ဆိုတာကို လေ့လာကြည့်ရအောင်…….။
Laser reader
တစ်ချို့ သော မော်ဒယ်နိမ့် camcorder တွေမှာတော့ laser reader/writer တွေကို  ပုံရိပ်တွေကို မှတ်တမ်း တင်နိုင်စေဖို့ အတွက် အသုံးပြုပါတယ်။ ပြီးတော့လည်း mini DVD တွေကို ကြည့်ရှု့ နိုင်စေရန်အတွက် အသုံးပြု ထားပါတယ်။
Curved body
Camcorder တွေကိုဆိုရင် ကွေးညွတ်ထားတဲ့ ပုံစံတွေကို အသုံးပြုထားတဲ့အတွက် ကြမ်းပြင်တွေပေါ်ကို ပြုတ် ကျခဲ့ရင်လည်းခံနိုင်ရည်ရှိအောင်ပြုလုပ်ထားပါတယ်။ သူ့ တို့ရဲ့ ပုံစံတွေက မလိုအပ်ပဲ ရှည်မျောမျော သဏ္ဍာန် ရှိတယ်လို့ တော့ မြင်မိပါတယ်။
Spindle
Motor အသေးစားလေးတစ်ခုကို အသုံးပြုပြီးတော့ mini DVD တွေကို spindle တွေပေါ်မှာ တစ်စက္ကန့် အတွင် အကြိမ် ၅၀၀ လောက် ပြုလုပ်မှာဖြစ်ပါတယ်။
Lens
မှန်ဘီလူးတွေကို လှည့်ပြီး အသုံးပြုလို့ ရအောတွင်ပြုလုပ်ထားတဲ့အတွက် ရုပ်ပုံတွေကို အပေါ်အောက်၊ အလင်းအမှောင်ကို စိတ်ကြိုက် ပြုပြင်ပြီး ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
Materials
ထုံးစံအတိုင်းအလင်းရောင်တွေကို ရရှိစေဖို့ အတွက် ပြုလုပ်ထားတာပါ။ ဒါပေမဲ့ ပလပ်စတစ်ကို သုံးထားတာက တော့ မနှစ်သက်စရာပါ။ အခြားသော camcorder တွေလိုပဲ ( GoProHERO3 လိုပါ)  ရေလုံမှု ရှိအောင် ပြုလုပ်ပေးထားပါတယ်။
LCD display
၁၉၉၀ ခုနှစ်နောက်ပိုင်းမှာတော့ သေးငယ်တဲ့ LCD display တွေကို မှုလရိုက်ကူးထားတဲ့ရုပ်ပုံတွေကို ပြန်လည် ကြည့်ရှု့ နိုင်ရန်အတွက် တပ်ဆင်ပေးမှုကတော့ ပုံမှန်ကိစ္စတစ်ခုလို ဖြစ်လာပါပြီ။
Image sensor
CCD ဒါမှမဟုတ် CMOS sensor ကတော့ ရွေ့ လျားနေတဲ့ ပုံရိပ်တွေကို ရိုက်ကူးတဲ့အခါ အကောင်းဆုံးလုပ် ဆောင်မှုကို ပေးစွမ်းပါတယ်။
Logic board
ဒီ chip လေးကတော့ ရိုက်ကူးထားတဲ့ ဖိုင်တွေကို စနစ်တကျ သိမ်းဆည်ပေးမှာဖြစ်ပြီး၊ data တွေကို ကူးပြောင်း ခြင်းနဲ့  ပြုပြင်ခြင်းတွေကို ပြုလုပ်နိုင်စေရန်အတွက် အသုံးပြုထားခြင်းဖြစ်ပါတယ်။
CMOS battery
ဒီ CMOS chip လေးက camcorder တွေကို ပိတ်လိုက်တဲ့အချိန်တွေမှာ  data တွေကို အချိန်နဲ့  နေ့ ရက်တွေ ကို မှတ်ယူသိမ်းဆည်းပေးထားမှာဖြစ်တဲ့အတွက် စွမ်းအင်တွေကို ထိန်းသိမ်း ပေးထားမှာဖြစ်ပါတယ်။
 Analogue VS digital
Digital နဲ့ analogue camcorder နှစ်ခုကြားမှာ အဓိက ခြားနားချက်တွေက data တွေကို သိမ်းဆည်းထားတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ analogue camcorder တွေကတော့ data တွေကို သိမ်းဆည်းထားတဲ့အခါမှာ magnetic VHS tape ကို အသုံးပြုပါတယ်။ အဓိက ပြဿနာ နှစ်ခုတော့ရှိပါတယ် တစ်ခုက တိပ်ခွေတွေဖြစ်တဲ့ အတွက် အရွယ်ပမာဏက ကြီးမားပါတယ်။ ပြီးတော့ analogue မှာသိမ်းဆည်းထားတဲ့ data တွေကို ကူးယူတဲ့အခါမှာ မူလ data ရဲ့ အရေအသွေးလောက်တော့ မကောင်းပါဘူး။
Digital တွေကတော့ အခြားနည်းလမ်းနဲ့ ပါ။ သူ့မှာ data တွေသိမ်းဆည်ဖို့ အတွက် အပို memory card ကိုလည်း စိုက်ထည့်ပြီး အသုံးပြုလို့ ရတဲ့အတွက် အဆင်ပြေစေ မှာဖြစ်ပါတယ
်။data တွေကို ပြန်လည်ကူးယူရာမှာလည်း ကောင်းမွန်တဲ့ အရည်အသွေးကို ပြန်လည်ရရှိစေပါတယ်။

Making sense of  sensors
CMOS (complementary metal-oxide-semiconductor) sensor ကတော့ မိုဘိုင်းဖုန်းတွေ၊ webcam နဲ့  DSLR ကင်မရာတွေမှာပါတဲ့ CCD (charge-coupled device) တွေမှာ ရုပ်ပုံတွေကို sensor ရယူဖို့ အတွက် ပြု လုပ်ထားခြင်းပဲဖြစ်ပါတယ်။
CMOS sensor ကို တော့ ပုံရိပ်တွေကို ရရှိစေဖို့ အတွက် စွမ်းအင်တွေကို အပိုထပ် ပြီး ရရှိစေမယ့်ပစ္စည်းငယ်လေးတစ်ခုဖြစ်ပါတယ်။ ဒီပစ္စည်းလေးက ပုံရိပ်တွေရဲ့ အလင်း၊ အမှောင်တွေနဲ့ ပုံရိပ်တွေကို ကြီးမားအောင် ပြောင်းလဲစေဖို့ အတွက် အသုံးပြုမှာဖြစ်ပါတယ်။ ကြိုးတွေကို အသုံးပြုပြီး လွှဲပြောင်းရယူခြင်းမတိုင်မှီကပေါ့။
CMOS sensor တွေကို ရုပ်ပုံတွေကို စနစ်တကျထားခြင်းနဲ့  အခြားနည်းလမ်းကောင်းတွေကို ပေါင်းစပ်ထားခြင်း ဖြစ်ပြီး၊  CCD ထက်တော့ စွမ်းဆောင်ရည်က နည်းနည်းနိမ့်ကျမှာဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့၊ COMS sensor ကမိုဘိုင်းဖုန်းတွေ၊ အခြားတန်ဖိုးနည်း ကင်မရာတွေမှာ ပေါင်းစပ်ပြုလုပ်ထားလို့ ပဲဖြစ်ပါတယ်။ CMOS sensor မှာပါတဲ့ wire တွေက ရုပ်ပုံတွေကို ဖန်တီးတဲ့အခါမှာတော့ CCD ထက်နိမ့်ကျတဲ့ အရည်အသွေး ကို ရရှိစေမှာ ဖြစ်ပါတယ်။

No comments:

Post a Comment